ဘာကြောင့် ငှက်ပျောသီး စားသင့်သလဲ

#နှလုံးကျန်းမာရေးကောင်းမွန်နိုင်ပါတယ်
ငှက်ပျောသီးဟာ ဆိုဒီယမ်အနည်းငယ်သာ ပါဝင်ပြီး ပိုတက်ဆီယမ် များစွာ ပါဝင်တာကြောင့် သွေးဖိအားကျဆင်းဖို့ ကူညီနိုင်ပြီး လေဖြတ်တာ ဒါမှမဟုတ် Heart attack မဖြစ်အောင်ကာကွယ်နိုင်တု့ အတွက် နှလုံးကျန်းမာရေးကောင်းစေတဲ့ အစာဖြစ်ပါတယ်။

#သွေးအားနည်းရောဂါအတွက် ကောင်းမွန်ပါတယ်။
သူ့ဆီက သံဓာတ်လည်းရရှိနိုင်တာမို့ သွေးနီဥနဲ့ ဟေမိုဂလိုဘင်ထုတ်လုပ်မှု အတွက်လှုံ့ဆော်ပေးကာ သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

#အစာအိမ်အနာအတွက်ကောင်းမွန်ပါတယ်
ငှက်ပျောသီးက ပျော့ပြောင်းနူးညံ့ပြီးကြေလွယ်တာကြောင့် အစာအိမ်နံရံ အမြှေးပါးကို အစာအိမ်အက်စစ် ကြောင့် တိုက်စားမှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ရင်ပူနာ ခံစားရရင်လည်း ငှက်ပျောသီး တစ်လုံး စားလိုက်ပါ။ သက်သာသွားပါလိမ့်မယ်။

#စိတ်ကျဝေဒနာသက်သာနိုင်ပါတယ်
ငှက်ပျောသီးမှာ များစွာပါဝင်တဲ့ tryptophan တွေက ကိုယ်တွင်းမှာ ဆီရိုတိုနင်အဖြစ် ပြောင်းလဲနိုင်ပါတယ်။ ဆီရိုတိုနင်က စိတ်ခံစားမှု ကောင်းမွန် စေတဲ့ ဟော်မုန်း ဖြစ်တာကြောင့် စိတ်အေးချမ်းမှုရှိကာ ပျော်ရွှင်မှု ရရှိနိုင်တဲ့ အတွက် စိတ်ကျဝေဒနာ လျော့ပါး နိုင်ပါတယ်။

#ဝမ်းချုပ်တာသက်သာနိုင်ပါတယ်
သူ့မှာများစွာပါဝင်တဲ့ အမျှင်တွေက ဝမ်းလှုပ်ရှားမှု မှန်အောင် လှုံ့ဆော်မှု ပေးနိုင်တာကြောင့် ဝမ်းမှန် နိုင်ပါတယ်။

#ကိုယ်အပူချိန်ထိန်းနိုင်ပါတယ်
ရာသီဥတု ပူပြင်းတဲ့အခါမှာ ကိုယ်တွင်းအပူ လျော့ကျအောင် ငှက်ပျောသီး တစ်လုံးလောက် စားလိုက်ပါ။ အဖျားရှိနေရင်လည်း ကိုယ်အပူချိန်လျော့အောင် ငှက်ပျောသီး စားနိုင်ပါတယ်တဲ့။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal