အနံ့ပျောက်တာက ကိုဗစ်-၁၉ ရောဂါရဲ့ အဓိကလက္ခဏာတစ်ရပ် ဖြစ်လာပြီလား

Covid-19 ရောဂါကူးစက်ခံရသူတွေ များလာတာကြောင့် ကူးစက်ခံရတာ နည်းအောင် ဘယ်လိုဂရုစိုက်သင့်ပါသလဲ။
ပညာရှင်တွေ သုံးသပ်ချက်အရ ရောဂါပိုးကူးစက်နိုင်ခြေနည်းလမ်း နှစ်ခု ရှိပါတယ်။ ပထမတစ်ခုအနေနဲ့က ရော ဂါပိုးရှိသူက နှာချေ၊ ချောင်းဆိုးလိုက်တဲ့ အခါ ထွက်လာတဲ့ အမှုန်အမွှားတွေ၊ စကားကျယ်ကျယ်လောင်လောင် ပြော လိုက်တဲ့ အခါမျိုးမှာ ထွက်လာတဲ့ အမှုန် အမွှားတွေကနေတစ်ဆင့် ကူးစက်နိုင်ပါ တယ်။ အဲဒီလိုအချိန်မျိုးမှာ ရောဂါပိုးရှိတဲ့ သူကလည်း Mask တပ်မထားဘူး၊ တခြား တစ်ယောက်ကလည်း Mask တပ်မ ထားဘူးဆိုရင် ရောဂါပိုးကူးစက်ခံရနိုင် ခြေ ပိုများပါတယ်။ နောက်နည်းလမ်း တစ်ခုက ရောဂါပိုးရှိတဲ့သူက နှာချေ၊ ချောင်းဆိုးလိုက်တဲ့အခါထွက်လာတဲ့ အမှုန်အမွှားတွေက အသုံးအဆောင်ပစ္စည်း တွေမှာသွားကပ်နေတတ်ပါတယ်။ အဲဒါ တွေကို ကိုင်မိပြီး မိမိပါးစပ်၊ နှာခေါင်း၊ မျက်စိတွေကို သွားကိုင်မိရင် ထိတွေ့ ကိုင်တွယ်မှုကတစ်ဆင့် ကူးစက်နိုင်ပါ တယ်။ ပြီးတော့ လေထဲမှာ ပျံ့နှံ့နေပြီလား ဆိုတဲ့ အခြေအနေတစ်ခုကို ပညာရှင် တွေ သုံးသပ်ထားတာက အလုံပိတ်အ ခန်းတွေမှာ၊ လေဝင်လေထွက် မကောင်း တဲ့နေရာတွေမှာ ရောဂါပိုးက လေထဲက ပျံ့နှံ့နေထိုင်နိုင်ပြီး Mask က တပ်ထား တာမျိုးမရှိရင် ကူးသွားနိုင်ပါတယ်။ ဒါကြောင့် မိမိအိမ်ခန်းဖြစ်ဖြစ်၊ ရုံးခန်းဖြစ် ဖြစ် လေဝင်လေထွက်ကောင်းအောင် ဆောင်ရွက်ထားဖို့ အရေးကြီးပါတယ်။

အနံ့ပျောက်တာက Covid-19 ရောဂါ ရဲ့ အဓိကလက္ခဏာတစ်ရပ်ဖြစ်လာပြီ လား။
အနံ့ပျောက်လို့ စစ်ဆေးလိုက်တဲ့အခါ အနံ့ပျောက်သူတွေရဲ့ ၂၈-၃၀ ရာခိုင်နှုန်းဟာ Positive ဖြစ်တာကို တွေ့ရပါတယ်။ ဒါတွေကိုကြည့်ခြင်းအားဖြင့် Covid-19 ရဲ့ အဓိက လက္ခဏာတစ်ခုက အနံ့ပျောက်တာလို့ ပြောလို့ရပါတယ်။ ဒါကြောင့်မို့ အနံ့မရတော့ဘူးဆိုရင် နီးစပ်ရာ Fever Clinic ပဲဖြစ်ဖြစ်၊ နီးစပ် ရာ ဆေးရုံ၊ သက်ဆိုင်ရာ ကိုဗစ်ကော်မတီ၊ မြို့နယ်ကျန်းမာရေးဌာနကို အကြောင်းကြား၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တွေကို အကြောင်းကြားပြီးတော့ အနံ့ပျောက်စင်တာတွေမှာ နေပြီးတော့ ဆေးကုသမှုခံယူဖို့ လိုပါတယ်။

Covid ဖြစ်ပြီးသူတွေအနေနဲ့ နောက် တစ်ကြိမ်ကူးစက်မှုမဖြစ်ရအောင် ဘယ် လိုနေထိုင်သင့်ပါသလဲ။
ဗိုင်းရပ်စ်ရဲ့သဘောတရားက အပြီး ပျောက်သွားတယ်ဆိုတာတော့ မရှိပါ ဘူး။ ဂျာမနီနိုင်ငံ၊ စင်ကာပူနိုင်ငံတွေရဲ့ ပညာရှင် တွေ လေ့လာသုံးသပ်ချက်အရ ရောဂါပိုး ကူးစက်ခံရသူက ၈ ရက်နဲ့ ၁၁ ရက်လောက်ကြာပြီးရင် တခြားလူကို ကူးစက်နိုင်ဖို့အတွက် ဗိုင်းရပ်စ်ရဲ့အားက ပျော့သွားတာကြောင့် တခြားသူကို ကူး စက်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် ဆေးရုံ ဆင်းခွင့်သတ်မှတ်ချက်တွေကို နောက်ပိုင်းမှာ ဖြေလျှော့ပေးလိုက်တာ ဖြစ်ပါတယ်။ ပြီးတော့ တခြားလူတွေအ နေနဲ့လည်း ဆေးရုံက ဆင်းတဲ့သူတွေကို မကြောက်ပါနဲ့။ သူတို့တွေဆီက ရောဂါပိုး ကူးစက်နိုင်ဖို့ တော်တော်လေး နည်းပါ တယ်။ ဒါပေမဲ့ ဆေးရုံက ဆင်းသွားတဲ့သူ တွေကလည်း ငါကတော့ ရောဂါဖြစ်ပြီးပြီ ဆိုပြီး မပေါ့ဆဖို့လိုတယ်။ ဘာကြောင့်လဲ ဆိုရင် ကိုယ်ကိုယ်တိုင်ကလည်း နောက် တစ်ကြိမ် ရောဂါကူးစက်ခံရနိုင်ခြေ ရှိပါ တယ်။ ရောဂါဖြစ်ပြီးတဲ့သူက နောက်တစ် ကြိမ် ရောဂါပိုးမကူးစက်နိုင်ဘူးလို့ ဘယ် ပညာရှင်ကမှ ထောက်ပြထားတာမျိုး မရှိ တဲ့အတွက် Covid-19 ရောဂါဖြစ်ပြီး နေပြန်ကောင်းသွားတဲ့သူတွေအနေနဲ့ ပုံမှန် အချိန်မှာ တပ်ဆင်သလို နှာခေါင်း စည်း (Mask) တပ်ဆင်ပါ၊ ခပ်ခွာခွာ နေပါ၊ လူစုလူဝေးရှောင်ရှားပါ၊ လက် မကြာခဏဆေးဖို့ လိုအပ်ပါတယ်။

Covid-19 ရောဂါကြောင့်သေဆုံးသူ လူနာတွေများလာတာကို တွေ့ရပါ တယ်။ ဒီအပေါ်မှာ ဆရာ့ရဲ့ထင်မြင်သုံး သပ်ချက်လေး ပြောပေးပါဦး။
Covid-19 ရောဂါကြောင့် သေဆုံး သူတွေထဲမှာ ရောဂါအခံရှိသူတွေပိုများ တာကို တွေ့ရပါတယ်။ အခုနောက်ပိုင်း မှာတော့ ရောဂါအခံမရှိဘဲ သေတဲ့သူတွေ လည်း ရှိလာတာကိုတွေ့ရပါတယ်။ ဒါ ကြောင့် အားလုံးမပေါ့ဆဖို့လိုအပ်ပါ တယ်။ ရောဂါအခံရှိသူတွေအနေနဲ့က တော့ ပိုပြီးတော့သတိထားနေထိုင်သင့်ပါ တယ်။ တကယ်လို့ ကိုယ့်မှာ သွေးတိုး၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးရောဂါ၊ နာတာရှည်ရောဂါတွေဖြစ်တဲ့ ကင်ဆာ ရောဂါ၊ ကျောက်ကပ်ရောဂါ စတဲ့ ရောဂါ အခံတစ်ခုခုရှိနေတယ်၊ အသက် အရွယ် တွေကလည်း ကြီးတယ်ဆိုရင် လက်ရှိ သောက်နေကျဆေးတွေကို ဆက်ပြီး သောက်ဖို့လိုအပ်တယ်၊ စိတ်ဓာတ်မကျ ဖို့လိုတယ်၊ ကိုယ်ခံအားကောင်းအောင် နေဖို့လိုတယ်။ အာဟာရရှိအောင် အစား အသောက်တွေစားဖို့လိုတယ်၊ အိပ်ရေး ဝဝအိပ်ဖို့လိုပါတယ်။ အဓိကအားဖြင့် တော့ လက်ရှိသောက်နေကျ ဆေးတွေ မပြတ်သွားဖို့ လိုအပ်ပါတယ်။ ရောဂါအခံ ရှိတဲ့ မိသားစုဝင်တွေအနေနဲ့ သူတို့တွေ ကိုပိုပြီးတော့ ဂရုစိုက်ပြီးတော့အားပေးရ မယ်။
အပြင်ထွက်ပြီး စီးပွားရှာနေရသူ တွေ၊ အလုပ်လုပ်နေရသူတွေ၊ တခြားကိစ္စ ကြောင့် အပြင်ထွက်နေရသူတွေက အိမ် မှာရှိတဲ့ သက်ကြီးရွယ်အို၊ ရောဂါအခံ ရှိသူတွေနဲ့ ဒီကာလတွေမှာ နီးနီးကပ် ကပ်နေတာကို ရှောင်ရှားပါ။ စိတ်ချင်းနီး ပြီး ကိုယ်ချင်းခွာနေဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့အနေနဲ့ အိမ် ထဲမှာနေပြီး ရောဂါပိုးကူးစက်ခံရရင် သနားစရာ ကောင်းပါတယ်။ တကယ်လို့ သူတို့ ကိုယ်တိုင်ကလည်း အလုပ်လုပ် နေရတယ်၊ အပြင်ထွက်နေရသေးတယ် ဆိုရင်တော့ နှာခေါင်းစည်း (Mask) ကို သေသေချာချာ တပ်ပါ။ လက်ကို မကြာ ခဏ ဆေးပါ၊ လူစုလူဝေးရှောင်ပါ၊ ကိုယ် သောက်နေကျဆေးကို ပုံမှန်သောက်ပါ။

Covid ကာလမှာ ဆေးရုံဆေးခန်းသွားဖို့ ကြောက်နေကြတာတွေ့ရတယ်။ ဒီအ တွက်လေး ပညာပေးစကားလေးပြော ပေးပါဦး။
Covid ကာလမှာ လူတိုင်းက စိတ် ဖိစီးမှုတွေများတယ်၊ စိုးရိမ်ကြောင့်ကြ တာတွေ များတယ်၊ အိပ်မပျော်၊ စားမ ဝင်ကြဘူး။ ကိုယ့်အတွက် ပူပင်ရတာက တစ်မျိုး၊ ကိုယ့်မိတ်ဆွေတွေ၊ ကိုယ့် ဆွေ မျိုးတွေအတွက် ပူပင်ရတာက တစ်မျိုးနဲ့ စိုးရိမ်ပူပန်မှုတွေများစွာ ရှိကြပါတယ်။ ဒါတွေကြောင့် ခေါင်းကိုက်တတ်တယ်၊ အိပ်ရေးမဝဘူး၊ အသက်ရှူမဝဘူး၊ အ သက်ရှူကျပ်တယ်၊ ပင်ပန်းနွမ်းနယ်ပင် ပန်းတယ် စတာတွေ ဖြစ်ပါတယ်။ ဒါ ကြောင့် စိတ်ဖိစီးမှုကိုလျှော့ပါ၊ စိတ်ကို ပျော်ပျော်ရွှင်ရွှင်ထားပါ၊ တတ်နိုင်သ လောက် အကောင်းမြင်ပါ၊ အိပ်ရေးဝ၀ အိပ်ပါ၊ သက်ဆိုင်ရာ ဘာသာအလိုက် ဘုရား၊ တရားလုပ်ပါ၊ အာဟာရပြည့်ဝ အောင်စားပါ၊ အစားအသောက်စားတဲ့အ ခါမှာလည်း စွပ်ပြုတ်တွေ၊ သစ်သီးဖျော် ရည်တွေ၊ ကြက်ဥတွေ၊ အားဆေးတွေ စတာတွေကို ပုံမှန်စားသောက်နေထိုင် ပါ။ တကယ်လို့ ခေါင်းကိုက်ခဲ့ရင် ကိုယ် သောက်နေကျ အကိုက်အခဲပျောက် ဆေးတွေကို အစာစားပြီးတော့ သောက် ပါ။ ပြီးတော့ ဗီတာမင် စီ<ကယ်ဝတဲ့ အားဆေးတွေလည်း သောက်ပါ။ ဒါတွေ ကလည်း ဆေးရုံဆေးခန်းကို သွားစရာ မလိုဘဲ မိမိအိမ်မှာ လုပ်နိုင်တဲ့ နည်းလမ်း တွေ ဖြစ်ပါတယ်။ အဓိက ကတော့ ချောင်းဆိုးရင် ချောင်းဆိုး ပျောက်ဆေး၊ နှာစေးရင် နှာစေးပျောက် ဆေး၊ ဖျားရင် အဖျားပျောက်ဆေးတွေ ဝယ်သောက်ပြီး တတ်နိုင်သလောက် မိမိအိမ်မှာပဲ နေပြီး တော့ ဆေးကုကြည့်ပါ။
ဒီလိုမှမဟုတ်ဘဲ အသက်ရှူကျပ် လာပြီးတော့ အသက်ရှူမဝတာတွေ ဖြစ်လာရင် အောက်ဆီဂျင် Level တိုင်း ကြည့်ပြီးတော့ အောက်ဆီဂျင်ကျနေ တယ်၊ အနံ့ပျောက်နေတယ် ဆိုရင်တော့ ဆေးရုံဆေးခန်းကို အမြန်ဆုံး သွား ရောက်ဖို့ လိုအပ်ပါတယ်။

ဒေါက်တာကျော်စွာဦး (အထွေထွေရောဂါကုဆရာဝန်)

Post Author: Good Health Journal