Rice Coconut Hair Mask

ထမင်းအိုးပြဲ(အရမ်းပျော့)သွားလို့ ကုန်ပါပြီဆိုပြီး နှမြောနေမယ့်အစား ဒီထမင်းပြဲပြဲကိုပဲ သင့်ဆံသားအလှအပအတွက် သုံးကြည့်လိုက်ရအောင်။

လိုအပ်သည့်ပစ္စည်းများ
ထမင်း
အုန်းသီးမှုန့်
အုန်းဆီ

ပြုလုပ်နည်း
ထမင်းကို ပျော့ပြဲနေအောင် ချက်ပါ။
အဲဒီထမင်းထဲကို အုန်းသီးမှုန့် ခွက်တစ်ဝက်စာ ထည့်ပါ။
ပြီးရင် အုန်းဆီ ခွက်တစ်ခွက်စာ ပေါင်းထည့်ပါ။
အားလုံးကို မွှေတံနဲ့ သေချာမွှေပါ။
ကော်ပြဲလိုအခြေအနေဖြစ်သွားပြီဆိုရင် အသင့်အသုံးပြုလို့ ရပါပြီ။

အသုံးပြုနည်း
ရလာတဲ့အနှစ်ကို သင့်လက်နဲ့ ယူပြီး ဆံသားတွေပေါ်မှာ နှံ့စပ်အောင် လိမ်းပါ။ (အလှပြင်ဆိုင်တွေမှာ ပြုလုပ်တဲ့နည်းအတိုင်း)
ပြီးရင် ငွေပြားပတ်ကာ အုပ်လိုက်ပါ။
၄၅ မိနစ်ခန့် ထားပြီးနောက် သဘာဝခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်လိုက်ပါ။
တစ်ပတ် တစ်ကြိမ် ပေါင်းတင်နိုင်ပါတယ်။

(မှတ်ချက် ။ ။ ပိုနေတဲ့အနှစ်တွေကို အဖုံးပါပုလင်းထဲထည့်ကာ ရေခဲသေတ္တာမခဲခန်းထဲမှာ သိမ်းဆည်းနိုင်ပါတယ်)

ဆူးမြာ
Ref : 5-minutecraftsgirly.com

Post Author: Good Health Journal