မျက်နှာပေါ် အလွယ်တကူမတင်သင့်သော အလှပြင်ပစ္စည်းများ

မျက်နှာအရေပြားဟာ ခန္ဓာကိုယ် တခြားနေရာတွေထက် ပိုပြီး နုနယ်လွန်း တာကြောင့် မျက်နှာအရေပြားပေါ်ကို အလွယ်တကူ မတင်သင့်တဲ့ အလှပြင် ပစ္စည်းတွေ ရှိပါတယ်။ မတင်သင့်တဲ့ အလှပြင်ပစ္စည်းတွေကြောင့် မျက်နှာမှာ ၀က်ခြံ၊ တင်းတိတ်တွေဖြစ်စေပါတယ်။ ဒါကြောင့် မျက်နှာပေါ် မတင်သင့်တဲ့ အလှပြင်ပစ္စည်းတွေကိုသာ သိရှိမယ် ဆိုရင်ဝက်ခြံ၊ တင်းတိပ်ကင်းစင်ပြီး ၀င်းပစိုပြည်တဲ့ အလှပိုင်ရှင်လေးဖြစ် စေမှာ အမှန်ပါပဲရှင် . . .

 

♥ အဆီများသော ခရင်မ်များ
သံလွင်ဆီလို သဘာဝအဆီမဟုတ် ဘဲ တိရစ္ဆာန်အဆီကို အခြေခံထုတ်ထားတဲ့ မျက်နှာလိမ်းခရင်မ်တွေကို အကျင့်လုပ်ပြီး မျက်နှာမှာအများကြီး မလိမ်း သင့်ပါဘူး။ ဒီအဆီတွေက မျက်နှာပေါ် က ချွေးပေါက်တွေကို စိမ့်ဝင်စေပြီး အညစ်အကြေးတွေကိုလည်း ပိုမိုခိုအောင်းစေလို့ ၀က်ခြံပိုဖြစ်လွယ်စေပါတယ်။ ဆီပါဝင်တဲ့ မျက်နှာလိမ်းခရင်မ်ကို မျက်နှာသန့်စင်ပြီး နှိပ်နယ်ချိန်မှာသာ သုံးသင့်ပါတယ်။ နှိပ်နယ်ပြီးတာနဲ့ ပြန်လည် သန့်စင်ပေးဖို့ မမေ့ပါနဲ့။

♥ အသစ်ထုတ်လုပ်ထားသော အလှပြင်ပစ္စည်းများ
စမ်းသပ်ဆဲကာလဖြစ်စေ၊ သုတေသနတွေမပြုလုပ်ထားတာဖြစ်စေ အဲဒီလို မျက်နှာလိမ်းပစ္စည်းတွေကို သူများပြောတိုင်း အသုံးမပြုသင့်ပါဘူး။ သင့်မျက်နှာ အရေပြားနဲ့ ကိုက်ညီမှုရှိ၊ မရှိကို သင်ကိုယ်တိုင် မသိနိုင်သေးသလို၊ ဘေးကင်း စိတ်ချရမှုလည်း မသေချာတာကြောင့် မျက်နှာပေါ် မတင်သင့်တာပါ။ သေချာစွာ သုတေသနပြုလုပ်ပြီး စမ်းသပ်ထားတဲ့ အလှပြင်ပစ္စည်းတွေကိုသာ ရွေးချယ်အသုံးပြုဖို့ လိုပါတယ်။

 

♥ ဖြည့်စွက်အလှကုန်များ
ကျန်းမာစေဖို့ အာဟာရမျိုးစုံကို မှီဝဲဖို့လိုတယ်ဆိုပေမယ့် အာဟာရတစ်မျိုးတည်းက သင့်ခန္ဓာကိုယ် တစ်ခုလုံးကို ကျန်းမာစေမှာမဟုတ်ပါ။ အဲဒီလိုပဲ မျက် နှာအရေပြားအတွက် ဗီတာမင်ဓာတ်တွေ လိုအပ်တယ်ဆိုပေမယ့် လွန်ကဲစွာအသုံး ပြုမယ်ဆိုရင်တော့ ကောင်းကျိုးထက် ဆိုးကျိုးကိုသာပေးစေပါလိမ့်မယ်။ ဗီတာမင်အေက ၀က်ခြံဖြစ်တာကို သက်သာစေတယ်ဆိုပေမယ့် ဗီတာမင်အေကို အများကြီး သုံးစွဲမိရင်လည်း အန္တရာယ် များတတ်ပါတယ်။ ဒါကြောင့် မျှတတဲ့အရေပြားထိန်း အလှပြင်ပစ္စည်းတွေကို သာရွေးချယ်ပြီး လွန်ကဲစွာ အသုံးပြု တာကိုတော့ ရှောင်သင့်ပါတယ်။

♥ ညလိမ်းခရင်မ်များ
ညဘက်မှာလည်း မျက်နှာအရည် ပြားကိုအားဖြည့်ပေးဖို့လိုပါတယ်။ မျက်နှာအရေပြားက ညဘက်အိပ်ချိန်မှာ ပျက်စီးတာတွေကို ပြန်လည်ပြုပြင်တာ ကြောင့် မအိပ်ခင်မှာ အရေပြားအတွက် အထောက်အပံ့ပေးနိုင်တဲ့ ညလိမ်း ခရမ်င်တစ်မျိုးမျိုးကို လိမ်းပေးဖို့လိုပါ တယ်။ ဒါ့အပြင် ညအိပ်ချိန်မှာမီးအလင်း ရောင် ပိတ်ထားပေးတာက အရေပြားအတွက် ပိုမိုကောင်းမွန်တဲ့ ရလဒ်ကို ဖြစ်စေပါတယ်။ မျက်နှာကို ဖြူဝင်းစေတဲ့ ညလိမ်းခရင်မ်အစား မျက်နှာအရေပြား ကို ပြန်လည်ပြုပြင်ပေးနိုင်တဲ့ ညလိမ်း ခရင်မ်မျိုးကို ရွေးချယ်ဝယ်ယူဖို့လည်း မမေ့နဲ့နော်။

♥ နန်းသီရိ(ဆေးဝါး)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *