မျက်နှာမပါဘဲမွေးဖွားလာသည့်ကလေးက တစ်နှစ်ပြည့်မွေးနေ့ပွဲ ကျင်းပနိုင်

ဖိလစ်ပိုင်နိုင်ငံမှာ မက်သရူးဂီလာဒိုအမည်ရှိတဲ့ကလေးငယ် ဟာ ထူးထူးခြားခြားမျက်နှာမပါဘဲမွေးဖွားလာခဲ့ပြီးတဲ့နောက် အ ခုအခါမှာတော့ အသက်တစ်နှစ်ပြည့်မွေးနေ့ပွဲကို ကျင်းပနိုင်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ မက်သရူးဟာ ရှားပါးသန္ဓေသားချို့ယွင်းမှုတစ်ခုဖြစ်တဲ့  acrania လို့ လူသိများတဲ့အခြေအနေတစ် ခုကိုခံစားနေရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ဇူလိုင်လက အသက် ၂၂ နှစ်အရွယ်မိခင်ဖြစ်သူ အစ္စဘယ်လာဂီလာဒိုက ပထမဆုံး အယ်လ်ထရာဆောင်းရိုက်ကူးတဲ့အခါ ဆရာဝန်တွေက ဗိုက်ထဲ က ကလေးကို အသက်ရှင်မှာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ ဒါ ပေမဲ့ မိခင်ဖြစ်သူက လက်မခံဘဲ ကလေးကိုဆက်လက်ကိုယ်ဝန် ဆောင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ မွေးဖွားလာတဲ့ ကလေး ငယ်ရဲ့ဦးနှောက်ခွံအရှေ့ဘက်မှာ အသားပါဝင်လာခဲ့ခြင်းမရှိလို့ နှစ်ပတ်ကျော်အောင်အသက်ရှင်နိုင်မှာမဟုတ်ဘူးလို့ ဆိုခဲ့ပေ မယ့် အခုအခါမှာတော့ တစ်နှစ်ပြည့်မွေးနေ့ကို ကျင်းပနိုင်ခဲ့ပြီဖြစ် ပါတယ်။ မိခင်က ကိုယ်ဝန်ဆောင်တဲ့ပထမဆုံးလမှာ အဖျား ၀င်တာကြောင့် ဆေးဆိုင်က အဖျားပျောက်ဆေးတစ်မျိုးကို တစ်ပတ်ကြာအောင်စွဲသောက်ခဲ့ပါတယ်။ ကလေးရဲ့ရှားပါးမွေး ရာပါချို့ယွင်းမှုဟာ ဒီဆေးရဲ့အကျိုးဆက်တွေဖြစ်နိုင်တယ် လို့ ဆရာဝန်တွေက ဆိုခဲ့ကြပါတယ်။

(AP,4.10.18) အေးယုနိုင်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *