မီးမလောင်ပါစေနဲ့

မီးဆိုတဲ့အရာက ပူလောင်တဲ့ သဘော၊ လောင်ကျွမ်းပျက်စီး စေတဲ့သဘောရှိတာ လူတိုင်းသိကြပါ တယ်။ မျက်စိရှေ့မှာမြင်ရတဲ့ မီးဆိုရင် တော့ လူတိုင်းက အထိတ်တလန့်နဲ့ ဒီ မီးကို ငြှိမ်းသတ်ဖို့ကြိုးစားကြမှာ အသေ အချာပါပဲ။ ဒါပေမဲ့ မမြင်ရတဲ့မီး လောင် နေတာကိုတော့ လူတိုင်းသတိမထားမိ တတ်ကြပါဘူး။ ဘယ်လို မီးမျိုးပါလိမ့်။ ဒီအတွက် အဖြေက လူတိုင်းမှာ ရှိပြီး သားပါ၊ ခေါင်းအေးအေးထားပြီး ဆင်ခြင် သုံးသပ်ကြည့်မယ်ဆိုရင် လောင်နေတဲ့ မီးကို အထင်းသားမြင်နိုင်မှာပါ။
ဒီမီးကြောင့်ပဲ ငိုလိုက်ရ၊ ရယ်လိုက် ရ၊ ပူဆွေးလိုက်ရ၊ ရွှင်မြူးလိုက်ရနဲ့ ကျ ရာဇာတ်ရုပ် သရုပ်ဆောင်ရင်း လောင် နေကြတာကို သတိကြီးကြီးထားကြည့် မှသာ မြင်နိုင်မှာပါ။ စိတ်ခံစားမှုမျိုးစုံဖြစ်စေတဲ့ မီးဟာ လူတိုင်းရဲ့ ခန္ဓာ ကြီးမှာ ကိန်းအောင်းနေပါတယ်။ ဗုဒ္ဓဘာ သာဝင်တွေဆိုရင်တော့ ကိလေသာမီးလို့ ဆိုရင် နားလည်ကြပါတယ်။ ဒီစာလေးက တရားဟောဖို့အဓိက မရည် ရွယ်ပေမယ့် လူတိုင်း နေ့စဉ်ဘဝမှာ အပူ မီးတွေငြိမ်းနိုင်သလောက် ငြှိမ်းသတ်နိုင် ဖို့၊ သတိပြုမိဖို့ ရေးတာဖြစ်ပါတယ်။
ချမ်းသာ၊ ဆင်းရဲ မရွေး နေ့စဉ်ဘဝ မှာမီးလောင်နေကြရပါတယ်။ ဒါကိုသတိ ပြုမိနိုင်ပြီး ငြှိမ်းသတ်ချင်စိတ်ဖြစ်ပေါ်မှ မီးငြှိမ်းဖို့ ကြိုးစားကြမှာပါ။ မီးမှန်း သိပေ မယ့် ငြှိမ်းသတ်ချင်တဲ့ စိတ်ဆန္ဒမရှိဘူး ဆိုရင် ဒီမီး ကဆက်ပြီး လောင်နေ အုံးမှာပါ။ ဆိုလိုတာ က ပိုးဖလံ လို ပူမှန်းသိတဲ့ မီးပုံကို တိုးနေတာမျိုး ဥပမာတွေဟာ လောကမှာ မရေမတွက် နိုင်လောက်အောင် များပြားနေပါပြီ။ အ မှားကြာတော့ အမှန်ဖြစ်ဆိုသလိုပါပဲ ဒီ မီးကိုပဲ ကောင်းတယ်၊ စွဲလမ်းတယ်၊ နှစ် သက်တယ်ဆိုတာဖြစ်လာပြီး ဒီမီးနဲ့ပဲ အသားကျနေကြတာပါ။
နေ့စဉ်ဘဝမှာ ဖြစ်ချင်စိတ်၊ လိုချင် စိတ်၊ တပ်မက်စိတ်တွေချည်းပြည့်နေ ရင် မီးလောင်နေတာနဲ့ ပမာတူပါတယ်။ ဘဝမှာတင်းတိမ်ရောင့်ရဲနိုင်မှုအားကြီး လေ ပိုပြီး စိတ်ချမ်းသာရလေပါ။ လိုချင်၊ ဖြစ်ချင်တာတွေ အားကြီးလေလေ ပိုပြီး ပူလောင်ရလေလေပါ။ ဒီစာလေးကနေ အေးချမ်းတဲ့ဘဝပိုင်ဆိုင်လိုသူတိုင်း မီး ငြိမ်းဖို့မမေ့စေဖို့ ရေးသားလိုက်ပါတယ်။

♥ ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal