မျက်နှာဖြူဝင်းစေသော ပေါင်းတင်နည်းများ

နည်းလမ်း (၁)
ပျားရည်ထမင်းစားဇွန်း တစ်ဇွန်းနဲ့ သံပရာရည်ထမင်းစားဇွန်းတစ်ဇွန်းကို ရောပြီး သန့်စင်ထားတဲ့ မျက်နှာပေါ်လိမ်း ပေးပါ။ ၁၅ မိနစ်လောက်ထားပြီးမှ မျက် နှာရေဆေးသန့်စင်ပေးပါ။

နည်းလမ်း (၂)
ဂျုံမှုန့် ထမင်းစားဇွန်း နှစ်ဇွန်းကို နနွင်းအနည်းငယ်နဲ့ ရောပြီး နွားနို့ထည့် ကာခပ်ပျစ်ပျစ်ရအောင် ဖျော်ပါ။ အဆီ ပြန်တဲ့အသားအရေဖြစ်ပါက သံပရာ ရည်အနည်းငယ်ထည့်ပေးပါ။ သန့်စင် ထားတဲ့ မျက်နှာနဲ့လည်ပင်းကိုလိမ်းပြီး ၁၅-၂၀မိနစ်ထားပါ။ ခြောက်သွေ့သွား ပြီဆိုမှ ရေနဲ့သန့်စင်ဆေးကြောပါ။

နည်းလမ်း (၃)
နို့မှုန့်၊ ပျားရည်နဲ့ သံပရာရည်တို့ ကိုဆတူရောပြီး သမအောင်မွှေပါ။ သန့် စင်ထားတဲ့ မျက်နှာနဲ့ လည်ပင်းကို လိမ်း ပြီး ၁၀မိနစ်ထားပါ။ ပြီးမှ ကြက်သီးနွေး ရေနဲ့မျက်နှာသန့်စင်ပေးပါ။

နည်းလမ်း (၄)
သခွားသီးနဲ့ သံပရာရည်ကို ဆတူ ရောပြီး မျက်နှာနဲ့ လည်ပင်းကို လိမ်းပေး ပါ။ ၁၅ မိနစ်ထားပြီးမှ မျက်နှာကို ရေ အေးနဲ့ သန့်စင်ဆေးကြောပေးပါ။

နည်းလမ်း (၅)
ဂျုံမှုန့် ထမင်းစားဇွန်း နှစ်ဇွန်းကို ခရမ်းချဉ်သီးအနှစ် ထမင်းစားဇွန်း ၂-၃ ဇွန်းနဲ့ ရောမွှေပြီး မျက်နှာနဲ့ လည်ပင်းပေါ်လိမ်းပေးပါ။ ၁၅မိနစ် ထားပြီးမှ ရေအေးနဲ့ သန့်စင်ဆေး ကြောပါ။

◘ ပန်းနွယ်လေး(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *