မမျိုးပွားအင်္ဂါစနစ်မှာ ဘာတွေပါလဲ

♦ မမျိုးပွားအင်္ဂါမှာ အပြင်ဘက်အကျ ဆုံးအပိုင်းကတော့ အမျိုးသမီးအင်္ဂါ ဇာတ်လို့ခေါ်ကြတဲ့ Vulva ပါ။ ပေါင် ကြားမှာရှိပြီးကိုယ်တွင်းရှိ မမျိုးပွားအင်္ဂါ တွေနဲ့ သားမွေးလမ်းကြောင်း ယောနိ (Vagina) အပေါက်ဝကို ဖုံးကာပေးထား ပါတယ်။ ယောနိဝထိပ် အပေါ်နားက အသားဆိုင်ကိုတော့ ဆီးခုံ(Manis Pubis) လို့ခေါ်ပါတယ်။ ယောနိဝပတ် လည်ရှိ အသားဖတ်နှစ်စုံကို နှုတ်ခမ်း ကြီးနဲ့ နှုတ်ခမ်းငယ် (Labia) လို့ခေါ်ပါ တယ်။ အမျိုးသမီးအင်္ဂါဇာတ်အပေါ် နားက နှုတ်ခမ်းကြီးနဲ့နှုတ်ခမ်းငယ်တို့ နှစ်ဖက်ဆုံရာနေရာရှိ အာရုံခံစားတဲ့ အင်္ဂါ အစေ့သေးသေးလေးကိုတော့ အမျိုး သမီးအင်္ဂါစေ့ငယ် (Clitoris)လို့ခေါ်ပါ တယ်။ နှုတ်ခမ်းနှစ်ဖက်ကြားမှာဆီးသွားရာဆီးထွက်ပေါက်နဲ့ ယောနိဝတို့ရှိနေပါ တယ်။ မိန်းကလေးတွေ အပျိုဖော်ဝင်တဲ့ အခါ နှုတ်ခမ်းကြီးနဲ့ ဆီးခုံပေါ် အမွေး တွေပေါက်လာတတ်ပါတယ်။ အတွင်း ဘက်ရှိ မမျိုးပွားအင်္ဂါတွေကတော့ ယောနိ (Vagina)၊ သားအိမ် (Uterus)၊ သားဥ ပြွန်(Fallopian Tube) နဲ့ သားဥအိမ် (Ovary) တို့ပဲဖြစ်ပါတယ်။

♦ ယောနိဆိုတာ ယောနိဝကနေသား အိမ်ထိ ဆက်ပေးထားတဲ့ ပြွန်လမ်း ကြောင်းတစ်ခုပါ။ ကြွက်သားနံရံတွေနဲ့ ပြုလုပ်ထားလို့ ကျုံ့နိုင်ဆန့်နိုင်ပါတယ်။ ဒါကြောင့်လည်း ဓမ္မတာလာတဲ့အခါမှာ သုံးတဲ့ ဂွမ်းတောင့်လေးကအစ မွေးကင်း စကလေးအဆုံး ယောနိမှာဆံ့ပါတယ်။ ယောနိရဲ့ကြွက်သားနံရံတွေမှာ Mucous အလွှာရှိလို့ ယောနိကိုစွတ်စိုချောမွေ့နေစေပါတယ်။ ယောနိမှာ လုပ်ငန်းတာဝန်သုံး ခုရှိပါတယ်။ တစ်လတစ်ခါ ဓမ္မတာရာသီ လာတဲ့အခါမှာ ဓမ္မတာသွေးဆင်းဖို့ရယ်၊ လိင်ဆက်ဆံတဲ့အခါမှာရယ်နဲ့ ကလေး မွေးတဲ့အခါမှာ ကလေးထွက်လာတဲ့ မွေး လမ်းကြောင်းအဖြစ်ရယ် အသုံးပြုရပါတယ်။

♦ အပျိုမြှေး (Hymen) ဆိုတာက တော့ အရေပြားလိုတစ်သျှူးပါးပါးလေး ဖြစ်ပြီး ယောနိဝကို တစ်စိတ်တစ်ပိုင်း ကာထားပေးပါတယ်။ အမျိုးသမီးတစ် ယောက်နဲ့တစ်ယောက် အပျိုမြှေးရှိပုံချင်း မတူပါဘူး။ အမျိုးသမီးအများစုက ပထမ ဆုံးအကြိမ် လိင်ဆက်ဆံတဲ့အခါမှာ အပျိုမြှေးပြဲတတ်၊ ပေါက်တတ်လို့ သွေး နည်းနည်းထွက်တတ်ပြီး နာတတ်စပ် တတ်ပါတယ်။ တချို့အမျိုးသမီးတွေမှာ တော့ လိင်ဆက်ဆံပြီးတာတောင်မှ အပျို မြှေးမှာ ပြောင်းလဲမှုမရှိတတ်ပါဘူး။ တချို့မှာဆိုရင်လည်း လိင်မဆက်ဆံခင် အပျိုစင်ဘဝကတည်းက အပျိုမြှေးပြဲ နေတာမျိုး ရှိနေတတ်ပါတယ်။

♦ ယောနိနဲ့သားအိမ်ကြားမှာ သား အိမ်လည်တံ (Cervix) ဆိုတာရှိပါတယ်။ သားအိမ်လည်တံရဲ့ နံရံတွေကထူပါ တယ်။ သားအိမ်လည်တံအပေါက်ဝက အရမ်းသေးပြီး အအေးစုပ်ပိုက်အဝ လောက်သာကျယ်ပါတယ်။ ဒါပေမဲ့ က လေးမွေးချိန်မှာတော့ ကလေးတစ်ယောက် ထွက်လာနိုင်လောက်တဲ့အထိကိုကျယ်လာပါတယ်။

♦ သားအိမ်(Uterus) ကတော့ သစ် တော်သီးဇောက်ထိုးပုံဖြစ်ပြီး ကြွက်သားနံရံထူထူနဲ့ ကာရံထားပါတယ်။ အမျိုးသမီး ကိုယ်ခန္ဓာမှာအသန်မာဆုံး ကြွက်သား တွေလို့တောင် ပြောလို့ရပါတယ်။

♦ ဒီကြွက်သားတွေကလည်း ချဲ့နိုင်ချုံ့ နိုင်လို့ သန္ဓေသားလေး အရွယ်ကြီးလာ တာနဲ့အမျှ သားအိမ်ကိုပါ ချဲ့ပေးပါတယ်။ မီးဖွားချိန်မှာလည်း သန္ဓေသားလေး အပြင်ရောက်အောင် တွန်းထုတ်ပေးပါ တယ်။ ကိုယ်ဝန်မဆောင်ဘဲ ပုံမှန်အချိန် မှာဆိုရင် သားအိမ်ကအရှည် ၃ လက်မ၊ အကျယ် ၂ လက်မသာရှိပါတယ်။

♦ သားအိမ်အပေါ်ထောင့် တစ်ဖက်ဆီမှာသားဥပြွန်(င်္Fallopian Tube)တွေက သားအိမ်နဲ့ သားဥအိမ်(Ovary)တွေကိုဆက်ပေးထားပါတယ်။ သားဥ အိမ်ဆိုတာ ဘဲဥပုံအင်္ဂါသေးသေးလေး နှစ်ခုဖြစ်ပြီး သားအိမ်ရဲ့အပေါ်ဘယ်၊ ညာ နှစ်ထောင့်မှာရှိနေပါတယ်။ သားဥအိမ် လေးတွေက မျိုးပွားရာမှာအရေးပါတဲ့ သားဥလေးတွေကို ထုတ်ပေး၊ စုဆောင်း ပေးကာ တစ်လတစ်ခါ သားဥကြွေချိန်မှာ သားဥပြွန်ထဲ ကြွေချပေးပါတယ်။ သားဥ ပြွန်လေးတွေက အပ်လောက်လေးပဲ ကျယ်ပြီးသားဥအိမ်ကကြွေကျလာတဲ့ သားဥလေးတွေကို သားအိမ်ထဲရောက် အောင် ပို့ဆောင်ပေးပါတယ်။

♦ သားဥအိမ်လေးတွေကအီစထရို ဂျင်နဲ့ ပရိုဂျက်စတုန်းလိုအမျိုးသမီးလိင် ဟော်မုန်းထုတ်ပေးလို့ Endocrine စနစ်မှာလည်း ပါဝင်နေတဲ့ အင်္ဂါအစိတ် အပိုင်းပဲဖြစ်ပါတယ်။

ဒေါက်တာနုမြတ်သိင်္ဂီဦး

Post Author: Good Health Journal