မျက်စိနာပြီး နီရဲခြင်းမှသက်သာအောင် ဘာတွေပြုလုပ်နိုင်လဲ

ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးတွေ ကြောင့် မျက်စိနာတာက လူတစ်ယောက် ကနေတစ်ယောက်ကို ကူးစက်ဖြစ်ပွားနိုင်ပါတယ်။ လက်ကို သန့်ရှင်းစွာမထားလို့ တခြားတစ်ယောက်ကို ကူးစက်နိုင်သလို မျက်စိနာနေသူတွေရဲ့ အသုံးအဆောင် တွေကနေ တစ်ဆင့်လည်း ကူးစက်နိုင်ပါ တယ်။ ဓာတ်မတည့်တာကြောင့်ဖြစ်တဲ့ မျက်စိနာတာကတော့ တစ်ယောက်ကနေ တစ်ယောက်ကို မကူးစက်နိုင်ပါဘူး။

(၁) ဘက်တီးရီးယားပိုးကြောင့်ဖြစ်ခြင်း
ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ မျက်စိနာတာအတွက် ပဋိဇီဝပိုးသတ် ဆေးကို မျက်စဉ်းဆေးရည်၊ လိမ်းဆေး ခရင်မ်တွေ၊ သောက်ဆေးတွေနဲ့ ကုသ နိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်အ တိုင်းသာ ပြုလုပ်သင့်ပါတယ်။

(၂) ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ခြင်း
အအေးမိတုပ်ကွေးဖြစ်တာနဲ့ ဆက် စပ်ပြီးဖြစ်တတ်ပါတယ်။ ဖြစ်တဲ့အချိန် ၄-၇ ရက်အထိ ကြာနိုင်ပါတယ်။ လက်နဲ့ ပွတ်သပ်တာ၊ ထိတွေ့ကိုင်တွယ်တာတွေ ကို ရှောင်သင့်ပါတယ်။

(၃)ဓာတ်မတည့်မှုကြောင့်ဖြစ်ခြင်း
ဓာတ်မတည့်မှုကြောင့် မျက်စိနီရဲပြီး ယားယံတာ၊ ရောင်ရမ်းတာတွေဖြစ်တတ် ပေမယ့် နာကျင်မှုခံစားရတာမျိုးတော့ မရှိတတ်ပါဘူး။ ဓာတ်မတည့်မှုကြောင့် နှာချေတာ၊ နှာရည်ယိုတာနဲ့ လည်ချောင်း ယားယံတာတွေလည်း ခံစားရတတ်ပါ တယ်။ ဓာတ်မတည့်တာကြောင့် မျက်စိနီ ရဲနေခဲ့ရင် မျက်စိကိုသန့်စင်တဲ့ရေနဲ့ အရင်ဆုံး ဆေးကြောပေးဖို့လိုပါတယ်။

(၄) ဓာတုပစ္စည်းများကြောင့်ဖြစ်ခြင်း
ဓာတုပစ္စည်းတွေကြောင့်ဖြစ်ရင် မျက်စိကို သန့်စင်တဲ့ရေများများနဲ့ ဆေး ကြောပေးဖို့ လိုပါတယ်။ ပြီးတာနဲ့ မျက်စိ ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုပါတယ်။ အိမ်သန့်ရှင်းရေးမှာ အသုံးပြုတဲ့ ကြေး ချွတ်ဆေးရည်တွေနဲ့ ပရိဘောဂအရောင် တင်ဆေးတွေက မျက်စိထိခိုက်မှုကို ပိုများစေနိုင်လို့ မျက်စိထဲ မဝင်အောင် ပိုမိုသတိထားသင့်ပါတယ်။
ပြင်းထန်တဲ့မျက်စိနာတာမျိုး မ ဟုတ်ရင် အလွယ်သုံးနိုင်တဲ့ နည်းလမ်း တချို့ကိုဖော်ပြချင်ပါတယ်။ မျက်စိက နုနယ်ပြီး အထိခိုက်မခံနိုင်တာကြောင့် မျက်လုံးထဲမဝင်အောင် ဂရုပြုဖို့နဲ့ ပိုးမွှား တွေမပါအောင် သန့်ရှင်းမှုကို အလေး ထားဖို့ လိုအပ်ပါတယ်။

ပျားရည်နဲ့ မျက်နှာသစ်ပါ
ပျားရည်လက်ဖက်စားဇွန်း သုံးဇွန်း ကို ရေနွေးပူပူ ခွက်နှစ်ခွက်စာထဲကို ရော ထည့်ပြီး အအေးခံပါ။ အဲဒီအရည်နဲ့ မျက် နှာသစ်ပေးပါ။ တစ်နေ့ ၂-၃ ကြိမ်ပြုလုပ် ပေးပါ။ ဂွမ်းစနဲ့တို့ပြီးလည်း သန့်ရှင်းရေး ပြုလုပ်နိုင်ပါတယ်။ ပျားရည်မှာ ပိုးသတ် အာနိသင်ရှိလို့ အလျင်အမြန်သက်သာ စေပါတယ်။

အာလူးကွင်းပါ
အာလူးမှာ တစ်သျှူးတွေကို ကျုံ့ စေတဲ့ အာနိသင်ရှိပြီး မျက်စိနာတာအ တွက် အသုံးပြုနိုင်ပါတယ်။ အာလူးအ စိမ်းကို အကွင်းလိုက်လှီးပြီး မျက်စိပေါ် အနည်းဆုံး မိနစ် ၂၀ ကြာ ကပ်ထားပေး ပါ။ ၃ ရက်လောက် ပြုလုပ်ပေးပါ။

နနွင်းလိမ်းပါ
နနွင်းမှုန့် ထမင်းစားဇွန်း နှစ်ဇွန်းကို ရေနွေးတစ်ခွက်စာနဲ့ ရောပြီး မျက်ဝန်း တစ်ဝိုက် လိမ်းပေးပါ။ နနွင်းမှာ ပိုးသတ် အာနိသင်ရှိပြီး မျက်စိနာတဲ့လက္ခဏာတွေ ကို သက်သာစေပါတယ်။

ရှားစောင်းလက်ပပ် အုပ်ပါ
ရှားစောင်းလက်ပပ် အတွင်းသား ဂျယ်လီကို ချည်သားအဝတ်သန့်သန့်ထဲ ထည့်ပြီး မျက်စိပေါ် အုပ်ထားပေးပါ။ ရှား စောင်းလက်ပပ်မှာရှိတဲ့ ဆေးစွမ်းအာနိ သင်တွေက မျက်စိနာတာကို အလျင်အ မြန် သက်သာစေပါတယ်။

မုန့်ဖုတ်ဆော်ဒါနဲ့ သန့်စင်ပါ
မုန့်ဖုတ်ဆော်ဒါ ထမင်းစားဇွန်း တစ်ဇွန်းကိုရေတစ်ခွက်နဲ့ရောပြီး မျက် ဝန်းတစ်ဝိုက်ကို သန့်စင်ပေးပါ။ မျက်စိ နာတာကြောင့် ခံစားရတာတွေကို သက် သာစေပါတယ်။

ချမိုမိုင်းနဲ့ သန့်စင်ပါ
ဆူပွက်တဲ့ရေနွေး တစ်ခွက်စာထဲကို ချမိုမိုင်းပန်းခြောက် လက်ဖက်စားဇွန်း တစ်ဇွန်းစာ ထည့်ပါ။ အအေးခံပြီး မျက် ဝန်းတစ်ဝိုက်ဆေးပေးပါ။ မျက်စိနာတာ ကို သက်သာစေပါတယ်။

မိခင်နို့ လိမ်းပါ
မိခင်နို့ရည်နဲ့ နာနေတဲ့မျက်စိတစ် ဝိုက်ကွင်းပြီး လိမ်းပေးပါ။ မျက်စိနာတာ သက်သာစေပါတယ်။

ရေခဲကပ်ပါ
ဘက်တီးရီးယားပိုး ဒါမှမဟုတ် ဗိုင်း ရပ်စ်ပိုးကြောင့် မျက်စိနာခဲ့ရင် ရေနွေး အိတ် ဒါမှမဟုတ် ရေခဲအိတ်ကပ်ပေးပါ။ ကြက်သီးနွေးရေနဲ့ မျက်ဝန်းတစ်ဝိုက် သန့်စင်ပေးပါ။ ရေနွေးအိတ်ကပ်ပေးတာ က ရောင်ရမ်းမှုတွေ သက်သာစေပြီး ပိုး ကူးစက်တာနဲ့ ဓာတ်မတည့်တာအတွက် က ရေခဲကပ်ပေးတာ ပိုကောင်းပါတယ်။ မျက်စိတစ်ဖက်မှ တစ်ဖက်သို့ ပိုးမကူး စက်အောင် မျက်စိတစ်ဖက်စီအတွက် သီးသန့်ထားပြီး အသုံးပြုပေးပါ။

ပေါင်မုန့်ကပ်ပါ
ပေါင်မုန့်ကို ရေခဲသေတ္တာထဲ မိနစ် ၂၀ ထည့်ထားပြီး ပြန်လည်ထုတ်ယူကာ မျက်စိပေါ် ကပ်ပေးပါ။ ရောင်ရမ်းမှုနဲ့ယား ယံမှုကို သက်သာစေပါတယ်။

ပန်းသီးရှလကာရည်နဲ့ သန့်စင်ပါ
ပန်းသီးရှလကာရည် ထမင်းစားဇွန်း တစ်ဇွန်းကို ရေတစ်ခွက်ထဲ ထည့်ဖျော်ပါ။ ဂွမ်းစနဲ့ တို့ယူပြီး မျက်ဝန်းတစ်ဝိုက် သန့် စင်ပေးပါ။

သံပရာရည်နဲ့ သန့်စင်ပါ
သံပရာရည်ကို ရေနဲ့ရောပြီး ဂွမ်းစနဲ့ တို့ယူကာ မျက်ဝန်းတစ်ဝိုက် သန့်ရှင်းရေး ပြုလုပ်ပေးပါ။ ပိုးမွှားတွေ ကင်းရှင်းစေပြီး မျက်စိနာတာ သက်သာစေပါတယ်။

အုန်းဆီလိမ်းပါ
အုန်းဆီက မျက်စိနာပြီး ယားယံတာ ကိုသက်သာစေပါတယ်။ ဂွမ်းစနဲ့ အုန်းဆီ ကို တို့ယူပြီး မျက်ခွံနဲ့ မျက်လုံးတစ်ဝိုက် လိမ်းပေးပါ။

ဆီးဖြူသီးဖျော်ရည်သောက်ပါ
ဆီးဖြူသီးကို မျက်စိနာတာအတွက် အသုံးပြုနိုင်ပါတယ်။ ပျားရည် လက်ဖက် စားဇွန်း နှစ်ဇွန်းနဲ့ ဆီးဖြူသီးရည် ခွက် တစ်ခွက်စာကို ရောပြီး အနည်းဆုံး တစ် နေ့နှစ်ကြိမ် သောက်ပေးပါ။

ဆားရည်နဲ့ သန့်စင်ပါ
ရေတစ်ခွက်ထဲကို ဆား လက်ဖက် စားဇွန်း တစ်ဇွန်း ထည့်ပြီး မျက်ဝန်းတစ် ဝိုက် သန့်စင်ပေးပါ။ ပိုးမွှားကင်းစင်စေပြီး မျက်စိနာတဲ့ လက္ခဏာတွေကိုလည်း လျော့ပါးသက်သာစေပါတယ်။

ဟင်းသီးဟင်းရွက်အရည်ပြုလုပ်ပါ
ဟင်းနုနယ်ရွက်ကို အရည်ညှစ်ပြီး ၂၀၀ မီလီလီတာနဲ့ မုန်လာဥနီကို အရည် ညှစ်ပြီး ၃၀၀ မီလီလီတာတို့ကို ရောပြီး မျက်ဝန်းတစ်ဝိုက် သန့်စင်ပေးပါ။ နောက် တစ်မျိုးအနေနဲ့ အရည်ညှစ်ထားတဲ့ နံနံ ပင် ၂၀၀ မီလီလီတာနဲ့ အရည်ညှစ်ထား တဲ့ မုန်လာဥနီ ၃၀၀ မီလီလီတာတို့ကို ရောပြီးလည်း အသုံးပြုနိုင်ပါတယ်။

သတိပြုလိုက်နာသင့်သောနည်းလမ်းများ

♦ မျက်စိကို လက်နဲ့ပွတ်သပ်မှုမှ ရှောင် ကြဉ်ပါ။
♦ လိုအပ်ပါက သန့်ရှင်းတဲ့တစ်ရှူးစကို အသုံးပြုပေးပါ။
♦ လက်ကို ပိုးသတ်အာနိသင်ရှိတဲ့ လက်သန့်စင်ဆေးရည် အသုံးပြုပြီး ပိုးမွှားကူးစက်မှု မရှိအောင် ကာကွယ် ပါ။
♦ ခေါင်းအုံးစွပ်ကို မကြာခဏ အသစ်လဲ လှယ်ပေးပါ။
♦ ပိုးမွှားကူးစက်ခြင်း ခံစားနေရချိန်တွင် မျက်ကပ်မှန်အသုံးပြုခြင်းမှ ရှောင်ပြီး မျက်မှန်တပ်ဆင်ပါ။
♦ မျက်စိနာနေချိန်မှာ မျက်ဝန်းအလှပြင် ပစ္စည်းတွေကို အသုံးမပြုသင့်ပါ။
♦ မျက်ဝန်းအလှပြင်ပစ္စည်းတွေကို တ ခြားသူတွေနဲ့ အတူမျှဝေသုံးတာမျိုးမှ ရှောင်ပါ။
♦ တခြားသူ သုံးပြီးသား မျက်စဉ်းဆေး ရည်ခတ်တာမျိုးမှလည်း ရှောင်ပါ။
♦ ဓာတ်မတည့်တဲ့ပစ္စည်းတွေနဲ့ မထိ တွေ့မိအောင် တတ်နိုင်သမျှ ရှောင် ရှားပါ။
♦ မသန့်ရှင်းတဲ့ မျက်နှာသုတ်ပဝါ အသုံး ပြုမှုမှ ရှောင်ပါ။

♥ ခိုင်သစ္စာရှင် (ဆေးဝါး)

Post Author: Good Health Journal