11 SEP ဓမ္မတာလာတယ်ဆိုတာဘယ်လိုမျိုးလဲ သမီးမိန်းကလေးတွေ မွေးလာတဲ့ အခါမှာ သားဥအိမ်ထဲသားဥတွေ သိန်း ချီပါလာတတ်ပြီး အပျိုဖော်မဝင်ခင်အထိ အသုံးပြုလို့ရမနေပါဘူး။ အပျိုဖော်ဝင် တဲ့အခါမှာ ဦးနှောက်ရှိပီကျူထရီဂလင်း ကနေ မလိင်ဟော်မုန်းတွေကို သားဥအိမ် ကထုတ်လုပ်ပေးအောင် လှုံ့ဆော်ပေး မယ့် ဟော်မုန်းတွေ ထွက်လာပါတယ်။ ဒီဟော်မုန်းတွေကြောင့် ကလေးမလေး ကနေ အပျိုကြီးဖားဖား ဖြစ်လာကြတာပါ။ အပျိုဖော်ဝင်တဲ့အခါ တစ်လတစ်ခါ သားဥကြွေပြီး ဓမ္မတာရာသီသွေးဆင်း တတ်ကြပါတယ်။ တစ်လမှာတစ်ကြိမ် သားဥအိမ်ကနေ သားဥပြွန်ထဲသားဥတွေကို ကြွေကျစေပါတယ်။ ကြွေကျလာတဲ့ သားဥကလိင်ဆက်ဆံတဲ့အခါ သားအိမ် ထဲဝင်လာတဲ့ သုက်ပိုးနဲ့တွေ့ပြီး သားဥ ပြွန်ထဲမျိုးအောင်သွားရင် ကိုယ်ဝန်ရှိသွား တတ်ပါတယ်။ လိင်ဆက်ဆံမှုလည်းမရှိ၊ သုက်ပိုးနဲ့ လည်း မျိုးမအောင်ဘူးဆိုရင်တော့ သား ဥကြွေပြီးနောက် ၂ ပတ်အကြာလောက်မှာ ဓမ္မတာလာတဲ့အနေနဲ့ သားဥတွေကို အပြင်ကိုစွန့်ထုတ်ရပါတယ်။ ဓမ္မတာလာ တဲ့အခါ သားအိမ်အတွင်းနံရံကသွေးတွေ တစ်သျှူးတွေကိုပါ စွန့်ထုတ်ရတာကြောင့် သွေးဆင်းရတာပဲဖြစ်ပါတယ်။ ဓမ္မတာ တစ်ခါလာရင် ၃ ရက်ကနေ ၅ ရက်ကြား ကြာတတ်ပါတယ်။ ဓမ္မတာလာတဲ့ရက်တွေမှာ နေထိုင် ရတာ သက်သောင့်သက်သာမရှိပါဘူး။ ဓမ္မတာမလာခင်မှာကတည်းကိုက ဝေဒ နာတွေ ခံစားရတတ်ပါတယ်။ ကိုယ်ပိုင်း ဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါထိခိုက် တတ်ကြပါတယ်။ အဖြစ်များတဲ့ လက္ခဏာ တွေကတော့ ဝက်ခြံပေါက်တာ၊ ပင်ပန်း နုံးချည့်တာ၊ ခါးနာတာ၊ ရင်သားနာတာ၊ ခေါင်းကိုက်တာ၊ ဝမ်းချုပ်တာ၊ ဝမ်းပျော့ တာ၊ ချင်ခြင်းတက်တာ၊ စိတ်ဓာတ်ကျတာ၊ ဗိုက်ရစ်တာ၊ အာရုံစူးစိုက်မှုလျော့တာနဲ့ စိတ်ဖိစီးမှုများတာတို့ပဲဖြစ်ပါတယ်။ ဓမ္မတာမလာခင် ၇ ရက်လောက်ကတည်း က ဖြစ်တတ်ပြီး ဓမ္မတာပေါ်ပြီးတာနဲ့ ပျောက်ကင်းတတ်ပါတယ်။ ဓမ္မတာလာတဲ့အခါမှာတော့ အစော ပိုင်းရက်တွေမှာ ဗိုက်အောင့်တာ၊ ခါးနာ တာတို့ဖြစ်တတ်ပါတယ်။ သွေးဆင်း အောင် သားအိမ်က ကျုံ့ရတဲ့အခါ ဗိုက် နာတာပဲဖြစ်ပါတယ်။ ဓမ္မတာရာသီစက် ဝန်းက ၂၃ ရက်ကနေ ၃၅ ရက်ကြားကြာ လေ့ရှိကာ ပျမ်းမျှအနေနဲ့ ၂၈ ရက် လောက်ကြာလေ့ရှိပါတယ်။ သန္ဓေတည်တယ်ဆိုတာဘာလဲ အမျိုးသားနဲ့ အမျိုးသမီး လိင်ဆက် ဆံတဲ့အခါ အမျိုးသားလိင်တံကထွက်ရှိလာတဲ့ သုက်ပိုးတွေဟာ ယောနိလမ်း ကြောင်းထဲ သန်းနဲ့ချီဝင်ရောက်လာပြီး သားအိမ်လည်တံကနေတစ်ဆင့် သား အိမ်ထဲရောက်သွားပါတယ်။ အမျိုးသမီးမှာသားဥကြွေတဲ့ရက်တွေနဲ့ တိုက်နေရင် သုက်ပိုးနဲ့ သားဥတို့ကသားဥပြွန်ထဲဆုံမိ ကြပါတယ်။ သားဥနဲ့ပေါင်းစုံပြီး မျိုး အောင်ဖို့ သုက်ပိုးတစ်ကောင်ပဲလိုပါတယ်။ မျိုးအောင်သွားတဲ့ သားဥလေးကို သန္ဓေဥ (Zygote) လို့ခေါ်ပြီးမျိုးရိုးဗီဇကိုသယ်ဆောင်တဲ့ ခရိုမိုဇုန်းက အဖေဆီကတစ် ဝက် အမေဆီကတစ်ဝက်နဲ့ စုစုပေါင်း ၄၆ခုပါရှိနေပါတယ်။ အဖေနဲ့အမေ မျိုး ရိုးဗီဇ နှစ်ခုပေါင်းပြီးသနေသားလေးကိုဖန်တီးပေးပါတယ်။ ကိုယ်ဝန်ဆောင်ကာလအတွင်း သားအိမ်ထဲ သန္ဓေဥလေးနေသန္ဓေခဲ၊ သန္ဓေသားလောင်း၊ သန္ဓေသားအဖြစ် တဖြည်းဖြည်းကြီးထွားလာပြီးနေ့စေ့လစေ့တဲ့အခါ မွေးကင်းစကလေးငယ်အဖြစ် မွေးဖွားလာပါတယ်။ ဒေါက်တာနုမြတ်သိင်္ဂီဦး Share this:Click to share on Facebook (Opens in new window)MoreClick to share on Twitter (Opens in new window)Click to print (Opens in new window)Click to share on LinkedIn (Opens in new window)Click to share on Reddit (Opens in new window)Click to share on Tumblr (Opens in new window)Click to share on Pinterest (Opens in new window)Click to share on Pocket (Opens in new window)Click to share on Telegram (Opens in new window)Click to share on WhatsApp (Opens in new window)Click to share on Skype (Opens in new window)Click to email this to a friend (Opens in new window)Like this:Like Loading... Post Author: Good Health Admin
08 SEP ဝိတ်ကျဖို့အတွက် စားသုံးသင့်သော ပရိုတင်းကြွယ်ဝသည့် ဟင်းသီးဟင်းရွက်များ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာနိုင်ဖို့ ကျန်းမာရေးနဲ့...
08 AUG ဘာကြောင့် ဖောရောင် ရပါသလဲ? ဖောရောင်ခြင်း မဖြစ်အောင် ဘယ်လို ကာကွယ်နိုင်ပါသလဲ ? ဘာကြောင့် ဖောရောင် ရပါသလဲ? ဖောရောင်ခြင်း...
08 AUG WHO က ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေဟု သတ်မှတ်လိုက်သည့် မျောက်ကျောက်ရောဂါအကြောင်း WHO က ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေဟု...
25 OCT ဘာကြောင့် ပဲအမျိုးမျိုးက ကျန်းမာရေးကောင်းစေတာလဲ • အမျှင်ဓာတ်ပါဝင်မှုများခြင်း ပဲအမျိုးမျိုးမှာ...