မျက်နှာကျလေးသွယ်စေဖို့ ဘယ်လိုနည်းလမ်းတွေနဲ့လုပ်ဆောင်နိုင်လဲ 

မျက်နှာကျလေးသွယ်နေမှ လှတယ်လို့ သတ်မှတ်သူတွေများလာပါတယ်။ ဒါကြောင့် ဒီနေ့ခေတ်မှာ မျက်နှာကျသွယ်စေဖို့ အလှအပဆိုင်ရာ ပြုပြင်နိုင်တဲ့ နည်းလမ်းတွေ ပိုများလာပါတယ်။ ဒီထဲမှာ မျက်နှာက အဆီတွေပျော်ကျစေဖို့ ထိုးဆေးအသုံးပြုတာ၊ ကိုလာဂျင်ကြိုးထိုးတာ၊ လေဆာနဲ့ အသားအရေ တင်းရင်းစေဖို့ ပြုပြင်တာ၊ ဆာဂျရီလုပ်ပြီး ပြုပြင်တာတွေ ရှိပါတယ်။ ဒီထဲမှာမှ ပြုလုပ်သူများတဲ့ ဆာဂျရီနည်းနဲ့ Botox ထိုးဆေး အသုံးပြုပြီး ပြုပြင်တဲ့အကြောင်း ဖော်ပြပေးလိုက်ပါတယ်။
ဆာဂျရီနှင့်ပြုပြင်နည်း မျက်နှာသွယ်စေဖို့ ဆာဂျရီပြုလုပ် တာမှာ နည်းနှစ်နည်းရှိပါတယ်။ ပထမ တစ်ခုက မေးရိုးဆာဂျရီပါ။ ခွဲစိတ်ဆရာ ဝန်က မို့နေတဲ့မေးရိုးကို ပိုပြီးသွယ် သွားအောင်ပါးပြီး လိုချင်တဲ့ပုံစံရအောင် ဖြည်းဖြည်းချင်းအရိုးကို ပါးသွားမှာဖြစ် ပါတယ်။ အထူးသဖြင့် ကိုရီးယားက အ မျိုးသမီးတွေက မျက်နှာကျကားကားနဲ့ ပါးရိုးမို့ပြီးထင်းနေတတ်ပါတယ်။ ဒါ ကြောင့် ကိုရီးယားမှာ မျက်နှာကျသွယ်ဖို့ မျက်နှာခွဲစိတ်သူဦးရေက နှစ်စဉ် တိုးနေဆဲဖြစ်ပါတယ်။ ဒုတိယနည်းက တော့ မေးစေ့ကိုပြု ပြင်တာပါ။ မျက်နှာ ကျရဲ့ အဓိက အ စိတ်အပိုင်းသုံးခု မှာ မျက်လုံး၊ နှာ ခေါင်း၊ မေးစေ့ ပါဝင်ပါတယ်။ မေးစေ့က အ ရမ်းကြီးနေ တာ၊ ကျယ် နေတာဆိုရင် ဒါကိုသေးအောင် ပြုပြင် ပြီး မျက်နှာကျသွယ်အောင် ဖန်တီးနိုင် သလို မေးစေ့က အရမ်းတိုနေရင် ရှည် အောင်ဆက်ပြီး မျက်နှာကျသွယ် အောင် ဖန်တီးနိုင်ပါတယ်။ မေးစေ့ ရှည်ဖို့ဆက်တဲ့အခါမှာ ဆီလီကွန် ဒါမှ မဟုတ် ပိုလီအီသိုင်လင်း ဒြပ်ပေါင်းကို သုံးပါတယ်။ နောက်တစ်နည်းကတော့ လူရဲ့ခန္ဓာကိုယ်နံရိုး ဒါမှမဟုတ် တင်ပ ဆုံရိုးကနေ အရိုးကိုယူပြီး ဆက်တာ ဖြစ်ပါတယ်။ ကောင်းကျိုး၊ ဆိုးကျိုး ဆာဂျရီ လုပ်တာရဲ့ကောင်းကျိုး ကတော့ တခြားနည်းလမ်းတွေထက် ပိုပြီး တာရှည်ခံတဲ့ ရလဒ်ကိုရနိုင်ပါ တယ်။ ဆာဂျရီပြုလုပ်တဲ့အခါရနိုင်တဲ့ ဆိုးကျိုးတွေကလည်းများပါတယ်။ ခွဲ စိတ်မှုဒဏ်ကနေ ပြန်ကောင်းဖို့တစ်လ လောက် အချိန်ယူရမှာဖြစ်ပြီး ရှောင် ရန်၊ ဆောင်ရန်တွေကိုလည်း အထူး ဂရုစိုက်ရမှာဖြစ်ပါတယ်။ မျက်နှာကျ ပုံသေအသားကျဖို့ကတော့ သုံးလက နေ ခြောက်လလောက်ထိ ကြာနိုင်ပါ တယ်။ ခွဲစိတ်မှုအတွက် ကုန်ကျစ ရိတ်က နိုင်ငံအလိုက် ဈေးနှုန်းကွာနိုင် ပါတယ်။
Botox ထိုးဆေး လူအတော်များများ ကြားဖူးပြီး ဖြစ်တဲ့ ဘိုတော့စ်ဆိုတာ နယူရိုတော့ ဆင် (Neurotoxins) ဒြပ်ပေါင်းတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ သူက <ကက်သားတွေကို ပြေလျော့ပြီး ကျုံ့ သွားအောင် လုပ်နိုင်စွမ်းရှိပါတယ်။ မျက်နှာရဲ့ မေးရိုး<ကက်သားတွေက အစာစားတဲ့အခါ ဝါးရတဲ့ အလုပ်လုပ် ရတာကြောင့် ကြာတဲ့အခါ ကြီးလာနိုင် ပါတယ်။ ဘိုတော့စ်ထိုးဆေးကို ဒီ <ကက်သားတွေထဲ ထိုးဆေးအနေနဲ့ ထိုးပေးရတာပါ။ ဆေးရဲ့ အာနိသင်က ပုံသေတော့ မဟုတ်ပါဘူး။ လအနည်း ငယ်ထိပဲခံမှာဖြစ်ပြီး သင်လိုချင်တဲ့ ပုံစံကိုထိန်းနိုင်ဖို့ ဆက်ထိုးသွားရမှာ ဖြစ်ပါတယ်။
ဘယ်နည်းလမ်းရွေးရမလဲ မျက်နှာကျသွယ်ဖို့ လုပ်ဆောင်တဲ့ နည်းလမ်းတွေက အဓိကအားဖြင့် မျက်နှာရှိ<ကက်သားတွေကို ကျုံ့စေဖို့၊ လျော့တွဲလာတဲ့ အရေပြားကို တင်း ရင်းစေဖို့၊ သွယ်တဲ့အသွင်ရဖို့ ဖြည့်ရ မယ့်နေရာဖြည့်ပြီး ပိုနေတဲ့နေရာတွေ လျှော့ချဖို့ဖြစ်ပါတယ်။ ဆာဂျရီနည်းလမ်းတွေ၊ ထိုးဆေး တွေနဲ့လေဆာနည်းလမ်းတွေ အသွယ် သွယ်ရှိတာမှာ ကိုယ်နဲ့ ကိုက်ညီမယ့် နည်းလမ်းကို ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ရပါ မယ်။ ကိုယ်ဖြစ်ချင်တာနဲ့ ဖြစ်နိုင်တာနဲ့ကို ချိန်ဆဖို့ လိုပါတယ်။ အလှအပ ဆိုင်ရာ ခွဲစိတ်ပြုပြင်တဲ့ ဆာဂျရီတိုင်းမှာ ဆိုးကျိုး၊ ကောင်းကျိုးတွေအမြဲဒွန်တွဲ နေမှာဖြစ်ပါတယ်။ နောက်ပြီး ရေရှည်အတွက် ပြုပြင်ထိန်းသိမ်း ဖို့ ကုန်ကျစရိတ်နဲ့ သင်အသက်အရွယ် ဘယ်လောက်ထိ ဆက်ထိန်းသွားနိုင် မှာလဲဆိုတာကိုပါထည့် စဉ်းစားထားရမှာဖြစ်ပါတယ်။
Darliko

Post Author: Good Health Journal