မျက်လုံးတွင် သခွားသီးကပ်သင့်သည့်အကြောင်းရင်းများ

♦ သင့်မျက်လုံးကို ဂရုစိုက်တာက မျက်လုံးတစ်ဝိုက်အရေးကြောင်းတွေ ကင်းစင်ပြီး အရွယ်တင်နုပျိုနိုင်တဲ့အပြင် မျက်လုံးတောက်ပြောင် လှပစေနိုင်ပါတယ်။
♦ သခွားသီးဟာ မျက်လုံးကို အေးမြစေပြီး မျက်စိအမ်းတာ၊ မျက်ကွင်းညိုတာတွေ ကို သက်သာစေတဲ့အပြင် မျက်လုံးအတွက် အောက်ပါအကျိုးကျေးဇူးတွေ များစွာရှိတာကြောင့် အိပ်ရာမဝင်ခင် သခွားသီးပါးပါးကွင်းပြီး မျက်လုံးပေါ် ကပ်ထားသင့်ပါတယ်။

၁။ မျက်စိပတ်ဝန်းကျင်မှ အရေးကြောင်းများ ကင်းစင်နိုင်ခြင်း
♦ သခွားသီးဟာ မျက်လုံးတစ်ဝိုက်နဲ့ မျက်လုံးအောက်မှာ ဖြစ်ပေါ်နေတဲ့ အရေးကြောင်းတွေကို ပျောက်ကင်းစေနိုင်တဲ့ သဘာဝဆေးတစ်မျိုးပါ။ အရေပြားကျုံ့နိုင်ဆန့်နိုင်တဲ့ ဂုဏ်သတ်္တိရှိပြီး အရေပြားကို အာဟာရပေးနိုင်တဲ့အတွက် အရေးကြောင်းတွေ ပျောက်ကင်းသွားတာပါ။

၂။ မျက်စိအမ်းတာ ပျောက်ကင်းနိုင်ခြင်း
♦ အိပ်ရေးမဝတာ ဒါမှမဟုတ် မျက်လုံးအရမ်းပင်ပန်းနေတာကြောင့် မျက်စိအမ်းနေရင် မျက်စိပေါ် သခွားသီးကပ်ထားပါ။ သူရဲ့အေးစေတဲ့ ဂုဏ်သတ်္တိကြောင့် မျက်စိအောက်က ရောင်ရမ်းမှုတွေ လျော့ကျသွားစေနိုင်ပါတယ်။ အရက်မူးတာ၊ မျက်စိစွံတာ ဒါမှမဟုတ် စိတ်ဖိစီးမှုများတာကြောင့်လည်း မျက်စိအမ်းတတ်ပါတယ်။ သခွားသီးမှာ ပါဝင်တဲ့ တန်နင်နဲ့ ဖလေဗိုနွိုက်တွေက အရေပြားအောက်က ပိုလျှံနေတဲ့ အရည်တွေကို လျော့ကျသွားစေတဲ့ ဂုဏ်သတ်္တိရှိတာကြောင့် မျက်စိအမ်းတာ ပျောက်ကင်းရတာပါ။

၃။ မျက်ကွင်းညိုတာ သက်သာနိုင်ခြင်း
♦ သခွားသီးက အရေပြားအရောင်ကို ဖျော့တော့စေနိုင်တဲ့အတွက် မျက်လုံးပေါ်မှာ သခွားသီးကပ်ထားတာက မျက်ကွင်းညိုတာ သက်သာသွားနိုင်ပါတယ်။ တစ်နေ့တာလုံး ကွန်ပျူတာကြည့်နေရတာ၊ ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိတဲ့အစာ စားတာ ဒါမှမဟုတ် အရေပြားခြောက်သွေ့တာကြောင့် မျက်ကွင်းညိုနိုင်ပါတယ်။ သခွားသီးမှာ ပါဝင်တဲ့ဗီတာမင် ကေ နဲ့ တိုင်ရိုဆီးနစ်စ်အင်ဇိုင်းတွေက အရေပြားအရောင် တောက်ပစေတဲ့အတွက် မျက်ကွင်းညိုတာကို သက်သာစေနိုင်ပါတယ်။

၄။ မျက်အိတ်ဖြစ်တာကို လျော့ကျသွားနိုင်ခြင်း
♦ သင်ရဲ့ အိပ်စက်မှုအနေအထား၊ အရက်သောက်တာများလွန်းတာ၊ ဓာတ်မတည့်မှုဖြစ်စဉ် ဒါမှမဟုတ် နေရောင်ဒဏ်ကြောင့် မျက်စိအောက်မှာ အရည်တွေ စုဆောင်းမှုများလာတဲ့အတွက် မျက်ခွံတွဲကျလာပြီး မျက်အိတ်ဖြစ်ပေါ်လာတတ်ပါတယ်။ လေ့လာမှု အများအပြားအရ သခွားသီးဟာ ရောင်ရမ်းမှုဖြစ်စဉ်ကို လျော့ကျစေနိုင်ပြီး အရေပြားယားယံခြင်း မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။

၅။ မျက်စိအစိုဓာတ် ထိန်းထားပေးနိုင်ခြင်း
♦ သခွားသီးမှာ ပါဝင်တဲ့ များစွာသော ရေဓာတ်တွေကြောင့် မျက်လုံးရဲ့ သဘာဝအစိုဓာတ်ထိန်းပစ်္စည်းအဖြစ် သခွားသီးကို အသုံးပြုနိုင်ပါတယ်။

၆။ မျက်လုံးပတ်ဝန်းကျင်အရေပြားအတွက် တိုနာလို အသုံးပြုနိုင်ခြင်း
♦ သခွားသီးအရည်ဟာ မျက်လုံးတစ်ဝိုက်မှာ ရှိတဲ့ အရေပြားသန့်စင်ဖို့အတွက် တိုနာလိုမျိုး အသုံးပြုနိုင်ပါတယ်။ သခွားသီးအရည်က အရေပြားအတွက် အာဟာရဓာတ်နဲ့ ဗီတာမင်တွေ များစွာ ရရှိဖို့ ကူညီနိုင်တဲ့အပြင် ဓာတ်တိုးပစ္စည်းတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

၇။ မျက်လုံးပင်ပန်းမှုပျောက်ကင်းစေနိုင်ခြင်း
♦ မျက်စိယားယံပြီး ရောင်ရမ်းနေရင် သခွားသီးနဲ့ မျက်စိကိုကပ်ပေးတာက ယားယံတာနဲ့ ရောင်ရမ်းတာကို သက်သာသွားစေနိုင်ပါတယ်။

၈။ မျက်လုံးပတ်ဝန်းကျင်ကို ခရမ်းလွန်ရောင်ခြည်ကြောင့် ပျက်စီးမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ခြင်း
♦ သင့်မျက်စိတစ်ဝိုက်ကအရေပြားဟာ နေရောင်ခြည်ကို ထိတွေ့မှုများလွန်းခဲ့ရင် မျက်စိတစ်ဝိုက်မှာ အရေးကြောင်းပေါ်တာ၊ အရွယ်မတိုင်ခင် အိုမင်းမှုဖြစ်ပေါ်တာနဲ့ နေလောင်ဒဏ်ဖြစ်ပေါ်တာ ခံရနိုင်ပါတယ်။ သခွားသီးက နေလောင်ဒဏ်ပျောက်ကင်းစေနိုင်တဲ့အပြင် နေရောင်ခြည်ကြောင့် ပျက်စီးတဲ့ အရေပြားတွေကို ပြန်လည် ပြုပြင်ပေးနိုင်ပါတယ်။

၉။ အနာကျက်မြန်ဆန်စေနိုင်ခြင်း
♦ နားထင် ဒါမှမဟုတ် ငယ်ထိပ်ကို အထိုးခံရတာကြောင့် မျက်စိပတ်ဝန်းကျင်မှာ ရှိတဲ့ အရေပြားတွေ ပျက်စီးသွားနိုင်ပါတယ်။ ဝက်ခြံ၊ ပိုးမွှားကောင် ကိုက်တာတွေကြောင့်လည်း မျက်စိပတ်ဝန်းကျင်မှာ အနာတရဖြစ်နိုင်ပါတယ်။ သခွားသီးကို မျက်စိပေါ်မှာ ကပ်တာက အနာကျက်ဖို့ ကူညီနိုင်ပါတယ်။ ဒါ့အပြင် ပျက်စီးသွားတဲ့ အရေပြားကိုလည်း ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။

၁၀။ မျက်စိယားယံတာ သက်သာနိုင်ခြင်း
♦ မျက်စိယားနေရင် သခွားသီးအရည်နဲ့ မျက်လုံးပေါ်အုပ်ပေးတာက မျက်ခွံနီရဲတာနဲ့ မျက်ခွံရောင်ရမ်းတာ သက်သာသွားနိုင်ပါတယ်။

♥ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal