ကိုဗစ်ဒုတိယလှိုင်းမှာ ဘာတွေထိခိုက်သွားလဲ

အခုဆိုရင် တိုင်းနဲ့ပြည်နယ်အသီးသီးမှာ Covid လူနာတွေများလာပြီး ဆေးရုံ တွေမှာလည်း နေရာမလုံလောက်တာ တွေ ရှိလာတော့လေ Covid ဒုတိယ လှိုင်းက စိုးရိမ်စရာအခြေအနေဖြစ်လာပြီ လား ဆရာ။
အခု Covid ဒုတိယလှိုင်းက စိုးရိမ် စရာအခြေအနေတစ်ခု ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုရင် ကျန်းမာရေးဝန် ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေ၊ အလှူ ရှင်တွေ၊ တခြားနှီးနွယ်ပြီး ၀ိုင်းဝန်းကူညီ ဆောင်ရွက်နေတဲ့ဝန်ထမ်းတွေရော အ ကုန်လုံးက ပင်ပန်းနေကြပြီ။ ခြေကုန် လက်ပန်းကျနေကြပြီ။ တချို့နိုင်ငံတွေဆို တတိယလှိုင်း၊ စတုတ္ထလှိုင်းတောင်ပြော နေကြပြီဆိုတော့ ကျွန်တော်တို့နိုင်ငံလို ဖွံ့ဖြိုးဆဲ တိုင်းပြည်အတွက် ပိုပြီးတော့ စိုးထိတ်စရာ ရှိပါတယ်။ ဘာကြောင့်လဲ ဆိုရင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေမှာ တောင် (Mask) တွေ မတပ်ကြလို့၊ စည်းကမ်းတင်းကျပ်မှုတွေကို သေသေ ချာချာ မလိုက်နာကြလို့ လူဦးရေ သိန်းနဲ့ ချီ၊ သန်းနဲ့ချီ ရောဂါကူးစက်နေတာတွေ တွေ့နေရပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် လည်း အခုအခြေအနေကတော့ ရောဂါ ပိုးတွေ့ရှိသူတွေများလာတော့ စိုးရိမ်စရာ ဖြစ်လာတာပေါ့။ ဥပမာအနေနဲ့ ရန်ကုန် တိုင်းနေရာမှာဆို ရောဂါပိုးတွေ့ရှိမှုနှုန်း ကို ထိန်းနိုင်သိမ်းနိုင် ဖြစ်နေသေးတယ်။ ဒါပေမဲ့ နယ်တွေမှာဆိုရင်တော့ အ တော်လေးစိတ်ပူရပါတယ်။ ဘာကြောင့် လဲဆိုရင် နယ်တွေမှာက ရန်ကုန်လို ဆေးရုံတွေ၊ ကုသရေးစင်တာတွေ အ များကြီးမရှိသေးပါဘူး။ မန္တလေးတိုင်းဒေ သကြီးမှာတော့ စပြီး ပြင်ဆင်ထားပါပြီ။

အခုဆိုရင် ကျန်းမာရေးဝန်ထမ်းအတော် များများ ကိုဗစ်ကူးစက်ခံထားရတယ်၊ ရှိ တဲ့ ကျန်းမာရေးဝန်ထမ်းတွေကလည်း အတော်လေးပင်ပန်းနေကြပြီဆိုတော့ နောက်ပိုင်းမှာအခက်အခဲတွေ ဖြစ်လာ နိုင်မလားဆရာ။
နောက်ပိုင်းမှာတော့ အခက်အခဲ တွေ ရှိကောင်းရှိလာနိုင်ပါတယ်။ တကယ် လို့ သာ လူနာတွေဒီထက်ပိုများလာပြီး မထိန်းနိုင်တော့တဲ့ အခြေအနေတစ်ခု ဖြစ်လာခဲ့ရင် ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့လည်း နိုင်သလောက်တော့ ကုသ နေမှာပါ။ မနိုင်တဲ့အရာကိုတော့ လွှတ်ချ ရမယ့် သဘောဖြစ်မှာပေါ့။ ဒီလိုလုပ်တာ ကလည်း လူသားချင်းမစာနာလို့တော့ မဟုတ်ပါဘူး။ ဥပမာ-အီတလီနိုင်ငံမှာ ဆိုရင် ဖြစ်ခဲ့ပါသေးတယ်။ အဲဒီမှာဆိုရင် အသက်ကြီးတဲ့သူတွေကို မကြည့်ပေးနိုင် တော့ဘူးပေါ့လေ။ ဒါကြောင့် မြန်မာနိုင်ငံ အနေနဲ့ ဆိုးရွားတဲ့အခြေအနေမျိုး မရောက်အောင် ပြည်သူလူထုအနေနဲ့ ဝိုင်းဝန်းသိမ်းထိန်းကြဖို့ လိုအပ်ပါတယ်။အခုလိုအခြေအနေမှာဆိုရင်လည်း ကျန်းမာရေးဝန်ထမ်းတွေက ပင်ပန်းနေ ကြပြီ၊ Positive ထိထားတာတွေလည်း ရှိတယ်။ ပြီးတော့ သူတို့အနေနဲ့ စိတ်ပင် ပန်း၊ လူပင်ပန်းနဲ့ စိတ်ဖိစီးမှုတွေလည်း များရပါတယ်။

Stay at Home သတ်မှတ်ထားပေမယ့်
စည်းကမ်းသတ်မှတ်ချက်တွေကို မလိုက် နာသူတွေရှိနေတာ တချို့ပြည်သူတွေက Covid ကို ပေါ့ဆလာတာလားဆရာ။
Covid ကာလကလည်း တာရှည် ပြီ၊ အိမ်ထဲမှာနေရတဲ့ကာလကလည်း တာရှည်ပြီဖြစ်တာကြောင့် တချို့တွေက စိတ်မွန်းကျပ်လို့ စိတ်ထွက်ပေါက်တစ်ခု အနေနဲ့ အပြင်ထွက်ကြတယ်။ တချို့ ကျတော့လည်း အမိန့်နာခံမှုအားနည်းပြီး စည်းကမ်းမရှိကြတာ၊ တချို့ကျတော့ လည်း ရောဂါပိုးကို မကြောက်တာတွေ လည်း ပါပါတယ်။ ဒီလိုပုံစံတွေထဲမှာတော့ အားပြိုင်မှုတွေနဲ့ လူမှုရေးပြဿနာတွေ တော့ ရှိနေမှာပါ။ ဥပမာအနေနဲ့ စိတ်မွန်း ကျပ်လို့ ပန်းခြံတွေသွားမယ်၊ အပန်းဖြေ နေရာတွေ သွားမယ်ဆိုရင်တောင် Mask၊ Faceshield တွေ စနစ်တကျတပ်ဆင် ပြီး အဲဒီကိုရောက်တဲ့အခါ ကိုယ့်ဘာသာ အပန်းဖြေ၊ ကိုယ့်ဘာသာသီးသန့်နေပါ။ သူတစ်ပါးကို ကူးစက်နိုင်လောက်တဲ့ (ဒါမှမဟုတ်) ရောဂါပိုးကူးစက်ခံရနိုင်ခြေ ရှိတဲ့အခြေအနေမျိုးမနေဘဲ ကျန်းမာ ရေးနဲ့အားကစားဝန်ကြီးဌာနရဲ့လမ်းညွှန် ချက်တွေနဲ့အညီ စည်းကမ်းတကျဆောင် ရွက်သွားဖို့အရေးကြီးပါတယ်။ ကျွန်တော့် အနေနဲ့ကတော့ အပြင်ထွက်ပြီဆိုတာနဲ့ Mask ကို လုံးဝကို မချွတ်တမ်းတပ်စေ ချင်ပါတယ်။ အလုပ်လုပ်နေရတဲ့သူတစ် ယောက်ဖြစ်နေတယ်ဆိုရင်တော့ ၃ နာရီ၊ ၄ နာရီလောက်တစ်ခါ လူတွေ နဲ့ဝေးတဲ့နေ ရာကိုသွားပြီး Mask ကို ချွတ်ပြီး အသက်ရှူပေါ့နော်။ မဖြစ်မနေ လူစုလူဝေးနေရာ တွေသွားမှရမယ်ဆိုရင် စကားတွေဝိုင်းဖွဲ့ပြီးမပြောနဲ့၊ စိတ်အချရ ဆုံးအကာအကွယ်တွေ ဆောင်ရွက်သွား ကြဖို့ တိုက်တွန်းချင်ပါတယ်။

ရန်ကုန်တက္ကသိုလ်ရာပြည့်အတွက် ပြင် ဆင်ထားခဲ့တာမှာ လူစုလူဝေးဖြစ်သွားခဲ့ တာကြောင့် စိုးရိမ်နေကြတဲ့အပေါ် ဆရာ့ အနေနဲ့ ဘာများသုံးသပ်ချင်ပါသလဲ။
တတ်နိုင်သလောက်တော့ လူစုလူ ဝေးမလုပ်ကြဖို့ တောက်လျှောက်ပညာ ပေးပြီးတော့ တာဝန်ရှိသူတွေအပိုင်းရော၊ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနအပိုင်းရော နယ်ပယ်အသီးသီးကစုပေါင်း ပြီး ဝိုင်းဝန်းပြီး ပညာပေးတာတွေရှိပါ တယ်။ ဒါပေမဲ့ တချို့ကိစ္စရပ်တွေ နောက် ပိုင်းမှာလည်း ပြည်သူတွေအနေနဲ့ Covid နဲ့ အတူယှဉ်တွဲနေထိုင်ပြီး စားဝတ် နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံ ရေးအတွက်ပဲဖြစ်ဖြစ် သွားလာလှုပ်ရှား ပြီးတော့ လူစုလူဝေးဖြစ်သွားနိုင်တာတွေ လည်း ရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့ အဓိကအချက်အနေနဲ့ ပါးစပ်၊ နှာခေါင်း စည်း (Mask) ကိုတော့ စနစ်တကျနဲ့ အားလုံး ကိုယ်စီတပ်ထားမယ်ဆိုရင် သိပ်ပြီး စိုးထိတ်စရာမရှိဘူးလို့ ယူဆမိပါ တယ်။ ဒါကြောင့် လူတိုင်းလူတိုင်းက စည်းကမ်းတကျ (Mask) တပ်ထားဖို့ပဲ အရေးကြီးပါတယ်။ လူစုလူဝေးက တချို့ ကိစ္စရပ်တွေမှာ ရှောင်လွှဲဖို့ခက်တယ်။ ဥပမာ-YBS ကားပေါ်မှာဖြစ်ဖြစ်၊ မြို့ ပတ်ရထားပေါ်မှာဖြစ်ဖြစ်၊ နောက်ပိုင်း လေကြောင်းလိုင်းတွေ ပြန်ဖွင့်လာရင် လေယာဉ်စီးတဲ့အခါပဲ ဖြစ်ဖြစ် လူစုလူ ဝေးကိစ္စရပ်တွေက ကြုံနေရမှာပဲဖြစ် တယ်။ ဒါပေမဲ့ ရောဂါပိုး ကူးစက်နိုင်ခြေ များတဲ့ ပါးစပ်နဲ့ နှာခေါင်းကို လုံလုံခြုံခြုံပိတ်ထားနိုင်မယ်ဆိုရင် လေ့လာတွေ့ ရှိချက်တွေအရ ၁၀၀ ရာခိုင်နှုန်း ကာ ကွယ်မှုမရှိရင်တောင် ရောဂါပိုးကူးစက် နိုင်ခြေနည်းပါးပါတယ်။ ပြီးခဲ့တဲ့ရက် ပိုင်းက လူစုလူဝေးဖြစ်ခဲ့ကြတာကို တွေ့ ရပြီး အခုလိုသွားရောက်ခဲ့တဲ့သူတွေမှာ တစ်ယောက်နဲ့ တစ်ယောက်ပွေ့ဖက် နှုတ်ဆက်တာမျိုးမရှိဘူး၊ စကားပြောတာ မရှိဘူး၊ ချောင်းဆိုး၊ နှာချေတာမျိုးမရှိခဲ့ဘဲ အကုန်လုံးကသာ (Mask) တပ်ခဲ့မယ် ဆိုရင်တော့ ကူးစက်နိုင်ခြေရှိပေမယ့် အ ရမ်းကြီး စိုးထိတ်စရာမရှိလောက်ပါဘူး လို့ ထင်မြင်မိပါတယ်။

ကိုယ်ဝန်ဆောင်တွေမှာ Covid ကူးစက်ခံရရင် ကလေးကို ကူးစက်နိုင်ခြေ များပါသလား။
သုတေသနစာတမ်းတွေမှာရော၊ ဆရာဝန်တွေ သုံးသပ်ချက်တွေအရ ကလေးတွေ Covid ရောဂါကူးစက်မှုနှုန်း နည်းတာကို တွေ့ရသလို သေဆုံးမှုနှုန်း နည်းတာကိုလည်း တွေ့ရပါတယ်။ ဒါပေမဲ့ Covid ရောဂါက ဘယ်သူမဆို ဖြစ်နိုင်တာကြောင့် အားလုံးက မှန်ကန် တယ်လို့တော့ မယူဆနိုင်သေးပါဘူး။ တချို့ကလေးတွေကျတော့လည်း မိခင် က Positive ဖြစ်ပြီးတော့ ကလေးက Negative ဖြစ်တာကို တွေ့ရသလို တချို့ ကျတော့လည်း မိခင်က Negative ဖြစ်ပြီးတော့ ကလေးက Positive ဖြစ် တာ တွေ့ရပါတယ်။ ဒါပေမဲ့ ဆေးပညာ ရှင်တွေက Covid ဖြစ်ပွားမှုနှုန်းကို တောက်လျှောက်လေ့လာကြည့်တဲ့အခါ ကလေးတွေရဲ့ထိခိုက်ကူးစက်မှုနှုန်းနဲ့ သေဆုံးနှုန်းက တခြားရောဂါတွေ လောက် မပြင်းထန်ဘူးလို့သုံးသပ်ထားပါ တယ်။

ဆရာ့အနေနဲ့ ဘာများဖြည့်စွက်ပြောချင် ပါသလဲ။
အထူးသဖြင့် မိဘပြည်သူတွေအ နေနဲ့ စိတ်မွန်းကျပ်လို့ပဲဖြစ်ဖြစ်၊ တခြား ဖိအားတွေကြောင့်ဖြစ်ဖြစ် အပြင်ကို လမ်း လျှောက်ထွက်တာ၊ အပန်းဖြေနေရာတွေ ကို သွားတာတွေ လုပ်ဆောင်တဲ့အခါ လူ တိုင်း တစ်ဦးချင်းစီက ပါးစပ်၊ နှာခေါင်း စည်း (Mask) ကို မဖြစ်မနေတပ်လာဖို့နဲ့ ဝိုင်းဖွဲ့ပြီး စကားပြောနေတာတွေ၊ ဝိုင်းဖွဲ့ ပြီး ကစားတာတွေကိုတော့ တတ်နိုင်သ လောက် ရှောင်စေချင်ပါတယ်။ ပြည်သူ တွေအနေနဲ့ စည်းကမ်းကိုစနစ်တကျ လိုက်နာကြပါလို့ ပြောချင်ပါတယ်။

ဒေါက်တာကျော်စွာဦး (အထွေထွေရောဂါကုဆရာဝန်)

Post Author: Good Health Journal