ဓမ္မတာလာတယ်ဆိုတာဘယ်လိုမျိုးလဲ 

♦ သမီးမိန်းကလေးတွေ မွေးလာတဲ့ အခါမှာ သားဥအိမ်ထဲသားဥတွေ သိန်း ချီပါလာတတ်ပြီး အပျိုဖော်မဝင်ခင်အထိ အသုံးပြုလို့ရမနေပါဘူး။ အပျိုဖော်ဝင် တဲ့အခါမှာ ဦးနှောက်ရှိပီကျူထရီဂလင်း ကနေ မလိင်ဟော်မုန်းတွေကို သားဥအိမ် ကထုတ်လုပ်ပေးအောင် လှုံ့ဆော်ပေး မယ့် ဟော်မုန်းတွေ ထွက်လာပါတယ်။ ဒီဟော်မုန်းတွေကြောင့် ကလေးမလေး ကနေ အပျိုကြီးဖားဖား ဖြစ်လာကြတာပါ။
♦ အပျိုဖော်ဝင်တဲ့အခါ တစ်လတစ်ခါ သားဥကြွေပြီး ဓမ္မတာရာသီသွေးဆင်း တတ်ကြပါတယ်။ တစ်လမှာတစ်ကြိမ် သားဥအိမ်ကနေ သားဥပြွန်ထဲသားဥတွေကို ကြွေကျစေပါတယ်။ ကြွေကျလာတဲ့ သားဥကလိင်ဆက်ဆံတဲ့အခါ သားအိမ် ထဲဝင်လာတဲ့ သုက်ပိုးနဲ့တွေ့ပြီး သားဥ ပြွန်ထဲမျိုးအောင်သွားရင် ကိုယ်ဝန်ရှိသွား တတ်ပါတယ်။
♦ လိင်ဆက်ဆံမှုလည်းမရှိ၊ သုက်ပိုးနဲ့ လည်း မျိုးမအောင်ဘူးဆိုရင်တော့ သား ဥကြွေပြီးနောက် ၂ ပတ်အကြာလောက်မှာ ဓမ္မတာလာတဲ့အနေနဲ့ သားဥတွေကို အပြင်ကိုစွန့်ထုတ်ရပါတယ်။ ဓမ္မတာလာ တဲ့အခါ သားအိမ်အတွင်းနံရံကသွေးတွေ တစ်သျှူးတွေကိုပါ စွန့်ထုတ်ရတာကြောင့် သွေးဆင်းရတာပဲဖြစ်ပါတယ်။ ဓမ္မတာ တစ်ခါလာရင် ၃ ရက်ကနေ ၅ ရက်ကြား ကြာတတ်ပါတယ်။
♦ ဓမ္မတာလာတဲ့ရက်တွေမှာ နေထိုင် ရတာ သက်သောင့်သက်သာမရှိပါဘူး။ ဓမ္မတာမလာခင်မှာကတည်းကိုက ဝေဒ နာတွေ ခံစားရတတ်ပါတယ်။ ကိုယ်ပိုင်း ဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါထိခိုက် တတ်ကြပါတယ်။ အဖြစ်များတဲ့ လက္ခဏာ တွေကတော့ ဝက်ခြံပေါက်တာ၊ ပင်ပန်း နုံးချည့်တာ၊ ခါးနာတာ၊ ရင်သားနာတာ၊ ခေါင်းကိုက်တာ၊ ဝမ်းချုပ်တာ၊ ဝမ်းပျော့ တာ၊ ချင်ခြင်းတက်တာ၊ စိတ်ဓာတ်ကျတာ၊ ဗိုက်ရစ်တာ၊ အာရုံစူးစိုက်မှုလျော့တာနဲ့ စိတ်ဖိစီးမှုများတာတို့ပဲဖြစ်ပါတယ်။ ဓမ္မတာမလာခင် ၇ ရက်လောက်ကတည်း က ဖြစ်တတ်ပြီး ဓမ္မတာပေါ်ပြီးတာနဲ့ ပျောက်ကင်းတတ်ပါတယ်။
♦ ဓမ္မတာလာတဲ့အခါမှာတော့ အစော ပိုင်းရက်တွေမှာ ဗိုက်အောင့်တာ၊ ခါးနာ တာတို့ဖြစ်တတ်ပါတယ်။ သွေးဆင်း အောင် သားအိမ်က ကျုံ့ရတဲ့အခါ ဗိုက် နာတာပဲဖြစ်ပါတယ်။ ဓမ္မတာရာသီစက် ဝန်းက ၂၃ ရက်ကနေ ၃၅ ရက်ကြားကြာ လေ့ရှိကာ ပျမ်းမျှအနေနဲ့ ၂၈ ရက် လောက်ကြာလေ့ရှိပါတယ်။
 သန္ဓေတည်တယ်ဆိုတာဘာလဲ
♦ အမျိုးသားနဲ့ အမျိုးသမီး လိင်ဆက် ဆံတဲ့အခါ အမျိုးသားလိင်တံကထွက်ရှိလာတဲ့ သုက်ပိုးတွေဟာ ယောနိလမ်း ကြောင်းထဲ သန်းနဲ့ချီဝင်ရောက်လာပြီး သားအိမ်လည်တံကနေတစ်ဆင့် သား အိမ်ထဲရောက်သွားပါတယ်။ အမျိုးသမီးမှာသားဥကြွေတဲ့ရက်တွေနဲ့ တိုက်နေရင် သုက်ပိုးနဲ့ သားဥတို့ကသားဥပြွန်ထဲဆုံမိ ကြပါတယ်။ သားဥနဲ့ပေါင်းစုံပြီး မျိုး အောင်ဖို့ သုက်ပိုးတစ်ကောင်ပဲလိုပါတယ်။
♦ မျိုးအောင်သွားတဲ့ သားဥလေးကို သန္ဓေဥ (Zygote) လို့ခေါ်ပြီးမျိုးရိုးဗီဇကိုသယ်ဆောင်တဲ့ ခရိုမိုဇုန်းက အဖေဆီကတစ် ဝက် အမေဆီကတစ်ဝက်နဲ့ စုစုပေါင်း ၄၆ခုပါရှိနေပါတယ်။ အဖေနဲ့အမေ မျိုး ရိုးဗီဇ နှစ်ခုပေါင်းပြီးသနေသားလေးကိုဖန်တီးပေးပါတယ်။
♦ ကိုယ်ဝန်ဆောင်ကာလအတွင်း သားအိမ်ထဲ သန္ဓေဥလေးနေသန္ဓေခဲ၊ သန္ဓေသားလောင်း၊ သန္ဓေသားအဖြစ် တဖြည်းဖြည်းကြီးထွားလာပြီးနေ့စေ့လစေ့တဲ့အခါ မွေးကင်းစကလေးငယ်အဖြစ် မွေးဖွားလာပါတယ်။
ဒေါက်တာနုမြတ်သိင်္ဂီဦး

Post Author: Good Health Journal