Rubbing Alcohol Sanitizer

ကိုဗစ်လှိုင်းတွေလည်း တစ်လှိုင်းပြီးတစ်လှိုင်းဖြစ်ပေါ်နေတဲ့အချိန်မှာ ဘယ်နေရာသွားသွား ပြန်လာတိုင်းလက်ဆေးဖို့၊ ပိုက်ဆံကိုင်ပြီးတာနဲ့ လက်ဆေးဖို့က မဖြစ်မနေ လုပ်ကြရမှာပါ။ Sanitizer တွေကလည်း သုံးလိုက် ကုန်လိုက် ထပ်ဝယ်လိုက်နဲ့ အပြင်ခဏခဏမထွက်ချင်သူတွေအတွက် ဒီ Hand Sanitizer ပြုလုပ်နည်းမှာ ပါဝင်တဲ့ ကုန်ကြမ်းတွေသာ ဝယ်ထားလိုက်ပြီး အိမ်မှာ ကိုယ့်ဘာသာကိုယ် ပြုလုပ်နိုင်ပါတယ်။

လိုအပ်သည့်ပစ္စည်းမျာ

– ရှားစောင်းလက်ပပ် (အစိုဓာတ်ထိန်းပေးဖို့)
– ဗီတာမင် အီး အဆီ (အသားအရေအာဟာရရရှိဖို့)
– Peppermint Essential Oil (antibacterial)
– Lavender Essential Oil (ရနံ့အတွက်)
– အရက်ပြန် (ရောဂါပိုးမွှားသေစေဖို့)

ပြုလုပ်နည်း

– အရက်ပြန် စားပွဲဇွန်းကြီး လေးဇွန်းစာကို ပန်းကန်လုံးတစ်လုံးထဲမှာ ထည့်ပါ။
– အဲဒီထဲကို ရှားစောင်းလက်ပပ်အနှစ် စားပွဲဇွန်းကြီး တစ်ဇွန်းစာပေါင်းထည့်ပါ။
– ပြီးရင် ဗီတာမင် အီး အဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ ထည့်ပါ။
– အဲဒီထဲကို Peppermint Essential Oil ၆ စက်ခန့်နဲ့ Lavender Essential Oil ၁၂ စက်ခန့် ပေါင်းထည့်ပါ။
– လက်လှည့်မွှေတံကို အသုံးပြုပြီး ခုနက ပါဝင်ပစ္စည်းတွေအားလုံးကို သမအောင် မွှေပေးပါ။
– ပြီးရင် မိမိထည့်လိုရာ ညှစ်ဘူး ဒါမှမဟုတ် စပရေးဘူးခွံထဲ ထည့်ကား အသုံးပြုနိုင်ပါပြီ။

ဆူးမြ
Translated from : #fabhow

Post Author: Good Health Journal