မီးလင်းသည့်ဖိနပ်အတွင်းအသုံးပြုသည့် ဓာတ်ခဲမှ ဓာတုစိမ့်ထွက်မှုကြောင့် ခြေဖ၀ါးအပူလောင်ခဲ့ရသည့်ကလေး

နယူးယောက်မြို့မှ အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး ဖြစ်တဲ့ ပေတန်ဖော့စတာက မီးလင်းတဲ့ စနိကာဖိနပ်ကို ၀တ်ထားခဲ့ပြီး ကျောင်းမှာဆော့ကစားရင်း ဖိနပ်ရေစိုခဲ့ပြီးတဲ့နောက် မီးလင်းဖိနပ်ထဲ အသုံးပြုထားတဲ့ ဘက်ထရီနဲ့ ရေထိတွေ့ရာကနေ ပြင်းထန်တဲ့ဓာတု စိမ့်ထွက်မှုဖြစ်လာစေခဲ့တာကြောင့် ခြေထောက်တွေမှာ အပူလောင်ဒဏ် ရာတွေ ဆိုးဆိုးရွားရွားဖြစ်သွားခဲ့ရတယ်လို့သိရပါတယ်။ ဖိနပ်ရဲ့ အောက်ခြေခွာဘေးဘက်နေရာမှာ မီးရောင်စုံတွေလင်းလက်နေတဲ့ ဖိနပ် ဖြစ်တာကြောင့် ပေတန်က အရမ်းနှစ်ခြိုက်ခဲ့တဲ့ဖိနပ်ဖြစ်ခဲ့ပေမယ့် မိုးရေ ထဲမှာ စီးခဲ့ပြီးတဲ့နောက် ဘက်ထရီနဲ့ရေနဲ့ထိရာကနေထွက်လာတဲ့ ဓာတု စိမ့်ထွက်ရည်ကြောင့် အသားတွေနီမြန်းသွားပြီး အပူဖုတွေထလာတဲ့အ ထိ အပူလောင်ဒဏ်ရာအခြေအနေဖြစ်သွားခဲ့ရတယ်လို့ မိခင်ဖြစ်သူရှယ် ရီက ဆိုပါတယ်။ ဖိနပ်ကြောင့် အပူလောင်ဒဏ်ရာရခဲ့တဲ့အတွက် ဆေးကု သမှုခံယူနေရပြီး ပေတန်က ဖိနပ်စီးရမှာတောင် စိုးရွံ့ထိတ်လန့်တဲ့အထိ ဖြစ်သွားခဲ့ရတယ်လို့ ရှယ်ရီက ဆိုပါတယ်။ ဖိနပ်အရောင်းဆိုင်က ဒီမီး လင်းဖိနပ်တွေက ရေစိုရင် အန္တရာယ်ရှိနိုင်တဲ့အခြေအနေကို ဖုံးကွယ် ထားခဲ့ပြီး ရောင်းချခဲ့တာကြောင့် ထိရောက်စွာအရေးယူပေးဖို့ တရားစွဲဆို သွားမယ်လို့ ရှယ်ရီက ပြောကြားခဲ့ပါတယ်။

◘ (DM, 5.7.18) သံသာ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *