လှပလိုသူတိုင်း တစ်ပတ် အနည်းဆုံး တစ်ကြိမ်တော့ ခန္ဓာကိုယ်ကို Scrub လုပ်ကြမှာပါ။ ပျိုမေတို့အတွက် ဒီတစ် ပတ်မှာ ပင်လယ်ဆားနဲ့ ပြုလုပ်ထားတဲ့ Scrub လုပ်နည်းလေးကို ဖော်ပြပေးပါရစေ။
ပင်လယ်ဆားဟာ ချွေးပေါက်ပွင့်စေတာ၊ သွေးလှည့်ပတ်မှု ကောင်းမွန်စေတာ၊ ဆဲလ်သစ်မွေးဖွားစေတာနဲ့ ခန္ဓာကိုယ် အတွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာလိုမျိုး အစွမ်းသတ္တိရှိပါတယ်။ ဒါ့အပြင် အသားအရေချောမွေ့စေပြီး စိတ်အပန်းလည်း ပြေစေနိုင်ပါတယ်တဲ့။
♥ လိုအပ်တာတွေက ♥
♦ ပင်လယ်ဆား
♦ အုန်းဆီ
♦ အုန်းနို့
♥ ပြုလုပ်နည်း ♥
♦ ပန်းကန်လုံးတစ်လုံးထဲကို ပင်လယ်ဆား တစ်ခွက်စာ ထည့်ပါ။
♦ ပြီးရင် အုန်းဆီ ထမင်းစားဇွန်း နှစ်ဇွန်းခွဲစာ ရောထည့်ပါ။
♦ အဲဒီထဲကို ထမင်းစားဇွန်းလေးဇွန်းစာ အုန်းနို့ရည် ပေါင်းထည့်ပါ။
♦ ပါဝင်ပစ္စည်းအားလုံးကို ရောစပ်ပြီး သမအောင် မွှေပါ။
♦ နောက်ဆုံးမှာ ရလာတဲ့ Scrub ကို ဖန်ပု လင်းတစ်ခုထဲမှာသိမ်းဆည်းကာ အလုံပိတ် ထားပါ။
♥ Tips ! ♥
Scrub အသုံးပြုတော့မယ်ဆိုရင် ♥♥♥
♦ Scrub ကို သင့်ခန္ဓာကိုယ်အနှံ့ ညင်သာစွာပွတ်တိုက်ပါ။
♦ လိမ်းနေစဉ်မှာ စက်ဝိုင်းပုံစံ ညင်သာစွာ နှိပ်နယ်ပါ။
♦ မိနစ်အနည်းငယ်ထားပြီးနောက် ရေနွေးဆွတ်ထားတဲ့ မျက်နှာသုတ်ပ၀ါနဲ့ ပွတ်သုတ် ဖယ်ရှားပါ။
♦ တစ်ပတ်ကို အနည်းဆုံး နှစ်ကြိမ်ခန့် ပြုလုပ်နိုင်ပါတယ်။
◘ ဆူးမြာ