မျက်ဝန်းတစ်ဝိုက် အရေးကြောင်းများကင်းပြီး ညိုမည်းခြင်း မဖြစ်စေရန်

နှစ်ခြိုက်စွာ အိပ်ပါ
ဘယ်လောက်အိပ်စက်ရင် လုံ လောက်တဲ့ အိပ်စက်မှုမျိုးဖြစ်မလဲဆိုတာ ကတော့ လူတစ်ယောက်နဲ့တစ်ယောက် အိပ်စက်မှုပုံစံ အတိအကျတော့ ပြောလို့ မရပါဘူး။ ဒါပေမဲ့ လူတစ်ယောက်အ တွက် ခုနစ်နာရီနဲ့ ရှစ်နာရီလောက်ဟာ ယေဘုယျအားဖြင့်တော့ လုံလောက်တဲ့ အိပ်စက်ချိန်ပဲဖြစ်ပါတယ်။ အရက်နဲ့ မူးယစ်ဆေးဝါးတချို့မှီဝဲ တာ၊ ဗီတာမင်နဲ့ အာဟာရချို့တဲ့တာ၊ ကျောက်ကပ်နဲ့ပတ်သက်တဲ့ဆေးဝါး တချို့ မှီဝဲနေရတဲ့သူတွေမှာ အိပ်စက်မှုဆိုင်ရာ ပြဿနာတွေ ကြုံတွေ့ရတတ်ပါတယ်။ ဆီးလမ်းကြောင်းပြဿနာတွေကြောင့် လည်း သင့်အိပ်စက်မှုကိုအနှောင့်အယှက် ပေးတတ်တာကို သတိပြုမိဖို့လိုပါတယ်။

ညီညွတ်မျှတစွာ စားသောက်ပါ
ရေကိုလုံလောက်စွာသောက်ပြီး အာ ဟာရမျှတစွာစားသောက်ပါ။ ကိုယ်အ လေးချိန်ချချင်လွန်းသူတွေအနေနဲ့ အစာ အရမ်းလျှော့စားတာကြောင့် ဗီတာမင် ချို့တဲ့မှုတွေ ဖြစ်တတ်ပါတယ်။ ဗီတာမင် ကေ၊ အင်တီအောက်ဆီးဒင့်နဲ့ ဗီတာမင် B12 ချို့တဲ့တာတွေကြောင့် မျက်ကွင်း ညိုတတ်ပါတယ်။

နေ့စဉ်စားသင့်သောအစားအစာများ
သဘာဝနည်းပညာနဲ့ စိုက်ပျိုးထား တဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို စားပါ။ ဒါမှမဟုတ် နေ့စဉ် ဗီတာမင် အား ဖြည့်ဆေးမှီဝဲပါ။ သစ်သီးဖျော်ရည် သောက်ပါ။ ဆားငန်တဲ့ အစားအစာတွေ ကို လျှော့စားပါ။ ငန်လွန်းတဲ့ အစားအစာ တွေကြောင့် မျက်လုံးအောက်နားက အရေပြားမှာ သွေးလည်ပတ်မှုမရှိဘဲ သွေးကြောလေးတွေပေါ်လာပြီး ကြာလာ ရင် အရောင်ရင့်သွားကာ မျက်ကွင်းညို လာတတ်ပါတယ်။

ဆေးလိပ်ငွေ့ရှောင်ပါ
ဆေးလိပ်သောက်တာနဲ့ ဆေးလိပ် ငွေ့ကြောင့် သင့်သွေးကြောတွေမှာ ပြ ဿနာရှိနိုင်ပြီး လန်းဆန်းတဲ့ ဘ၀ကို လည်း ပိုင်ဆိုင်နိုင်ဖို့ ခက်ခဲတတ်ပါတယ်။

အနားယူပါ
သက်သောင့်သက်သာ အနားယူ တာကြောင့် စိတ်ဖိစီးမှုနဲ့ စိတ်ဂနာမငြိမ် မှုတွေကို လျော့ပါးသက်သာစေပြီး အိပ် ချိန်မမှန်တာ၊အစာမစားချင်တာနဲ့ ပင်ပန်း နွမ်းနယ်တာတွေကို သက်သာစေပါ တယ်။ သန့်ရှင်းတဲ့လေကို ရှူရှိုက်ရင်း သာယာငြိမ့်ညောင်းစွာ အနားယူပေးတာ ကြောင့် အရေပြားရဲ့ လုပ်ငန်းဆောင်တာ ကို ကောင်းစေပြီး မျက်ဝန်းကို ကျန်းမာ စေပါတယ်။

တိုက်ရိုက်ကုသပေးပါ
ညအိပ်ရာဝင်ခါနီးမှာ သခွားသီးကို အကွင်းလေးတွေလှီးပြီး မျက်လုံးပေါ်နဲ့ မျက်လုံးတစ်ဝိုက်က ညိုမည်းနေတဲ့နေရာ တွေကို ၁၀ – ၁၅ မိနစ်လောက်ကပ်ပြီး မျက်လုံးမှိတ်ထားပါ။ နေ့စဉ်ပြုလုပ်ပေး တာကြောင့် မျက်ကွင်းညိုတာ သက်သာ စေနိုင်ပါတယ်။
♦ လက်ဖက်အိတ်နဲ့ ရေခဲစိမ်ထားတဲ့ အ၀တ်စလေးတွေကို အုပ်ပေးနိုင်ပါ တယ်။ လက်ဖက်အိတ်က ရောင်ရမ်းမှုကို လျှော့ချပေးနိုင်ပါတယ်။
♦ အာလူးကို အကွင်းလေး လှီးပြီး မျက်လုံးပိတ်ကာ ကပ်ထားပေးပါ။ မိနစ် ၃၀ လောက်ကြာချိန် ရေနွေးနွေးနဲ့ ဆေး ကြောလိုက်ပါ။
♦ ဇွန်းတစ်ချောင်းကို အအေးခန်းထဲ ထည့်ထားပြီး ဇွန်းက နွေးသွားတဲ့အထိ မျက်လုံးအောက်နားက မျက်အိတ်ပေါ်မှာ ကပ်ထားပေးပါ။ မျက်အိတ်ထွက်တာကို သက်သာစေနိုင်ပါတယ်။

တခြားကျန်းမာရေးပြဿနာများ
မျက်လုံးတစ်ဝိုက်မှာ ညိုမည်းနေ တာဟာ အထက်ပါဖြေရှင်းနည်းတွေနဲ့ မသက်သာဘဲ အရောင်က ပိုပြီးရင့်လာ မယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ဖို့ လို အပ်နေပါပြီ။ တခြား ကျန်းမာရေးပြဿ နာတွေအနေနဲ့-

ဓာတ်မတည့်ခြင်း
ဓာတ်မတည့်မှုဖြစ်တတ်တဲ့ သူတွေ အနေနဲ့ အစားအစာကြောင့်ဖြစ်စေ၊ ပြင်ပက အမှုန်အမွှားတွေကြောင့်ဖြစ်စေ၊ သင့်လုပ်ငန်းခွင်မှာ ဖြစ်စေ၊ သင်အသုံး ပြုနေတဲ့ အသုံးအဆောင်တွေကြောင့်ဖြစ် စေ ဓာတ်မတည့်မှုကို ခံစားနေရသူတွေ အနေနဲ့ ဖျားနာရာကနေ မျက်ကွင်းညိုနေ တတ်ပါတယ်။

နှာခေါင်းရောဂါများ
နှာခေါင်းနဲ့ပတ်သက်ပြီးဖြစ်တဲ့ တခြား ရောဂါတွေကြောင့်လည်း မျက်လုံးတစ် ၀ိုက် ညိုမည်းတာကို ဖြစ်စေနိုင်ပါတယ်။

နေရောင်ခြည်ဒဏ်ခံရခြင်း
နေရောင်ခြည်အောက်မှာ အကာအ ကွယ်မဲ့ အလုပ်လုပ်တတ်သူတွေမှာလည်း မျက်ကွင်းညိုတာက အချိန်အတော်ကြာ တဲ့အထိ မပျောက်ကင်းဘဲ ရှိနေတတ်ပါ တယ်။

အသက်အရွယ်
အသက်အရွယ် ကြီးလာတာက လည်း သွေးကြောတွေလည်ပတ်မှုနည်း ပြီး ကော်လာဂျင် ဆုံးရှုံးမှုတွေကြောင့် မျက်ကွင်းညိုတတ်ပါတယ်။

ရေဓာတ်ခန်းခြောက်ခြင်း
ရေလုံလောက်စွာ သောက်သုံးမှုမရှိ တဲ့ သူတွေမှာလည်း မျက်ကွင်းညိုနေ တတ်ပါတယ်။

မျက်နှာအနေအထား
တချို့သူတွေမှာ သူတို့ရဲ့ပင်ကို မျက်နှာအနေအထားကိုက မျက်လုံးတစ် ၀ိုက်မှာ အရိပ်ကျပြီး မျက်ကွင်းညိုနေ တယ်လို့ ထင်ရစေပါတယ်။

မျက်ကွင်းညိုတာကို အလှကုန်ပစ္စည်း များနှင့် ကုသပေးခြင်း
♦ ဗီတာမင်ကေနဲ့ ရတီနောပါဝင်တဲ့ မျက်လုံးလိမ်းခရင်မ်တွေကို အသုံးပြုပါ။ ဗီတာမင် ကေဓာတ်ချို့တဲ့တာက မျက် ကွင်းညိုစေတဲ့ အဓိကအကြောင်းရင်း ပါပဲ။
♦ ကွန်ဆဲလာကို မျက်ကွင်းညိုတဲ့နေရာ တစ်ဝိုက်အတွက် အသုံးပြုပြီး ကွန်ဆဲ လာ အသုံးပြုပြီးသားနေရာအတွက် အရောင်လင်းတဲ့ ပေါင်ဒါမှုန့်ကို သုံးပေးပါ။
♦ အထူးသဖြင့် မျက်လုံးတစ်ဝိုက် အသုံးပြုတဲ့ အလှကုန်ပစ္စည်းတွေကို မ၀ယ်မီ ကုန်ပစ္စည်းရဲ့ အာမခံနိုင်မှုကို အရင်ဆုံးလေ့လာပါ။
♦ သင့်ခန္ဓာကိုယ်အတွက် အသုံးပြုနေ တဲ့ အလှကုန်တွေကို မျက်လုံးတစ်ဝိုက်မှာ တိုက်ရိုက်အသုံးပြုတာမျိုးကို ရှောင်ပါ။
♦ မျက်လုံးတစ်ဝိုက်လိမ်းတဲ့ ခရင်မ်ပဲ ဖြစ်ပါစေ အတင်းပွတ်တိုက်လိမ်းပေးတာ မျိုးနဲ့ သန့်စင်တာမျိုးကို ရှောင်ပါ။
♦ နေကာမျက်မှန်တပ်ဆင်ပြီး အရေ ပြားမှ မယ်လနင်ထွက်မှုကို ထိန်းပါ။
♦ ရေလုံလောက်စွာသောက်ပါ။
♦ ညအိပ်ရာဝင်ခါနီးအချိန် ရေအများ ကြီး မသောက်ပါနဲ့။

◘ ပန်းနွယ်လေး (ဆေးဝါး)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *