မျက်နှာအရေပြားပျက်စီးမှုမရှိအောင် ထိန်း သိမ်းနိုင်မယ့် အလွယ်နည်းတွေကို ဖော်ပြပေး လိုက်ပါတယ်။
ရေများများသောက်ပါ
ရေသောက်တာက ခန္ဓာကိုယ်တွင်း အဆိပ် အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အရေပြားမခြောက်သွေ့စေဘဲ စိုပြည်လှပအောင် ထောက်ပံ့ပေးပါတယ်။
သဘာဝပေါင်းတင်နည်း သုံးပါ
အရေပြားခြောက်သွေ့လာတာက ပျက်စီးမှု ရဲ့အစပါပဲ။ သဘာဝပစ္စည်းတွေဖြစ်တဲ့ ပျားရည် နဲ့ ကြက်ဥအကာရောပြီး ပေါင်းတင်တာမျိုး၊ ပျား ရည်နဲ့ငှက်ပျောသီးရောပြီး ပေါင်းတင်တာမျိုးတွေ ကို အိမ်မှာပဲပုံမှန်ပြုလုပ်ပေးပါ။
အာမခံချက်မရှိတဲ့ အလှကုန်တွေ မသုံးပါနဲ့
သက်ဆိုင်ရာက အသိအမှတ်ပြုမထားတဲ့ အလှကုန်ပစ္စည်းတွေကို ကိုယ့်သဘောနဲ့ကိုယ် မျက်နှာပေါ်မတင်ပါနဲ့။ သင့်အရေပြားနဲ့ ဓာတ် မတည့်မှုဖြစ်နိုင်ပါတယ်။ မျက်နှာအရေပြားကို မစမ်းသပ်ခင်လက်မောင်းအတွင်းပိုင်းက အသား တွေကို အရင်ဆုံးစမ်းသပ်ပြီးမှ မျက်နှာပေါ်မှာသုံးပါ။
သန့်ရှင်းပါစေ
မိတ်ကပ်လိမ်းတဲ့ ဖော့ဖတ်တွေနဲ့မိတ်ကပ် ဘရပ်ရှ်တွေကို တစ်လနှစ်ကြိမ်လောက် ခေါင်း လျှော်ရည်နဲ့စိမ်ထားပြီး သန့်စင်ပါ။ ပြီးနောက် သဘာဝလေနဲ့အခြောက်ခံပြီးမှပြန်သုံးပါ။ အများ နဲ့တွဲသုံးတာမျိုးမလုပ်ဘဲ သီးသန့်သုံးပါ။
◘ ပန်းနွယ်လေး (ဆေးဝါးတက္ကသိုလ်)