မိမိအိမ်မှာ ဖော်ပြပါလူနာတွေနဲ့ ၆၅ နှစ်နဲ့အထက် အသက်ကြီးသူတွေရှိနေရင်-

နှလုံးရောဂါရှိသူ၊ ကင်ဆာရောဂါရှိသူ၊ ဆီးချိုရောဂါရှိသူ၊ သွေးတိုးရောဂါရှိသူ၊ ရင်ကျပ်နဲ့ တခြားအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါရှိသူတွေက ပြင်းထန်တဲ့ကိုဗစ်ရောဂါရရှိနိုင်ခြေ အလွန်မြင့်မားပါတယ်။
..
..

မိမိအိမ်မှာ ဖော်ပြပါလူနာတွေနဲ့ ၆၅ နှစ်နဲ့အထက် အသက်ကြီးသူတွေရှိနေရင်-

တတ်နိုင်သမျှ အိမ်ထဲမှာသာ နေထိုင်ကြဖို့ အကြံပေးချင်ပါတယ်။

♦ မဖြစ်မနေ အပြင်ထွက်ရရင် Mask တပ်ထားပါ

♦ မလိုအပ်ဘဲ စကားကြာကြာ မပြောပါနဲ့။

အိမ်ထဲမှာလည်း သူတို့တွေနဲ့စကားပြောရင် mask တပ် ပြီးမှပြောပါ။

♦♦ အရေးကြီးတဲ့အချက်က ♦♦

 

♦ မိမိပြောလက်စ လက်ကိုင်ဖုန်းနဲ့ သူတို့ကို ဖုန်းမပြောခိုင်းဖို့ပါ။

♦ တခြားသူတွေကိုလည်း မိမိဖုန်းနဲ့ အလွယ်တကူစကားမပေးပြောပါနဲ့။

♦ မိမိ ဒါမှမဟုတ် မိမိဖုန်းနဲ့စကားပြောသူမှာ ပိုးရှိနေရင် ဖုန်းမျက်နှာပြင်မှတစ်ဆင့် ပိုးကူးစက်နိုင်တာကြောင့် ဘယ်လိုအကြောင်းရှိနေပါစေ မိမိလက်ကိုင်ဖုန်းကို မိမိတစ်ဦးတည်းသာ အသုံးပြုဖို့ အကြံပေးပါရစေ။

 

ဒေါက်တာခင်မိုးမိုး 

(GoodHealth Journal)

 

Post Author: Good Health Journal