မျက်စိနာနေပါသလား

မျက်စိနာတဲ့အခါ မျက်စိရဲ့အပြင် ဘက်ဆုံးအလွှာမှာ ပိုးမွှားကူးစက်တာနဲ့ ရောင်ရမ်းမှုတွေ ဖြစ်တတ်ပါတယ်။ မျက် ၀န်းနီရဲပြီး ယားယံတတ်ပါတယ်။ မျက်စိ က သူ့အလိုလို ပျောက်ကင်းအောင် ပြု လုပ်တယ်ဆိုပေမယ့် အမြန်သက်သာစေ ဖို့ အောက်ပါအိမ်တွင်း နည်းလမ်းတချို့ ကို အသုံးပြုနိုင်ပါတယ်။

ဖြစ်ပွားရသော အကြောင်းရင်းများ
ပိုးမွှားကူးစက်တာကြောင့် ဖြစ်နိုင်သ လို ပိုးမွှားကူးစက်မှုကြောင့်မဟုတ်ဘဲ လည်း ဖြစ်နိုင်ပါတယ်။ ပိုးမွှားကူးစက်မှုမှာ ဗိုင်းရပ်စ်ပိုး ဒါမှမဟုတ် ဘက်တီးရီးယား ပိုးတွေကြောင့် ဖြစ်နိုင်ပါတယ်။ ပိုးမွှားကူး စက်မှုကြောင့် မဟုတ်ဘဲ မျက်စိနာတာက ဓာတ်မတည့်တာနဲ့ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့တာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ၀တ်မှုန်၊ ဖုန်မှုန့် စတဲ့ ဓာတ်မတည့်စေတဲ့ ပစ္စည်းတွေကြောင့် မျက်စိနာနိုင်သလို အက်စစ်၊ အိမ်သုံးသန့်စင်ဆေးရည်၊ မီးခိုး ငွေ့၊ စက်ရုံထုတ် ညစ်ညမ်းပစ္စည်းတွေ မျက်စိထဲ တခြားဝတ္ထုပစ္စည်းတွေ ၀င် ရောက်တာ စတာတွေက ပိုးမွှားကြောင့် မဟုတ်တဲ့ မျက်စိနာတာကို ဖြစ်စေပါ တယ်။ ဒါ့အပြင် ခုခံအားစနစ်လျော့ နည်းတာ၊ မတော်တဆ ထိခိုက်ဒဏ်ရာရ တာနဲ့ တခြားသူထံမှ ကူးစက်တာတွေ ကြောင့်လည်း ဖြစ်ပွားတတ်ပါတယ်။

ရောဂါလက္ခဏာများ
♦ ယားယံခြင်း
♦ နီရဲခြင်း
♦ မျက်ရည်ကျခြင်း
♦ ရောင်ရမ်းခြင်း
♦ မျက်ချေးထွက်ခြင်း
♦ နာကျင်ခြင်း
♦ အလင်းရောင် မကြည့်နိုင်ခြင်း

ကူးစက်ခြင်း
ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးတွေ ကြောင့် မျက်စိနာတာက တစ်ယောက်က နေ တစ်ယောက်ကို ကူးစက်ဖြစ်ပွားနိုင်ပါ တယ်။ လက်ကို သန့်ရှင်းစွာ မထားလို့ တခြားတစ်ယောက်ကို ကူးစက်နိုင်သလို မျက်စိနာနေသူတွေရဲ့ အသုံးအဆောင် တွေကနေတစ်ဆင့်လည်း ကူးစက်နိုင်ပါ တယ်။ ဓာတ်မတည့်တာကြောင့်ဖြစ်တဲ့ မျက်စိနာတာကတော့ တစ်ယောက်က နေ တစ်ယောက်ကို မကူးစက်နိုင်ပါဘူး။

ကာကွယ်နိုင်သော နည်းလမ်းများ
♦ မျက်စိကို လက်ဖြင့် ပွတ်သပ်မှုမှ ရှောင်ကြဉ်ပါ။
♦ လိုအပ်ပါက သန့်ရှင်းသော တစ်ရှူးစကို အသုံးပြုပေးပါ။
♦ လက်ကို ပိုးသတ်အာနိသင်ရှိသော လက်သန့်စင်ဆေးရည်အသုံးပြုပြီး ပိုး မွှားကူးစက်မှု မရှိအောင် ကာကွယ်ပါ။
♦ ခေါင်းအုံးစွပ်ကို မကြာခဏ အသစ် လဲလှယ်ပေးပါ။
♦ ပိုးမွှားကူးစက်ခြင်း ခံစားနေရချိန် တွင် မျက်ကပ်မှန်အသုံးပြုခြင်းမှ ရှောင် ပြီး မျက်မှန်တပ်ဆင်ပါ။
♦ မျက်စိနာနေချိန်တွင် မျက်ဝန်းအလှ ပြင်ပစ္စည်းများကို အသုံးမပြုသင့်ပါ။
♦ မျက်ဝန်းအလှပြင်ပစ္စည်းများကို အခြားသူများနဲ့ အတူမျှဝေသုံးတာမျိုးမှ ရှောင်ပါ။
♦ အခြားသူ သုံးပြီးသား မျက်စဉ်းဆေး ရည်ခတ်တာမျိုးမှလည်း ရှောင်ပါ။
♦ ဓာတ်မတည့်တဲ့ပစ္စည်းများနှင့် မထိ တွေ့မိအောင် တတ်နိုင်သမျှ ရှောင်ရှား ပါ။
♦ မသန့်ရှင်းတဲ့ မျက်နှာသုတ်ပ၀ါ အသုံး ပြုမှုမှ ရှောင်ပါ။

◘ နန်းသီရိ (ဆေးဝါး)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *