မိန်းကလေးတိုင်း သတိမထားဘဲ လုပ်လေ့ရှိသော အမူအကျင့်ဆိုးများ

မိန်းကလေးအများစုက အလှအပ ကို မက်မောလေ့ရှိကြပါတယ်။ အလှ အပကြောင့်ပဲ ကျန်းမာရေးနဲ့ မညီညွတ် တဲ့ အကျင့်ဆိုးတွေကို ပြုလုပ်မိတတ်ကြ ပါတယ်။ အောက်ပါအကျင့်ဆိုးတွေ သင့်မှာ ရှိနေခဲ့မယ်ဆိုရင်လည်း သတိ ထားပြီး ဖယ်ရှားဖို့ လိုပါတယ်။

ရေလုံလောက်စွာမသောက်ခြင်း
တစ်နေ့ကို ရေရှစ်ဖန်ခွက်လောက် သောက်ရမယ်ဆိုတာကို လူတိုင်းကနား လည်ထားကြပါတယ်။ ဒါပေမဲ့ လိုက် နာဖို့တော့ခက်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေဟာ အလုပ်တစ်ခုကို လုပ်နေချိန်မှာ အာရုံစူးစိုက်မှုများတတ် ကြပြီး တခြားအရာတွေကို မေ့လျော့ နေတတ်ပါတယ်။ အဲဒီအထဲမှာ ရေ သောက်ဖို့လည်း ပါဝင်နေတတ်ပါတယ်။ တချို့အမျိုးသမီးတွေဆိုရင် ရေဓာတ် တွေခန်းခြောက်ပြီး လည်ချောင်းနဲ့ အာ ခေါင်တွေခြောက်တဲ့အချိန်ကျမှ ရေ သောက်ဖို့ သတိရတတ်ကြပါတယ်။ ဒါကြောင့် ရေပုံမှန်သောက်နိုင်ဖို့ သင့် အလုပ်စားပွဲမှာ ရေဘူးတစ်ဘူး ထား ရှိပါ။

အစားအစာကို လုံလောက်စွာမစားခြင်း
အမျိုးသမီးတွေဟာ နှမြောတတ် သူ တွေဖြစ်ပါတယ်။ ထမင်းဟင်းတွေကို ဖွယ်ဖွယ်ရာရာ ချက်ပြုတ်တတ်သူတွေ ဖြစ်ပေမယ့် အိမ်သားတွေ စားပြီးလို့ မစားချင်ဘဲ ကျန်ခဲ့တဲ့ အစားအစာတွေ ကိုသာ နှမြောပြီး စားလေ့ရှိကြပါတယ်။ ဒီတော့ မျှတတဲ့ အစာစားနည်း မဟုတ် တော့ဘဲ အသီးအရွက်တစ်မျိုးတည်း စားမိတာ ဒါမှမဟုတ် ဟင်းဆိုရင်လည်း အသားမပါဘဲ ဟင်းအနှစ်တွေပဲ စားမိ စေပါတယ်။ အိမ်သားတွေ စားလိုက်လို့ ကုန်သွားရင်လည်း ကိုယ်က မစားတော့ ဘဲ တစ်နက်စာလောက်တော့ မေ့ပစ် လိုက်တတ်ကြပါတယ်။ ဒါကလည်း ကျန်းမာရေးအတွက် မကောင်းပါဘူး။

အာဟာရပြည့်ဝစွာမစားခြင်း
အသား၊ အဆီ၊ ကောက်နှံစတာ တွေ တစ်မျိုးတည်းကိုလည်း အများကြီး စားစရာမလိုသလို လုံးဝမစားဘဲနေတာ မျိုးလည်းမလုပ်သင့်ပါဘူး။ ဝမှာစိုးလို့ အစာလျှော့တယ်ဆိုပြီး ထမင်းတစ်နပ် လောက်လျှော့စားရတဲ့အပြင် အစားအ စာကိုလည်း ဟိုဟာ မစားဘူး၊ ဒီဟာက အဆီတက်မှာစိုးလို့ဆိုပြီး ထပ်ရှောင်နေ တတ်တဲ့ အမျိုးသမီးတွေရဲ့ အကျင့်က ကျန်းမာရေးကို ထိခိုက်ဖို့ ဦးတည်နေပါ တယ်။ အခုအချိန်မှာ သဘာဝအရထုတ် လုပ်ထားတဲ့ အစားအစာတွေကို ရွေး ချယ်ဝယ်ယူတတ်ဖို့ အမျိုးသမီးတွေ အနေနဲ့ အထူးလိုအပ်ပြီး ရာသီပေါ် အစားအစာတွေနဲ့ အသီးအနှံတွေကို လတ်လတ် ဆတ်ဆတ် ဝယ်ယူပြီး မျှတ စွာစားသောက်တတ်ဖို့ လိုအပ်ပါတယ်။

လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်ပြုလုပ် တတ်ခြင်း
တစ်နေ့ကို လေ့ကျင့်ခန်းပြုလုပ် ချိန်က မိနစ် ၃၀-၆၀ ထက်တော့မပို သင့်ပါဘူး။ အမျိုးသမီးအများစုဟာ ခန္ဓာကိုယ် လှပချင်ပြီး ပိန်သွယ်တာကို နှစ်သက်တတ်ကြပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းကို လိုအပ်တာထက်ပိုပြီး ပြင်းပြင်း ထန်ထန်လုပ်တတ်ကြပါတယ်။ လိုတာထက်ပိုပြီး လေ့ကျင့်ခန်းလုပ် တာကတော့ သင့်ခန္ဓာကိုယ်ကို ညှင်း ပန်းနှိပ်စက်နေသလိုပါပဲ။ ဒါကြောင့် လိုအပ်တာထက်ပိုပြီး လေ့ကျင့်ခန်း မလုပ်ပါနဲ့။

လေ့ကျင့်ခန်း လုံးဝမလုပ်ဘဲနေခြင်း
ငါကတော့ လှနေပြီးသား၊ အလေး ချိန်လျှော့ဖို့လည်းမလိုဘူးဆိုပြီး လေ့ ကျင့်ခန်းမလုပ်ဘဲနေတတ်တဲ့ အမျိုး သမီးတွေလည်းရှိပါတယ်။ လေ့ကျင့် ခန်းလုပ်တာက လှပဖို့တစ်ခုတည်းအ တွက်မဟုတ်ပါဘူး။ ကျန်းမာရေးအ တွက် လေ့ကျင့်ခန်းလုပ်တာက မဖြစ် မနေလိုအပ်နေပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်တာက တခြားရောဂါတွေ သင့် ခန္ဓာကိုယ်ထဲကို အလွယ်တကူ ဝင်ရောက် မလာအောင် တားဆီးပေးရာလည်း ရောက်ပါတယ်။ လေ့ကျင့်ရေးခန်းမတွေ ကို မသွားနိုင်ဘူးဆိုရင်တောင် စက် ဘီးစီးတာ၊ လမ်းလျှောက်တာ၊ ပြေးတာ၊ ရေကူးတာ၊ ယောဂကျင့်တာနဲ့ ကခုန် တာတွေ ပြုလုပ်ပေးနိုင်ပါတယ်။

နန်းသီရိ (ဆေးဝါး)

Post Author: Good Health Journal