၀ိတ်ချချင်သူတွေ ကော်ဖီကို ဆိုးကျိုးကင်းအောင် ဘယ်လိုဖျော်သောက်ကြမလဲ

တချို့တွေက အားကစားမပြုလုပ် ခင်မှာ ကော်ဖီသောက်တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကော်ဖီမှာပါတဲ့ ကဖင်းက လှုံ့ဆော်မှုအာနိသင်ရှိပြီး ကယ် လိုရီတွေ လောင်ကျွမ်းဖို့အတွက် ဇီဝရုပ် ဖြစ်စဉ်ကို မြန်စေတာကြောင့်ပါ။ အဲဒီ ကော်ဖီခွက်ထဲကို နောက်ထပ်ပါဝင်ပစ္စည်း သုံးမျိုးကို ထပ်ပေါင်းထည့်လိုက်မယ်ဆို ရင်တော့ ကိုယ်အလေးချိန်လျှော့ချဖို့ အတွက် များစွာ အထောက်အကူဖြစ်သွား စေပါတယ်။ အရသာလည်းကောင်း၊ ကော်ဖီသောက်ရင်းလည်း ဝိတ်ကျဆို တော့ ဒီထက်ကောင်းတာတောင် ဒီ လောက်မကောင်းဘူးလို့ ပြောရမလိုပါ။

ကျွန်မတို့ မြန်မာတွေက ကော်ဖီ၊ လက်ဖက်ရည်တွေ သောက်ပြီဆိုရင် နို့ ဆီ၊ နို့စိမ်းတွေနဲ့ ပျစ်ပျစ်နှစ်နှစ်၊ ချိုချိုအီ အီလေး သောက်လိုက်ရမှ ကြိုက်နှစ် သက်သူတွေ အတော်များပါတယ်။ ဒီလို သာ သောက်နေမယ်ဆိုရင်တော့ ဝိတ်ကျ မှာ မဟုတ်ပါဘူး။ အခုပြောပြမယ့် ဘေး ကင်းပြီး ဝိတ်ကျစေတဲ့ ကော်ဖီကတော့ စျေးကြီးပေးပြီး ဝယ်သောက်ရမှာ မဟုတ် ပါဘူး။ ကော်ဖီမှုန့်စစ်စစ်နဲ့ ဖျော်သောက် ဖို့တော့ လိုပါတယ်။ အခုပြောပြမယ့် ပါ ဝင်ပစ္စည်းသုံးမျိုးထဲက အဆင်ပြေရာ၊ ကိုယ်နှစ်သက်ရာကို တစ်ခုထက်ပိုပြီး ကော်ဖီထဲ ထည့်ဖျော်ကာ သောက်နိုင်ပါ တယ်။

အုန်းဆီ
အုန်းဆီက အဆီများတာကြောင့် ဝိတ်ချရာမှာ သုံးတာ မဖြစ်နိုင်ဘူးလို့ ထင် နေပါသလား။ အုန်းဆီထဲမှာအဆီတွေ အများကြီးပါတာ မှန်ပေမယ့် အုန်းဆီထဲ မှာ တွေ့ရတဲ့အဆီက အသားတွေ၊ ဆီ ကြော်တွေမှာပါတဲ့ ဆီနဲ့ မတူပါဘူး။ လေ့ လာမှုတွေအရ အုန်းဆီမှာပါတဲ့အဆီက Medium-chain fatty acids ဖြစ်တာ ကြောင့် ဇီဝရုပ်ဖြစ်ပျက်မှုကို မြန်ဆန်စေ လို့ ကိုယ်အလေးချိန် လျော့ကျစေပါ တယ်။ အုန်းဆီက အစာစားချင်စိတ်ကို လျော့နည်းစေတယ်လို့လည်း လေ့လာသူ တွေက ပြောပါတယ်။ အုန်းဆီမှာပါတဲ့ အဆီက ကျေနပ်စိတ်ကို ဖြစ်စေလို့ အစာ အလွန်အကျွံ စားမိတာ၊ စိတ်အလိုလိုက် စားမိတာတွေ မဖြစ်အောင် ကာကွယ်မိ စေပါတယ်။ ဇီဝရုပ်ဖြစ်ပျက်မှု မြန်စေပြီး အစာစားချင်စိတ် လျှော့ချပေးတာက ဝိတ်ကျသွားစေတဲ့ အဓိကအကြောင်းဖြစ် ပါတယ်။

ပျားရည်
ကော်ဖီဖျော်တဲ့အခါ အရသာ ချို အောင် သကြားတွေ၊ သကြားတုတွေ ထည့်မယ့်အစား ပျားရည်ထည့်ဖျော် သောက်လိုက်ပါ။ ကော်ဖီတစ်ခွက်ထဲကို ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ဒါမှ မဟုတ် နှစ်ဇွန်းလောက် သောက်လိုက် တာက အရသာပိုကောင်းသွားစေပါ တယ်။ ပျားရည်မှာပါဝင်တဲ့ အချိုဓာတ်က လူကြိုက်များတဲ့ Saccharine ဖြစ်ပြီး ဘာမှပြုပြင်ထားတာမရှိတဲ့ သဘာဝအချို ဓာတ်ဖြစ်ပါတယ်။ ပျားရည်ကနေ အချို ဓာတ်သာမက ဗီတာမင်နဲ့ သတ္တုဓာတ် တွေကိုလည်း ရနိုင်ပါတယ်။ ပညာရှင်တွေ လေ့လာမှုအရ ပျားရည်က ဆဲလ်တွေ အ သုံးပြုဖို့အတွက် အဆီမော်လီကျူးတွေကို လောင်ကျွမ်းစေပါတယ်။ ပျားရည်က အရေပြားအောက်မှာရှိတဲ့ အဆီတွေ လောင်ကျွမ်းပြီး စွမ်းအင်အဖြစ် ပြောင်း သွားတာကြောင့် ဝိတ်ကျသွားစေနိုင်ပါ တယ်။ ကော်ဖီစေ့စစ်စစ်ကနေ အမှုန့် ကြိတ်ထားပြီး ဘာနဲ့မှ မရောမနှောတဲ့ သဘာဝကော်ဖီစစ်စစ်ထဲကို ပျားရည် ထည့်သောက်ရမှာဖြစ်ပါတယ်။

သစ်ကြံပိုးခေါက်မှုန့်
သစ်ကြံပိုးခေါက်ကို အချိုပွဲအတွက် မုန့်တွေပြင်ဆင်ရာမှာ အနံ့အရသာအ တွက် အသုံးပြုတတ်ကြပါတယ်။ ဟင်း ချက်ရာမှာလည်း အနံ့အရသာအတွက် ထည့်သုံးတတ်ပါသေးတယ်။ ဒါ့အပြင် ကော်ဖီတစ်ခွက်ရဲ့ အနံအရသာအတွက် သစ်ကြံပိုးခေါက်မှုန့်ကို သုံးတတ်ကြပါ သေးတယ်။ သစ်ကြံပိုးခေါက်မှုန့်က ကော် ဖီရဲ့ အနံ့အရသာကို ပိုကောင်းစေတဲ့အ ပြင် ဇီဝရုပ်ဖြစ်ပျက်မှု မြန်ဆန်စေတာ ကြောင့် ကိုယ်အလေးချိန်ပါ ကျစေပါ တယ်။ လေ့လာမှုတွေအရ သစ်ကြံပိုး ခေါက်မှုန့်က သွေးကြောတွင်းမှာ သကြား ဓာတ်တွေကို ဆဲလ်တွေက စွမ်းအင်အဖြစ် အသုံးပြုဖို့ လှုံ့ဆော်ပေးပြီး အဆီအဖြစ် ပြောင်းလဲကာ သိုလှောင်သိမ်းဆည်းမှု တားဆီးလိုက်ပါတယ်။ သစ်ကြံပိုးခေါက် မှုန့်မှာ ရောင်ရမ်းမှုကို လျော့နည်းစေတဲ့ အာနိသင်ရှိတာကြောင့် ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုတွေ မရှိအောင်လည်း ထိန်း သိမ်းနိုင် မှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုတွေကြောင့် ဆီးချိုသွေးချို ရောဂါ၊ နှလုံးရောဂါ၊ နှလုံးတိုက်ခိုက်ခံ ရတာနဲ့ လေဖြတ်တာတွေ အဖြစ်များ တယ်လို့ ဆေးပညာရှင်တွေက ပြောပါ တယ်။ ဒါ့အပြင် အဝလွန်တာကလည်း ကိုယ်တွင်း ရောင်ရမ်းမှုတွေကြောင့် ဖြစ် လာတဲ့ ရောဂါတွေထဲက တစ်ခုလို့ ဆိုနိုင် ပါတယ်။

♦ ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal