မူကြိုအရွယ် ကလေးငယ်များ သိမှုဆိုင်ရာစွမ်းရည်မြင့်မားစေဖို့

♦ သိမှုဆိုင်ရာစွမ်းရည် (Cognitive Development) ဆိုတာက ကလေးငယ် ရဲ့ သင်ယူမှု၊ ကလေးငယ်ရဲ့ အသိပညာ ပေါ် အခြေခံပြီး ပတ်ဝန်းကျင်မှာ ဘယ်လို တုံ့ပြန်လဲဆိုတဲ့ အသိÓဏ်ကို ဆိုလိုပါ တယ်။ အသက်အရွယ်အလိုက် ဖွံ့ဖြိုးရ မယ့် သိမှုဆိုင်ရာစွမ်းရည်တွေ ရှိပါတယ်။ ကလေးရဲ့ သိမှုဆိုင်ရာစွမ်းရည်ဖွံ့ဖြိုးစေ ဖို့ မှတ်ဉာဏ်ကို အခြေခံတဲ့ ကစားနည်း တွေ၊ အာရုံစူးစိုက်ရတဲ့ ကစားနည်းတွေ၊ ကလေးရဲ့ အတွေးအခေါ်၊ အယူအဆ တွေကို ပုံဖော်နိုင်တဲ့ ကစားနည်းတွေက အများကြီး အထောက်အကူ ပြုနိုင်ပါတယ်။
♦ သင့်ကလေးရဲ့ သိမှုဆိုင်ရာစွမ်းရည် မြင့်တက်စေဖို့ လွယ်ကူတဲ့ ကစားနည်း (၇) နည်းကို ဖော်ပြပေးလိုက်ပါတယ်။

(၁) သီချင်းဆိုပါ
♦ ဘာကြောင့်လိုအပ်လဲ
သီချင်းတွေဆိုတာက ဝေါဟာရ ကြွယ်ဝလာစေဖို့ အထောက်အကူပြုပါ တယ်။ စာတစ်သံပေတစ်သံနဲ့ စာသင်တာ ကို ကလေးတိုင်း မနှစ်သက်ပါဘူး၊ ဒါ ကြောင့် တေးသီချင်းလေးတွေနဲ့ သီဆို ကခုန်တာက ကလေးတွေကို ပျော်ရွှင်စေ ပြီး စကားလုံးတွေကို ပိုမိုမှတ်မိလွယ်စေ ပါတယ်။ လူကြီးတွေ စိတ်ဖိစီးတဲ့အခါ သီ ချင်းနားထောင်တတ်ကြသလိုပါပဲ၊ တေး ဂီတက ကလေးငယ်တွေမှာ ဖြစ်လေ့ရှိတဲ့ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေကိုလည်း ပြေပျောက်စေနိုင်ပါတယ်။
♦ ဘယ်လိုသင်မလဲ
ကလေးနဲ့အတူ သီချင်းဆိုပါ၊ က လေးကို သင်နဲ့အတူ သီချင်းလိုက်ဆိုဖို့ အားပေးပါ။ နေအိမ်မှာရော၊ ကားနဲ့အပြင် သွားတဲ့အခါမှာရော ကလေးငယ် နှစ် သက်တဲ့ သီချင်းကို မကြာခဏ ဖွင့်ပေးပြီး ကလေးနဲ့အတူ သီချင်းသီဆိုပါ။ သီချင်း ထဲက အမူအရာလေးတွေအတိုင်း က လေးနဲ့အတူ လိုက်တုရင်း ကခုန်ပါ။

(၂) အသံတွေကိုရှင်းပြပါ
♦ ဘာကြောင့်လိုအပ်လဲ
အသံတွေကို ခွဲခြားပြီးသိတာက ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ်ဆို တာကို အသံကြားရုံနဲ့ အကဲခတ်နိုင်စေပါ တယ်။ ဒါဟာ ဘဝတစ်သက်တာမှာ ကိုယ်တိုင်ရဲ့ လုံခြုံရေးအတွက်လည်း လိုအပ်သလို၊ ပတ်ဝန်းကျင်ရဲ့ အခြေအနေ အရပ်ရပ်ကို သုံးသပ်စေနိုင်ပါတယ်။
♦ ဘယ်လိုသင်မလဲ
ကလေးငယ်က တစ်နေ့တာမှာ သူ ကြားတဲ့အသံတွေအကြောင်း သင့်ကို ပြန်ပြောပြတတ်နေပါပြီလား။ လေယာဉ် ပျံကြီးအသံကြားရင်၊ မီးသတ်ကားသံ ကြားရင်၊ ရဲကားသံကြားရင် သူ သတိ ထားမိနေပါပြီလား။ အသံတစ်ခုကြားရင် ဘာအသံလဲလို့ ကလေးနဲ့အတူ အဖြေရှာ ပါ။ ကလေးဟာ အရာဝတ္ထုတွေနဲ့ သူတို့ က ထွက်လာတဲ့အသံကို တွဲပြီးမှတ်မိ နေစေပါတယ်။

(၃) အက္ခရာတွေသင်ပေးပါ
♦ ဘာကြောင့်လိုအပ်လဲ
အက္ခရာတွေသင်ပေးတာက စာ ရေးတတ်၊ ဖတ်တတ်ဖို့ အခြေခံ အုတ်မြစ် ဖြစ်ပါတယ်။ စာရေးတတ်ဖတ်တတ်မှ အ ရွယ်ရောက်တဲ့အခါ ပိုမိုခက်ခဲနက်နဲတဲ့ ပညာရပ်တွေကို ကောင်းစွာဆက်လက် လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။
♦ ဘယ်လိုသင်မလဲ
အင်္ဂလိပ် အက္ခရာရော၊ မြန်မာ အ က္ခရာတွေရော သင်ပေးနိုင်တဲ့နည်းလမ်း တွေ အများကြီး ရှိပါတယ်။ မူကြို အရွယ် ကလေးငယ်တွေအနေနဲ့ အက္ခရာ အစဉ် လိုက် အကုန်လုံးကို မှတ်မိနိုင်ဖို့ကတော့ ခက်ပါသေးတယ်။ အက္ခရာစာလုံးတွေ အပေါ်မှာ လက်နဲ့ထပ်ဆွဲခိုင်းတာ၊ အက္ခ ရာ ပုံစံခွက်ထဲမှာ မှန်အောင်ထည့်တာ၊ အက္ခရာတစ်လုံးချင်းစီကို စက္ကူအိမ် နေရာအနှံ့မှာ လိုက်ကပ်ပြီး ကလေးနဲ့ အတူလိုက်ရှာတာမျိုး ကစားနိုင်ပါတယ်။

(၄) ရေတွက်တာသင်ပေးပါ
♦ ဘာကြောင့်လိုအပ်လဲ
ရေတွက်တာကို ကလေးငယ်က နား လည်မှ အရွယ်ရောက်တဲ့အခါ သင်္ချာသဘောတရားနားလည်ပြီး စာရင်းအင်း Statistics တွက်ချက်တာ၊ အရှုံးအမြတ် တွက်ချက်တာ၊ ငွေကြေးစီမံခန့်ခွဲမှုပညာ စတဲ့ လူ့လောကီအကျိုးစီးပွားမှာ အသုံးဝင် တဲ့ ပညာတွေကို ဆက်လက်သင်ယူနိုင်မှာပါ။
♦ ဘယ်လိုသင်မလဲ
ကလေးငယ်တွေကို အချိန်သီးသန့် နဲ့ ရေတွက်တာသင်ပေးဖို့က ခက်နိုင်ပါ တယ်။ ဒီတော့ တစ်နေ့တာမှာ အခွင့်ရရင် ရသလို ရေတွက်ပြရမှာပါ။ ကလေးအနီး ပတ်ဝန်းကျင်မှာရှိတဲ့အရာတွေ အကုန် လုံးကို အမျိုးအစားတူတာတွေ သတိ ထားမိတိုင်း ကလေးနဲ့အတူ ရေတွက်ပြ ပါ။ ဥပမာ ကလေးဖိနပ်စီးတဲ့အခါ က လေးမှာရှိတဲ့ဖိနပ်တွေကို ရေတွက်တာ၊ ကလေးကစားကွင်းသွားရင် ကစားကွင်း မှာရှိတဲ့ လျှောတွေ၊ ဒန်းတွေ စတာတွေကို လည်း ရေတွက်တာ လုပ်နိုင်ပါတယ်။

(၅) ပုံသဏ္ဌာန်နဲ့အရောင်တွေသင်ပေးပါ
♦ ဘာကြောင့်လိုအပ်လဲ
ကမ္ဘာလောကကြီးရဲ့ နေရာတိုင်းမှာ အရောင်အသွေး စုံစုံလင်လင်နဲ့ ပုံသဏ္ဌာန် မျိုးစုံရှိနေတာမို့ ဒါတွေကို ခွဲခြားပြနိုင်ဖို့ လိုပါတယ်။ ကိုယ်ဘယ်နေရာ ရောက်နေ တယ်၊ ဘယ်နားမှာဆိုတာ ပြောနိုင်ဖို့၊ လမ်းရဲ့ Direction သိနိုင်ဖို့ လိုပါတယ်။ နောက်ပြီး အရောင်တွေက လူသားတွေရဲ့ ကျန်းမာရေးနဲ့ အန္တရာယ်အဆင့် သတ်မှတ်တဲ့အခါမှာလည်း အသုံးဝင်ပါ တယ်။ နှုတ်ခမ်းတွေပြာနေရင်၊ ဖြူဖျော့ နေရင်၊ အနီစက်တွေ ထွက်နေရင် စသဖြင့် အရောင်တွေက ကျန်းမာရေးအခြေအနေ ကို ဖော်ပြနိုင်ပါတယ်။ အန္တရာယ်ရှိတယ် ဆိုရင် အနီရောင်အသုံးများကြတာ၊ မီးပ္ပိုင့်မှာ ဝါ၊ စိမ်း၊ လိမ္မော် အရောင်ခွဲထား ပြီး အသုံးပြုတာ စတာတွေခွဲခြားသိနိုင်ဖို့ လိုပါတယ်။
♦ ဘယ်လိုသင်မလဲ
ပုံသဏ္ဌာန်နဲ့အရောင်တွေကိုလည်း ကလေးငယ်နဲ့ ရင်းနှီးမှုရှိအောင်၊ မှတ်မိ သွားအောင် မကြာခဏ ပြောပြပေးဖို့ လို ပါတယ်။

(၆) ကလေးငယ်ကိုရွေးချယ်ခွင့်ပြုပါ
♦ ဘာကြောင့်လိုအပ်လဲ
လူကြီးအတော်များများက ကလေး ငယ်အတွက် ခေါင်းစခြေဆုံး ပြင်ဆင်ပေး ရင်း နောက်ပိုင်းမှာလည်း ကိုယ်တိုင်ပဲ ပြင်ဆင်ပေးမိသွားတတ်ကြပါတယ်။ တကယ် တော့ ကလေးငယ်ကို ရွေးချယ်ခွင့်ပေး တာက ကလေးငယ်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုတိုးလာစေပါတယ်။ ရွေးချယ် ခွင့်ပေးတာက မှီခိုလိုစိတ်ကင်းစေပြီး ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ ဆုံးဖြတ် နိုင်စွမ်းရှိစေပါတယ်။
♦ ဘယ်လိုသင်မလဲ
ကလေးအတွက် အဝတ်အစား ဆင်ပေးတဲ့အခါ ဘယ်အဝတ် ဝတ်ချင် လဲ၊ ဘာအရောင်ဝတ်ချင်လဲ စသဖြင့် အဝတ်တွေပြပြီး ရွေးချယ်ခွင့်ပေးပါ။ ကလေးအတွက် စားစရာ ပြင်ဆင်တဲ့အခါ မှာလည်း သင်ပြင်ဆင်ချက်ပြုတ်နိုင်တဲ့ မီနူးနှစ်မျိုးလောက်ထဲက တစ်ခုကို ရွေး ချယ်ခိုင်းပါ။ နှစ်မျိုး၊ အလွန်ဆုံး သုံးမျိုးထဲ ကပဲ ရွေးချယ်ခိုင်းပါ။ ရွေးချယ်စရာအရမ်း များရင် ကလေးငယ်အတွက် စိတ်ဖိစီးမှု ဖြစ်စေပါတယ်။

(၇) ကလေးငယ်ကိုမေးခွန်းတွေမေးပါ
♦ ဘာကြောင့်လိုအပ်လဲ
ကလေးငယ်ကို အစစအရာရာ သင် ကိုယ်တိုင် ပြောပြပေးနေဖို့ မဟုတ်ပါဘူး။ ကလေးငယ်တွေမှာ ကိုယ်ပိုင်စိတ်ကူး စိတ်သန်းတွေ၊ ကိုယ်ပိုင်စိတ်ခံစားချက် တွေ ရှိကြပါတယ်။ မေးခွန်းတွေ မေးပေး ပြီး ကလေးငယ်ပြောပြတာကို စိတ်ဝင်တစား နားထောင်ပေးတာပါ၊ ကလေးငယ်တွေ သူတို့ရဲ့ စိတ်ခံစားချက်တွေကို ပိုပြီး ထုတ်ဖော်ပြတတ်လာပါမယ်။ ဆင်ခြင် တွေးခေါ်နိုင်စွမ်း ကြီးမားလာစေပါတယ်။
♦ ဘယ်လိုသင်ပေးမလဲ
တစ်နေ့တာမှာ ကလေးနဲ့အတူ လုပ်ဆောင်တဲ့အရာတိုင်းမှာ မေးခွန်းတွေ မေးနိုင်ပါတယ်။ ဥပမာ- လှေကားဆင်း တဲ့အခါ ဘာကြောင့် နှေးနှေးဆင်းရတာ လဲလို့ မေးနိုင်ပါတယ်။ လုပ်ဆောင်တဲ့ အရာတိုင်းကိုတော့ တစ်ခုမကျန်လိုက်ပြီး မမေးပါနဲ့။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal