Covid-19 လူနာတွေကို ပုဂ္ဂလိကဆေးရုံတွေမှာ ကုသဖို့ ခွင့်ပြုလိုက်ပြီလား

အောက်တိုဘာလ ၂၅ ရက်က Covid-19 ရောဂါဖြစ်ပွားမှုနဲ့ ရောဂါကာ ကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေ ဆောင်ရွက်နေမှု အခြေအနေ အပတ် စဉ်ဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပုဂ္ဂလိကဓာတ်ခွဲ ခန်းတွေမှာ Covid-19 ဓာတ်ခွဲစစ်ဆေးမှု ဆောင်ရွက်တာတွေနဲ့ ပုဂ္ဂလိကဆေးရုံ တွေမှာ Covid-19 လူနာတွေကို လက်ခံ ကုသပေးခြင်းဆိုင်ရာ ကိစ္စရပ်တွေအတွက် ညှိနှိုင်းမှုတွေကို သဘောတူညီပါ ကြောင်းနဲ့ ဆက်လက်ကာ အသေးစိတ် ကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြော ကြားခဲ့ပါတယ်။
အထက်ပါအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ပုဂ္ဂလိကဆေးရုံတွေအနေနဲ့ ဆောင်ရွက်ထားရှိချက်တွေကို ပုဂ္ဂလိက ဆေးရုံများအသင်းဥက္ကဋ္ဌဒေါက်တာ ထင် ပေါ်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ပုဂ္ဂလိကဆေးရုံတွေမှာ Covid-19 လူနာ တွေကို ကုသနိုင်ရေးနဲ့ပတ်သက်ပြီး ကျန်း မာရေးနဲ့ အားကစားဝန်ကြီးဌာနက တာ ဝန်ရှိသူတွေနဲ့ ပုဂ္ဂလိက ဆေးရုံလုပ်ငန်း ရှင်များအသင်းနဲ့ ညှိနှိုင်းဆောင်ရွက်နေ တာတွေကို သိပါရစေ။
ပုဂ္ဂလိကဆေးရုံတွေမှာ Covid နဲ့ ပတ်သက်ပြီးတော့ စစ်ဆေးတာတွေလုပ် နိုင်ဖို့ မူအားဖြင့်သဘောတူလိုက်ပါပြီ။ ဒါ ပေမဲ့ ဘယ်လိုမျိုး Test Kit တွေနဲ့ ဘယ် လိုမျိုးတွေ စစ်ဆေးရမယ်ဆိုတာကို တွေကိုတော့ အသေးစိတ်ညွှန်ကြားတာ တွေ မရှိသေးပါဘူး။ မကြာခင်မှာ ညွှန် ကြားမယ်ဆိုပြီး သိရပါတယ်။ အောက်တို ဘာလ ၂၅ ရက်မှာ ပြောတာကလည်း ခွင့် ပြုမယ်ဆိုတာပဲ ပြောသေးတယ်။ ဘယ် လိုမျိုး ခွင့်ပြုမယ်ဆိုတဲ့ အသေးစိတ်တော့ မသိရသေးပါဘူး။ ဒီအတွက်လည်း ဆက် လက်ပြီးတော့ ညွှန်ကြားချက်ထုတ်ပါလိမ့် မယ်။

ပုဂ္ဂလိကဆေးရုံတွေမှာ Covid လူနာတွေ ကို ကုသခွင့်ပေးလိုက်ပြီဆိုရင် ဆရာတို့ အနေနဲ့ ဘယ်လိုမျိုးဆောင်ရွက်သွားဖို့ ရှိ ပါသလဲ။
Covid လူနာတွေကို ကုသခွင့်ပေး လိုက်ရင်လည်း ဆေးရုံတစ်ခုချင်းစီရဲ့ အ ခြေအနေပေါ်မူတည်ပါတယ်။ တချို့က လည်း ကုပေးနိုင်တယ်၊ တချို့က ရောဂါ သိပ်မပြင်းထန်တဲ့သူကို ကုပေးနိုင်တယ်၊ တချို့ကလည်း ရောဂါအဆိုးဆုံးအခြေအ နေအထိ ကုပေးနိုင်တာတွေရှိရင် ရှိမယ် ပေါ့နော်။ ဒါကြောင့် ဒီအချက်တွေက ဆေးရုံတစ်ခုရဲ့ကုပေးနိုင်တဲ့အနေအထား တွေ အပေါ်မှာ မူတည်တဲ့အတွက်ကြောင့် ကွဲပြားမှုရှိနေလိမ့်မယ်။

ပြီးခဲ့တဲ့လပိုင်းလောက်က တချို့ပုဂ္ဂလိ ဆေးရုံတွေမှာ လူနာတွေကို လက်ခံကုသ ပေးနိုင်တဲ့အခြေအနေတွေမရှိကြောင်း မေတ္တာရပ်ခံခဲ့တာတွေရှိခဲ့တယ်။ ဒါ ကြောင့် အခက်အခဲတွေ ဖြစ်လာနိုင်ပါသ လား။
ကျန်းမာရေးနဲ့အားကစားဝန်ကြီး ဌာနက Covid လူနာတွေကို ပုဂ္ဂလိက ဆေးရုံတွေမှာ ကုသစေချင်တယ်ဆိုတာ ကလည်း ပုဂ္ဂလိကဆေးရုံတွေကို ဝိုင်းကူ စေချင်တဲ့သဘောပါ။ ဒါပေမဲ့လည်း ပုဂ္ဂလိ က ဝင်ကူလိုက်တဲ့အခါမှာ သူတို့အတွက် တွဲခေါ်တဲ့အခါ ဘယ်လိုအခက်အခဲတွေရှိ မလဲ၊ ဘယ်အတိုင်းအတာအထိ ခွင့်ပြုသင့် သလဲဆိုတဲ့ အသေးစိတ်စဉ်းစားတဲ့အ ပေါ်မှာ အချိန်တွေနှောင့်နှေးကြန့်ကြာမှု တွေ ဖြစ်နေသေးတာပါ။ သူတို့အနေနဲ့ လည်း လူနာတွေကို ကုသပေးတာဆို တော့ သူတို့ကုသပေးနေတဲ့အနေအထား ကကော Control ရပြီလားပေါ့နော်။ ဥပမာ-ရန်ကုန်ဆိုရင်တော့ မရသေးဘူး ပြောရမှာပေါ့နော်။ တစ်ရက်တစ်ရက်ကို လူနာဦးရေ ထောင်ချီတက်နေတဲ့လူဦးရေ အပေါ်မှာ ရှိနေတာကြောင့်လေ။ ဒါက လည်း မစစ်ရသေးလို့ စစ်ရင်ဒီထက် လူနာဦးရေ ပိုများရင် များဦးမှာ။ ဒီလိုမျိုး အခြေအနေမှာ ရန်ကုန်လိုနေရာမှာ ပုဂ္ဂလိကဆေးရုံတွေအနေနဲ့ဝင်ကူမှ ပိုကောင်းမယ်ဆိုတဲ့မူအားဖြင့် သူတို့က လက်ခံတယ်။ ဒါပေမဲ့ ဘယ်ပုံ၊ ဘယ် နည်း ကူညီရမယ်ဆိုတဲ့ အသေးစိတ်အ ပိုင်းကိုတော့ စဉ်းစားနေပါတယ်။ ဒါတွေ ကိုလည်း မကြာခင်မှာ လမ်းညွှန်ချက်တွေ ချပေးမယ်လို့ ယုံကြည်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့အခါမှာ ပုဂ္ဂလိကဆေးရုံ တွေအနေနဲ့ ညွှန်ကြားချက်တွေအပေါ် မှာ မူတည်ပြီး စဉ်းစားရမှာပေါ့။ အခုအ ချိန်မှာက ကျန်းမာရေးနဲ့အားကစားဝန် ကြီးဌာနအနေနဲ့ ညွှန်ကြားချက်တွေမပေး သေးတာကြောင့် ပုဂ္ဂလိကဆေးရုံတွေအ နေနဲ့ ဘယ်လိုဆောင်ရွက်ပေးမယ်ဆိုပြီး အသေးစိတ်ပြောဖို့ စောနေပါသေးတယ်။

ပုဂ္ဂလိကဆေးရုံတွေမှာ Covid လူနာတွေ ကို ကုသပေးရမယ်ဆိုပြီး လမ်းညွှန်ချက် တွေချလာခဲ့ရင် ကနဦးအနေနဲ့ ကုသပေး ဖို့ ညှိနှိုင်းထားတဲ့ဆေးရုံတွေကောရှိပါသ လား။
Covid-19 လူနာတွေကို ကုပေး မယ်ဆိုပြီး Purpose လုပ်ထားတဲ့ ဆေး ရုံ နှစ်ရုံရှိပါတယ်။ ဒါပေမဲ့ အဲဒါတွေက တစ်ခုချင်းစီ မေးကြည့်တော့လည်း တိတိ ကျကျခွင့်ပြုထားတဲ့ အနေအထားတော့ မရှိသေးဘူး။ ပုဂ္ဂလိကဆေးရုံတွေက တော့ တင်ထားတာပေါ့။ ဒါပေမဲ့ ဝန် ကြီးဌာနက စဉ်းစားနေသေးတယ်လို့ပဲ ယူ ဆရမှာပါ။ ဒီ Purpose လုပ်ထားတဲ့ဆေး ရုံ နှစ်ခုကလည်း ဆေးရုံအသစ်တွေပဲ ဖြစ် ပါတယ်။ ဆေးရုံတွေကတော့ ရွှေပြည် သာနဲ့ မြောက်ဒဂုံမှာ ဖြစ်ပါတယ်။

ဒေါက်တာထင်ပေါ်
ပုဂ္ဂလိကဆေးရုံများအသင်း ဥက္ကဌ

Post Author: Good Health Journal