မကြာခဏ ခေါင်းကိုက်တတ်သူတို့အတွက် အလွယ်နည်းလမ်းများ

ခေါင်းကိုက်တာကို မကြာခဏ ခံစား ရတာကြောင့် စိတ်ဖိစီးမှုဖြစ်တာ၊ စိတ် အလိုမကျမှုဖြစ်တာတွေ ဖြစ်နိုင်လို့ အမှန် တကယ် အသုံးဝင်တဲ့ အလွယ်နည်းလမ်း တွေကို ရေးသားလိုက်ပါတယ်။

♥ နှိပ်နယ်ပေးပါ
ဦးခေါင်း၊ ဇက်နဲ့ မျက်လုံးတစ်ဝိုက် ကို ညင်သာစွာ နှိပ်နယ်ပေးတာကြောင့် ကြွက်သားတွေနဲ့ အာရုံကြောတွေကို ပြေ လျော့စေပါတယ်။ သွေးလှည့်ပတ်မှု ကောင်းပြီး ခေါင်းကိုက်တာ သက်သာ စေပါတယ်။ နှိပ်နယ်ပေးတဲ့ နည်းလမ်းက ရောဂါကုသတဲ့နည်းလမ်း မဟုတ်ပေမယ့် သင် ခံစားနေရတဲ့ ခေါင်းကိုက်ဝေဒနာကို လတ်တလောသက်သာစေပါတယ်။

♥ ၀မ်းမချုပ်ပါစေနှင့်
ဝမ်းချုပ်တာကလည်း ခေါင်းကိုက် စေတဲ့ အကြောင်းတစ်ချက်ပါ။ ၀မ်းချုပ် တာကြောင့် ခန္ဓာကိုယ်တွင်းမှာ အဆိပ်အ တောက်တွေ စုနေပြီး ခေါင်းကိုက်တာကို ဖြစ်စေပါတယ်။ ၀မ်းမချုပ်အောင် ရေများ များသောက်ပါ။ အမျှင်ဓာတ်များများ ပါဝင်အောင် စားပါ။ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ပါ။

♥ ဗီတာမင် မချို့တဲ့ပါစေနှင့်
သင့်ခန္ဓာကိုယ်တွင်းမှာ ဗီတာမင် ဓာတ်တွေ ချို့တဲ့နေပါက ခေါင်းကိုက်တာ ဖြစ်တတ်ပါတယ်။ သင့်ပတ်ဝန်းကျင်က ညစ်ညမ်းမှုတွေများနေတဲ့အခါ ခန္ဓာ ကိုယ်တွင်းမှ ဗီတာမင်တွေကို ပိုမိုအသုံး ပြုရတတ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ် အတွက် နေ့စဉ်လိုအပ်တဲ့ ဗီတာမင် ဘီ၊ စီ၊ အီး ရရှိဖို့ လိုအပ်ပါတယ်။ ဗီတာမင် တွေကို သဘာဝကနေ အများဆုံးရရှိ အောင် အရောင်စုံသီးနှံတွေကို စားသုံး ပေးပါ။

♥ စိတ်ဖိစီးမှုများ လျှော့ချပါ
စိတ်ဖိစီးမှုတွေ များတဲ့အခါ ခေါင်း ကိုက်တတ်ပါတယ်။ ခေါင်းကိုက်သက် သာစေဖို့ စိတ်ဖိစီးမှုတွေကို လျှော့ချရာမှာ အသက်ရှူ လေ့ကျင့်ခန်းလုပ်ပေးတာက အကောင်းဆုံးပါ။ အသက်ကို ဖြည်း ဖြည်းနဲ့ ရှိုက်ပြီး ရှူပါ၊ ခဏလောက်နေ ပြီးမှ ဖြည်းဖြည်းချင်း ပြန်ရှူထုတ်ပါ။ အသက်ရှူလေ့ကျင့်ခန်းက အာရုံကြော တွေနဲ့ အတွင်းဂလင်းတွေရဲ့ ဆောင်ရွက် မှုတွေကို ကောင်းမွန်စေပြီး အာရုံကြော နဲ့ ဟော်မုန်းတွေ မညီမမျှဖြစ်မှုကြောင့် ခေါင်းကိုက်တာကနေ သက်သာစေပါ တယ်။

♥ စိတ်ထိခိုက်ခံစားရမှုများကို ဖြေဖျောက်ပါ
စိတ်ထိခိုက်ခံစားရတဲ့အခါမျိုးမှာ လည်း ခေါင်းကိုက်တာကို ခံစားရတတ်ပါ တယ်။ စိတ်ထိခိုက်ခံစားနေရသူအတွက် လည်း အသက်ရှူလေ့ကျင့်ခန်းက ခေါင်း ကိုက်ဝေဒနာကို အမြန်ဆုံးသက်သာ ပျောက်ကင်းစေပါတယ်။ အသက်ရှူလေ့ ကျင့်ခန်းပြုလုပ်တာက ကြွက်သားနဲ့ အာ ရုံကြောတွေကို ပြေလျော့စေတာကြောင့် ခေါင်းကိုက်တာကို အမြန်ဆုံး သက်သာ ပျောက်ကင်းစေပါတယ်။

♥ တရားထိုင်ပါ
တရားထိုင်တာက စိတ်နဲ့ ခန္ဓာကိုယ် ကို အနားရစေတာကြောင့် ကြွက်သား တွေနဲ့ အာရုံကြောတွေကို ပြေလျော့စေ ပြီး ခေါင်းကိုက်တာကို သက်သာစေပါ တယ်။ ပုံမှန်တရားထိုင်တာက စူးစိုက် အားကို ကောင်းစေပြီး စိတ်ကို ကြည်လင် စေတဲ့အပြင် ခန္ဓာကိုယ်ပါ ပေါ့ပါးလန်း ဆန်းသွားစေပါတယ်။

♥ေ ရေသာက္ပါ
ခေါင်းကိုက်နေပါသလား။ ရေ သောက်လိုက်ပါ။ ခေါင်းကိုက်တာ သက် သာသွားပါလိမ့်မယ်။ ရေသောက်ရုံနဲ့ ခေါင်းကိုက်တာ သက်သာသွားနိုင်တယ် ဆိုလို့ သိပ်အံ့သြနေပါသလား။ တစ်ခါ တစ်ရံ ခန္ဓာကိုယ်မှာ ရေဓာတ်လိုအပ်လို့ ခေါင်းကိုက်တာမျိုးလည်း ရှိတတ်တာ ကြောင့် ရေသောက်လိုက်တဲ့အခါ ခေါင်း ကိုက်တာ သက်သာနိုင်ပါတယ်။

♥ အစားအသောက် တစ်ခုခုစားပါ
တချို့တွေက ဗိုက်ဆာတဲ့အခါ ခေါင်းကိုက်တာကို ခံစားရတတ်ပါတယ်။ အိပ်ရာထနောက်ကျလို့၊ ကျောင်းနောက် ကျလို့၊ အလုပ်နောက်ကျလို့ မနက်စာ မစားမိတဲ့အခါမျိုးမှာ ခေါင်းကိုက်ခဲ့ရင် အစာတစ်ခုခုကို စားလိုက်ပါက ခေါင်း ကိုက်သက်သာနိုင်ပါတယ်။ အဆင်သင့် စားလို့ရတဲ့ အစာတွေက ခေါင်းကိုက်တာ ကို ပိုဆိုးစေနိုင်ပါတယ်။ အရည်ရွှမ်းတဲ့ သစ်သီးတွေ စားပေးပါ။

♥ လတ်ဆတ်သန့်ရှင်းသော လေကို ရှူပါ
ပူလောင်အိုက်စက်နေတဲ့ သင့်အိမ် တွင်းက လေတွေကို ရှူရှိုက်ရတာကြောင့် လည်း ခေါင်းကိုက်တတ်ပါတယ်။ အိမ်အ ပြင်ထွက်ပြီး လေကောင်းလေသန့်ရနိုင် တဲ့နေရာတွေကို လမ်းလျှောက်ကာ လေ ကို တ၀ကြီး ရှူရှိုက်ပါ။ ခေါင်းကိုက်တာ သက်သာသွားပါလိမ့်မယ်။

♥ ခဏ အနားယူပါ
ခေါင်းကိုက်နေရင် လုပ်လက်စအ လုပ်တွေကို ခဏလောက်နားပြီး မျက်လုံး မှတ်ကာ စိတ်ကို ဖြေလျှော့ထားလိုက်ပါ။ အသက်ကို ၀၀ရှူသွင်း၊ ရှူထုတ်လုပ်ပါ။ ပျော်ရွှင်ဖွယ်နေရာတွေကို အတွေးမှာ ပုံဖော်ပါ။

◘ နန်းသီရိ (ဆေးဝါး)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *