Royal Princess ဖက်ရှင်

Princess လို့ကြားတာနဲ့ ငယ်ငယ်ကတည်းက ကာတွန်းရုပ်ရှင်တွေထဲက ဂါဝန်ကြီးတွေဝတ်ပြီး သရဖူဆောင်းထားတဲ့ မင်းသမီးတွေကို ပြေးမြင်မိမှာပါ။ ဒီနေ့ လက်ရှိခေတ်မှာတော့ Princess တွေက အမြဲတမ်း gowns တွေပဲဝတ်ပြီး သရဖူ အမြဲဆောင်းထားတာမျိုးမဟုတ်တော့ပါဘူး။ တော်ဝင်မိသားစုဝင်တွေကို ကြည့်လိုက်ရင် ရုပ်ချောတာ၊ မချောတာ၊ ခန္ဓာကိုယ်လှတာ၊ မလှတာထက် ကျက်သရေရှိတဲ့ ပုံရိပ်အသွင်ကတော့ ရှိနေပါတယ်။ မိတ်ကပ်တွေအထူကြီးလိမ်းခြယ်ထားတာမျိုးလည်း မဟုတ်ဘဲ ရိုးရိုးရှင်းရှင်းနဲ့ လှနေတာမျိုးပါ။ ဒီတစ်ပတ်မှာ လေဒီတို့အတွက် လှပကျော့ရှင်းတဲ့ Royal Princess ဖက်ရှင် Rules တွေကို ရေးပေးလိုက်ပါတယ်။ 

Princess’s Fashion Rules
Royal Princess တွေက ဘယ်တော့မှ လည်ပင်းဟိုက်တဲ့ အင်္ကျီတွေနဲ့ အရမ်းတိုတဲ့ ဂါဝန်၊ စကတ်၊ ဘောင်းဘီတွေကို အပြင်သွားတဲ့အခါ မဝတ်ကြပါဘူး။

 Royal Princess တွေဖြစ်လို့ ရှေးဟောင်း ဒိတ်အောက်အဝတ်အစားပုံစံတွေ၊ အရောင်မှိုင်းမှိုင်းတွေ ဝတ်ဆင်ရမယ်ထင်ရင်လည်း မှားပါအုံးမယ်။ သူတို့က အရောင်တောက်တောက်တွေ ဝတ်ဆင်ကြပါတယ်။

 အရောင်ရွေးခြယ်တဲ့နေရာမှာ အကန့်အသတ်မရှိပါဘူး။ အရမ်းတောက်တဲ့ အရောင်တွေလည်း ဝတ်ခွင့်ရှိပါတယ်။ ဥပမာဆိုရင် ဘုရင်မကြီး အယ်လီဇဘက်က အရောင်တောက်တောက်လှလှတွေနဲ့ အမြဲတမ်း လန်းနေသူပါ။

 အရောင်တစ်ရောင်တည်းကို အထက်၊ အောက် ဝတ်ဆင်တာများပါတယ်။ ဒါပေမယ့် ရှုပ်ယှက်ခတ်နေတဲ့ ဒီဇိုင်း၊ အဆင်၊ အပွင့်အခက်ကြီးတွေပါတာမျိုးတော့ မဝတ်ဆင်ကြပါဘူး။ Pattern ယဉ်ယဉ်လေးနဲ့ စိပ်တာတွေကို အဝတ်များပါတယ်။

 Dresses ပုံစံ ရွေးချယ်တဲ့နေရာမှာ ဒူးဖုံး ဒါမှမဟုတ် ဒူးအထက်လောက်ရှည်တဲ့ Dresses မျိုး ဝတ်ဆင်ပါ။ လည်ပင်း မဟိုက်တာကို ရွေးပါ။

 အင်္ကျီလက်ပြတ် ဝတ်ဆင်တာ နည်းပါတယ်။ လက်တို၊ လက်စက၊ လက်ရှည်တွေကို ဦးစားပေး ရွေးချယ်ဝတ်ဆင်ပါ။

 Royal Princess တွေက Formal Suits တွေ အဝတ်များပါတယ်။ ပွဲလမ်းသဘင်တွေ အတော်များများ တက်ရောက်ရတာလည်းဖြစ်တော့ Formal Suits တွေက သူတို့အတွက် မရှိမဖြစ် ဖက်ရှင်တစ်မျိုး ဖြစ်ပါတယ်။

 Classic Pair of Pumps ဖြစ်တဲ့ ထပ်ပိတ်အချွန် လေဒီရှုးဖိနပ်တွေက Royal Princess တွေ အတော်များများ အမြဲစီးလေ့ရှိတဲ့ ဖိနပ်ဖြစ်ပါတယ်။ ဖိနပ် အရောင်ကို အဝတ်အစားနဲ့သော်လည်းကောင်း ကိုင်မယ့်ပိုက်ဆံအိတ်အရောင်နဲ့သော်လည်းကောင်း တွဲဖက်ဆင်ယင်လေ့ရှိပါတယ်။

 Royal Princess တွေက လက်သည်းအရောင် ဆိုးခွင့် မရှိပါဘူး။ လက်သည်းကိုလည်း အရှည်မထားကြပါဘူး။

 ဝတ်စုံနဲ့ လိုက်ဖက်တဲ့ ဦးထုပ်ပုံစံမျိုးစုံ ကလည်း Royal Princess တွေအတွက် မရှိမဖြစ်တဲ့ accessory တစ်မျိုးအနေနဲ့ ပါဝင်နေတတ်ပါတယ်။

 အဝတ်အစားနဲ့ အရောင်ဆင်တူတဲ့ လက်အိတ်ကိုလည်း occastional အလိုက် ဝတ်ဆင်လေ့ရှိပါတယ်။ Boots တွေ၊ Scarfs တွေကိုလည်း ထိုနည်း လည်းကောင်း ဝတ်ဆင်လေ့ရှိပါတယ်။

 Darliko (Mahidol University) 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *