နှလုံးရောဂါရှိသူ၊ ကင်ဆာရောဂါရှိသူ၊ ဆီးချိုရောဂါရှိသူ၊ သွေးတိုးရောဂါရှိသူ၊ ရင်ကျပ်နဲ့ တခြားအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါရှိသူတွေက ပြင်းထန်တဲ့ကိုဗစ်ရောဂါရရှိနိုင်ခြေ အလွန်မြင့်မားပါတယ်။
..
..
မိမိအိမ်မှာ ဖော်ပြပါလူနာတွေနဲ့ ၆၅ နှစ်နဲ့အထက် အသက်ကြီးသူတွေရှိနေရင်-
♦ တတ်နိုင်သမျှ အိမ်ထဲမှာသာ နေထိုင်ကြဖို့ အကြံပေးချင်ပါတယ်။
♦ မဖြစ်မနေ အပြင်ထွက်ရရင် Mask တပ်ထားပါ။
♦ မလိုအပ်ဘဲ စကားကြာကြာ မပြောပါနဲ့။
♦ အိမ်ထဲမှာလည်း သူတို့တွေနဲ့စကားပြောရင် mask တပ် ပြီးမှပြောပါ။
♦♦ အရေးကြီးတဲ့အချက်က ♦♦
♦ မိမိပြောလက်စ လက်ကိုင်ဖုန်းနဲ့ သူတို့ကို ဖုန်းမပြောခိုင်းဖို့ပါ။
♦ တခြားသူတွေကိုလည်း မိမိဖုန်းနဲ့ အလွယ်တကူစကားမပေးပြောပါနဲ့။
♦ မိမိ ဒါမှမဟုတ် မိမိဖုန်းနဲ့စကားပြောသူမှာ ပိုးရှိနေရင် ဖုန်းမျက်နှာပြင်မှတစ်ဆင့် ပိုးကူးစက်နိုင်တာကြောင့် ဘယ်လိုအကြောင်းရှိနေပါစေ မိမိလက်ကိုင်ဖုန်းကို မိမိတစ်ဦးတည်းသာ အသုံးပြုဖို့ အကြံပေးပါရစေ။
ဒေါက်တာခင်မိုးမိုး
(GoodHealth Journal)