ဓမ္မတာနှင့်ပတ်သက်ပြီး ဆရာဝန်ကို မေးချင်နေမည့် မေးခွန်းများ

အမျိုးသမီးတွေအနေနဲ့ လစဉ်ဓမ္မ တာလာတာကို စိတ်ညစ်စရာလို့ ထင်နေ ကြပါတယ်။ လစဉ်လာရမယ့်ရက်ရောက် လို့ ဓမ္မတာသွေးမပေါ်ရင် ဒါမှမဟုတ် လာရမယ့်ရက်ထက်စောပြီး ဓမ္မတာသွေး ပေါ်နေရင် ပြဿနာတစ်ခုခုများဖြစ်နေ မလားဆိုပြီး စိုးရိမ်ကြောင့်ကြတတ်ကြပါ တယ်။ ဒါကြောင့် ဓမ္မတာနဲ့ပတ်သက်ပြီး ဆရာဝန်ကို မေးသင့် မမေးသင့် ချိန်ဆ နေတတ်တဲ့ မေးခွန်းတွေကို ဖော်ပြပေး လိုက်ပါတယ်။

၁။ ဓမ္မတာလာရမယ့်ရက်မှာ ပုံမှန်ဓမ္မတာ သွေးမပေါ်တာက စိုးရိမ်စရာရှိပါသလား?
စိုးရိမ်စရာမရှိပါဘူး။ ပုံမှန်အားဖြင့် ဓမ္မတာစက်ဝန်းက ၂၁-၃၅ ရက်ကြား မှာ ရှိတဲ့အတွက် ဒီရက်အတွင်းမှာ ဓမ္မ တာလာမယ်ဆိုရင် ပုံမှန်လို့ ယူဆရပါ တယ်။ တချို့လတွေမှာ စောပြီး သွေးပေါ် နိုင်သလို တချို့လတွေမှာ နောက်ကျပြီး မှ ဓမ္မတာသွေးပေါ်တတ်ပါတယ်။ ဓမ္မတာ ရက်ကြာချိန်ကလည်း ၂-၇ ရက်အတွင်း ရှိနိုင်တာမို့ တစ်ပတ်လောက် ဓမ္မတာ သွေးပေါ်ခဲ့ရင်လည်း စိုးရိမ်စရာမရှိပါဘူး။

၂။ ဓမ္မတာသွေးပေါ်တာနဲ့ ဘောင်းဘီမှာ သွေးစွန်းတာ ဘယ်လိုကွာခြားပါသလဲ?
ဒီနှစ်ခုကို သွေးအရောင်နဲ့ပဲ ခွဲခြား ပါတယ်။ ဓမ္မတာသွေးက အနီရောင် တောက်တောက်ဖြစ်ပြီး ချွဲတွေပါဝင်ပါ တယ်။ သွေးစွန်းတာကတော့ အညို ရောင်နုနုလေးသာဖြစ်ပါတယ်။ သွေးစွန်း တာဟာ များသောအားဖြင့် ဓမ္မတာ စက် ၀န်းတစ်ခုနဲ့တစ်ခုကြားမှာ ဖြစ်ပေါ်တတ် ပြီး အန္တရာယ်မရှိပါဘူး။ အဲဒီအချိန်ဟာ မ မျိုးဥကြွေတဲ့အချိန်ဖြစ်ပြီး ခန္ဓာကိုယ် အတွင်း အီစထရိုဂျင်တွေ လျော့နည်း သွားတာကြောင့် ဘောင်းဘီအတွင်း သွေးစွန်းရတာဖြစ်ပါတယ်။ တချို့လူတွေ မှာ ၀မ်းဗိုက်အောက်ပိုင်း နာကျင်နေ တတ်ပေမဲ့ စိုးရိမ်စရာမရှိပါဘူး။

၃။ ဘောင်းဘီမှာ သွေးစွန်းခဲ့ရင် ဘယ်လို အခြေအနေမှာ ဆရာဝန်နဲ့ ပြသသင့်ပါသလဲ?
ဘောင်းဘီမှာ သွေးစွန်းတာက စိုး ရိမ်စရာအခြေအနေ ဖြစ်၊ မဖြစ် သိလိုရင် သင်ရဲ့ မမျိုးဥကြွေချိန်မှာ သွေးစွန်းတဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်လို့ရပါတယ်။ လစဉ်လတိုင်း တူညီတဲ့အချိန်တွေမှာ ဘောင်းဘီသွေးစွန်းနေရင်တော့ ဆရာ ၀န်နဲ့ ပြသသင့်ပါတယ်။ ဒါ့အပြင် သန္ဓေ တားဆေး အသုံးပြုနေသူဖြစ်ပြီး ဘောင်း ဘီသွေးစွန်းတာဖြစ်ခဲ့ရင်လည်း ဆရာဝန် နဲ့ပြသသင့်ပါတယ်။

၎။ သန္ဓေတားဆေးကြောင့် ပုံမှန်မဟုတ်တဲ့ ဓမ္မတာသွေးဆင်းတာက ဘာကြောင့်ဖြစ်တာ ပါလဲ?
သန္ဓေတားဆေးအသုံးပြုတာရပ်ပြီး ခုနစ်ရက်အကြာမှာ သွေးဆင်းတာက ပုံ မှန်ဓမ္မတာလာတာမဟုတ်ပါဘူး။ Fake Period လို့ ခေါ်ပြီး ပုံမှန်ဓမ္မတာ သွေး ပေါ်သလောက်လည်း သွေးဆင်းမများ နိုင်သလို နာကျင်မှုဝေဒနာလည်း သိပ်မ ဆိုးဝါးတတ်ပါဘူး။ တားဆေးအသုံးပြုပြီး ခြောက်လကနေ တစ်နှစ်အကြာမှာ ဓမ္မတာ သွေးပေါ်တာက ပုံမှန်အတိုင်း ပြန်ဖြစ် သွားနိုင်ပါတယ်။

၅။ သွေးဆင်းတာက ကိုယ်ဝန်ဆောင်ရဲ့ လက္ခဏာပါလား?
ဟုတ်ပါတယ်။ သွေးဆင်းတာက ကိုယ်ဝန်ဆောင်တာရဲ့ လက္ခဏာတစ်ခု ဖြစ်ပြီး Implantation Bleeding လို့ ခေါ်ပါတယ်။ မျိုးအောင်တဲ့ သန္ဓေသားက သားအိမ်အမြှေးပါးကို တွယ်ကပ်လိုက် တာကြောင့် အမြှေးပါးအတွင်းမှာရှိတဲ့ သွေးကြောတွေ ထိခိုက်သွားတဲ့အတွက် သွေးဆင်းရတာဖြစ်ပါတယ်။ တစ်စက်၊ နှစ်စက်လောက်သာ သွေးဆင်းတတ်တဲ့ အတွက် တချို့သူတွေက သတိတောင် မထားမိတတ်ကြပါဘူး။ အနီရောင် တောက်တောက် သွေးစက်တွေ ဆင်း လာနိုင်ပြီး သုံးရက်ထက် ပိုမကြာ တတ်ပါ ဘူး။

၆။ ထိတွေ့မှုကြောင့် သွေးဆင်းခဲ့ရင် ဘာ လုပ်သင့်ပါသလဲ?
ထိတွေ့မှုကြောင့် သွေးဆင်းတာ က များသောအားဖြင့် လိင်ဆက်ဆံတာ ပြုလုပ်အပြီး ဒါမှမဟုတ် မိန်းမကိုယ် အတွင်း စမ်းသပ်စစ်ဆေးမှုပြုလုပ်တာ ကြောင့်ဖြစ်ရတာပါ။ သွေးကြောတွေ ထိခိုက်ဒဏ်ရာရသွားတာကြောင့် ဖြစ်ပြီး အနီရောင်တောက်တောက် သွေးတွေ ဆင်းလာနိုင်ပါတယ်။ များသောအားဖြင့် မိနစ်အနည်းငယ်သာ ကြာမြင့်တတ်ပါ တယ်။ ဒါပေမဲ့ သွေးဆင်းတဲ့အချိန်ကြာ မြင့်နေရင် ဆရာဝန်နဲ့ ချက်ချင်းပြသပြီး ကုသမှုခံယူသင့်ပါတယ်။

◘ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *