ကိုဗစ်ကာလ အိမ်တွင်းအောင်းရင်း နေ့စဉ် ကယ်လိုရီ ၁၀၀ လျှော့ချရအောင်

ကိုဗစ်ကာလ အိမ်တွင်းအောင်းရင်း နေ့စဉ် ကယ်လိုရီ ၁၀၀ လျှော့ချရအောင်
ဝိတ်မတက်ချင်ပေမယ့် အိမ်တွင်း အောင်းနေရတဲ့ ကိုဗစ်ကာလမှာ အွန် လိုင်းက ရောင်းတဲ့ ဆိုင်တွေကနေ အစား အစာတွေမှာစားလိုက်၊ အစားအစာ ဂရု(ပ်)တွေမှာ တင်တာတွေကို ကြည့်ပြီး လုပ်စားလိုက်နဲ့ လူက ဝပြီးရင်း ဝလာ၊ လှုပ်ရှားမှုက နည်း၊ အိမ်ကနေ အလုပ် လုပ်ရတော့ ထိုင်ရာက မထချင်၊ တစ် ကိုယ်လုံးမှာ လှုပ်တာဆိုလို့ ပါးစပ်တစ်ခုပဲ ရှိတော့ ဒီခန္ဓာကိုယ်က တက်ပြီးရင်းတက်၊ ဝပြီးရင်း ဝလာတာ မဆန်းပါဘူး။ ဒါ ကြောင့် တစ်နေ့ကို ကယ်လိုရီ ၁၀၀ လောက်သာလောင်ကျွမ်းအောင် လုပ်နိုင် မယ်ဆိုရင် သင့်ကို တစ်နှစ် အတွင်းမှာ ကိုယ်အလေးချိန် ၁၀ ပေါင်ကျဆင်း သွားအောင် စွမ်းဆောင်နိုင်ပါတယ်။ အခု ပြောပြမယ့် နည်းလမ်းတွေထဲက တစ်ခု ကို ရွေးချယ်ပြီး နေ့စဉ်လုပ်ဆောင် ကြည့်ပါ။ တကူးတက အပန်းမကြီးဘဲ တစ်နေ့ကို ကယ်လိုရီ ၁၀၀ လောင်ကျွမ်း စေပါတယ်။

နည်းလမ်း (၁)
သင်စားတဲ့ အစားအစာတွေရဲ့ ပမာဏကို မှန်မှန်ကန်ကန်စားတတ်တဲ့ အလေ့အကျင့်ရှိနေဖို့က အရေးကြီး ပါတယ်။ သင်စားမယ့် ပန်းကန်ကို လေး ပုံပုံပြီး တစ်ပုံကို ထမင်း၊ နှစ်ပုံကို ဟင်း သီးဟင်းရွက်နဲ့ ကျန်တစ်ပုံကို သားငါး ထည့်စားပါ။

နည်းလမ်း (၂)
သင်ဟာ အစာစားတဲ့အခါ ဗိုက် ပြည့်သွားအောင်စားမယ့်အစား ၈၀ ရာခိုင်နှုန်းအထိပဲ ပြည့်အောင်စားပြီး ကျန်တဲ့ ၂၀ ရာခိုင်နှုန်းလောက်တော့ လျှော့စားပေးပါ။
နည်းလမ်း (၃)
သကြားမပါဘဲ အနံ့ထည့်ထားတဲ့ ပီကေကို တီဗီကြည့်ရင်း၊ အင်တာနက် သုံးရင်း ဝါးပေးပါ။ ညစာမစားခင် ပီကေ ဝါးပေးတာက ညစာလျှော့စားမိစေပါ တယ်။

နည်းလမ်း (၄)
စကားတပြောပြောနဲ့ ထမင်းစား တာက သင်ဗိုက်ပြည့်သွားတယ်ဆိုတာကို မသိနိုင်တော့ဘဲ အစားကို အထိန်းအ ကွပ်မရှိ စားမိတတ်ပါတယ်။ စားတဲ့အစား အသောက်ကိုလည်း သင့်ကျန်းမာရေးနဲ့ ညီညွတ်မှု ရှိ၊ မရှိ မရွေးချယ်တော့ပါဘူး။ အများစုက ဒီအချက်ကို မေ့နေတတ် ပါတယ်။ ဒါကြောင့် အစာစားချိန်မှာ စကားမပြောဘဲ သင်စားတဲ့ အစာအပေါ် မှာပဲ စိတ်ကိုထားပြီး စားပေးပါ။

နည်းလမ်း (၅)
ယောဂနဲ့ ကိုယ်အလေးချိန် လျှော့ချ နိုင်တာ ဘယ်လိုဆက်စပ်နေလဲ ဆိုတာ ကို သုတေသီတွေက လေ့လာကြည့်တဲ့ အခါ ယောဂလေ့ကျင့်သူတွေဟာ အစား အသောက်စားရာမှာလည်း သတိထားပြီး စားသောက်တဲ့အကျင့်ရသွားပြီး အစား အသောက်တွေကို အလွန်အမင်းပြည့် အင့်တဲ့အထိမစားမိအောင် ကိုယ့်ကိုယ် ကိုယ်ထိန်းချုပ်နိုင်စွမ်းမြင့်မားလာပါ တယ်။
နည်းလမ်း (၆)
ဝက်ဆားနယ်ခြောက်စားတာ၊ အသားညှပ်ဆင်း(ဒ်)ဝှစ်စားတာတွေကို ရှောင်လိုက်ပါက သင်စားတဲ့အစားအ သောက်ထဲကနေ ကယ်လိုရီ ၁၀၀ ရရှိမှု ကို လျှော့ချနိုင်ပါလိမ့်မယ်။ အသားနဲ့ ချိစ် ညှပ်ထားတဲ့ဆင်းဝှစ်အစားအသီးအရွက် ညှပ်ထားတဲ့ ဆင်း(ဒ်)ဝှစ်ကို စားပေးပါ။

နည်းလမ်း (၇)
ကောက်နှံတစ်ခုလုံးကို စား သုံး ပေးပါက ကယ်လိုရီ အနည်းငယ်သာ ရရှိ စေပြီး ကိုလက်စထရောအဆင့်ကို ကောင်းမွန်စေပါတယ်။ ကောက်နှံတစ်ခု လုံးနဲ့ ပြုလုပ်ထားတဲ့ အစားအသောက် တွေ သင့်ပတ်ဝန်းကျင်မှာ များစွာဝယ်ယူ စားသုံးနိုင်တယ်ဆိုပေမယ့် သကြားနဲ့ ခရင်မ်ပါဝင်မှု များတာတွေကို မစားသင့် ပါဘူး။

နည်းလမ်း (၈)
အချိုရည်တွေ သောက်မယ့်အစား ရေပဲသောက်ပါ။ သင်ရဲ့တစ်နေ့တာထဲ က သကြား ၁၀ ဇွန်းစာ လျှော့ချပြီးသား ဖြစ်စေပါတယ်။ ရေပဲသောက်ရတာကို မနှစ်သက်ပါက ရေထဲကို ရှောက်ရည် အ နည်းငယ်ညစ်ပြီးသောက်တာ၊ စတော် ဘယ်ရီသီးထည့်သောက်မျိုးလုပ် ဆောင်ပါ။

နည်းလမ်း (၉)
ညစဉ်အိပ်စက်တိုင်းမှာ အိပ်ချိန် ထက် တစ်နာရီပို အိပ်စက်ပေးပါက တစ်နှစ်အတွင်းမှာ ကိုယ်အလေးချိန် ၁၄ ပေါင်ကျဆင်းစေတယ်လို့ မစ်ချီဂန် တက္ကသိုလ်မှ သုတေသီတွေက ပြောပါ တယ်။ အိပ်စက်မှုပိုတာက သရေစာစား ချင်စိတ်ကို လျှော့ချပေးတာကြောင့် ကယ်လိုရီ ၆ ရာခိုင်နှုန်းလောက် ကျဆင်း စေတယ်လို့ ယူဆကြပါတယ်။ လူတစ် ယောက်နဲ့တစ်ယောက် မတူ ကြဘူးဆို ပေမယ့်အိပ်စက်ချိန်ပိုယူတာက အကျိုး သက်ရောက်မှု ရှိစေပါတယ်။

နည်းလမ်း (၁၀)
အစာစားဖို့ အချိန်မိနစ် ၂၀ ပေးပြီး ဖြည်းဖြည်းစားပါ။ ဒါဟာ ရှင်းလင်းလွယ် ကူပြီး ကိုယ်အလေးချိန် ကျဆင်းစေနိုင် တဲ့ ထိပ်တန်းနည်းလမ်း တစ်ခုပါ။ အစာ ကို တစ်လုတ်ချင်း၊ တစ်ကိုက်ချင်းအရ သာ ခံစားသုံးပါက အစာစားချိန်သိသိ သာသာ နှေးကွေးသွားစေပါတယ်။ အစာ ကို အမြန်စားသုံးပါက တင်းတိမ်သွားပြီး စာလောင်မှုပြေပျောက်သွားပြီ ဆိုတဲ့ သတင်းအချက်အလက်ကို ဦးနှောက် ဆီ ပို့ဆောင်တဲ့နေရာကို ပိတ်ဆို့လိုက်တာ ကြောင့် အစာပိုစားမိစေပါတယ်။
အခုဆက်ပြီးပြောပြမယ့် နည်းလမ်း တွေကတော့ ကယ်လိုရီလောင်ကျွမ်းမှု ကို အားပေးနိုင်တာတွေဖြစ်လို့နေ့စဉ် လုပ်ဆောင်ကြဖို့ကိုလည်း တိုက်တွန်းပါ တယ်။

နည်းလမ်း (၁၁)
တစ်မိုင်အကွာအဝေးကို မိနစ် ၂၀ အတွင်းရောက်အောင် လမ်းလျှောက်ပါ။ လူသူရှင်းတဲ့နေရာမျိုး ဖြစ်ရပါတယ်။ လူ တွေရှုပ်တဲ့နေရာမျိုးမှာ လမ်းလျှောက် တာကြောင့် ရောဂါပိုးကူးစက်နိုင်ခြေ များပါတယ်။

နည်းလမ်း (၁၂)
သင့်ခြံဝင်းထဲမှာ ပေါက်ရောက်နေ တဲ့ ပေါင်းမြက်တွေနုတ်တာ၊ ပန်းပင် တွေကို ပြုပြင်တာ စတာတွေကို မိနစ် ၂၀ လောက် အချိန်ပေးပြီး ပြုလုပ် လိုက်တာကြောင့် ခန္ဓာကိုယ်အတွင်းက ကယ်လိုရီတွေကို လောင်ကျွမ်းသွားစေ ပါတယ်။ အိမ်မှာနေရင်းနဲ့ ကယ်လိုရီတွေ လောင်ကျွမ်းကာ ဝိတ်ကျစေတဲ့အပြင် စိတ်ချမ်းမြေ့မှုကိုလည်း ရရှိခံစားရစေပါ တယ်။

နည်းလမ်း (၁၃)
အိမ်သန့်ရှင်းရေးကို မိနစ် ၃၀ လောက် အချိန်ပေးပြီး လုပ်ဆောင်ပါ။ ကယ်လိုရီတွေလောင်ကျွမ်းသွားစေပြီး ဝိတ်ကျစေပါတယ်။ အိမ်တွင်းမှာပဲ ကိုယ် လက်လှုပ်ရှားမှုရှိစေတဲ့အပြင် အိမ်တွင်း သန့်ရှင်းသွားတာကြောင့် ကျန်းမာရေး ညီညွတ်မှုရှိတဲ့ အလေ့အကျင့်ကောင်းပဲ ဖြစ်ပါတယ်။

နည်းလမ်း (၁၄)
တစ်နေ့ကို ၁၀ မိနစ်လောက် ဖြည်း ဖြည်းမှန်မှန်ပြေးပါ။ အိမ်အပြင် ထွက်ဖို့ ရောဂါပိုးကြောင့် စိတ်ချရမှု မရှိဘူးဆိုရင် အိမ်ခြံဝန်းအတွင်းမှာပဲ ပြေးပါ။ အသက် ကြီးသူတွေဆိုရင် လမ်းလျှောက်ပေးတာ လောက်နဲ့လုံလောက်ပါတယ်။

ခိုင်သစ္စာရှင် (ဆေးဝါး)

Post Author: Good Health Journal