သီချင်းဆိုခြင်းကြောင့် ကျန်းမာပျော်ရွှင်နိုင်

အီတလီနိုင်ငံမှာ COVID-19 ရောဂါကူးစက်နှုန်း အလွန်များပြားပြီး အဲဒီရောဂါကြောင့် သေဆုံးနှုန်းလည်းများတဲ့အတွက် နိုင်ငံက တာဝန်ရှိသူတွေက တစ်မြို့လုံး ကို Lockdown လုပ်လိုက်ပါတယ်။ အဲဒီအချိန်မှာ အီတလီနိုင်ငံသူ၊ နိုင်ငံသားတွေက မိမိရဲ့ အိမ်ပြတင်းပေါက်ကနေ ထွက်ပြီး သီချင်းတွေ သံပြိုင်သီဆိုကြတယ်လို့ သိရ ပါတယ်။ ဒါက အလေ့အကျင့်ကောင်းပါ။ သီချင်းသံပြိုင်သီဆိုတာကြောင့် ကြောက် ရွံ့မှုတွေ ပျောက်ကွယ်ပြီး စိတ်ဓာတ်တွေ တက်ကြွလာတဲ့အပြင် ကျန်းမာရေးအတွက် အောက်ပါအကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

♦ ခုခံအားစနစ်ကို မြှင့်တင်နိုင်ပါတယ်
သီချင်းဆိုတာကြောင့် ကိုယ်တွင်းက ကိုယ်ခံအားစနစ်ကို မြှင့်တင်နိုင်တဲ့ ခန္ဓာကိုယ်က Immunoglobulin A ထုတ်လုပ်မှုအား ပိုမိုကောင်းမွန်နိုင်တယ်လို့ သုတေ သီတွေက ထုတ်ဖော်ထားပါတယ်။ ဒါ့အပြင် သီချင်းဆိုတာက အေရိုးဗစ်လေ့ကျင့်ခန်း လုပ်သလိုမျိုး အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းမှာ သွေးလှည့်ပတ်မှုတွေ ကောင်း မွန်တာ၊ လေစီးဆင်းမှုကောင်းမွန်တာတွေကြောင့် အအေးမိ ဒါမှမဟုတ် တုပ်ကွေး ရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားဖို့ အခွင့်အလမ်းတွေ လျော့နည်းသွားနိုင်တယ်လို့သိရပါတယ်။

♦ လေ့ကျင့်ခန်းအသေးစားကို အစားထိုးပြုလုပ်တာနဲ့ ဆင်တူပါတယ်
အခုလို COVID-19 ပြန့်ပွားနေစဉ်မှာ အားကစားခန်းမကို သွားရမှာ ကြောက် ရွံ့နေလို့ မသွားဖြစ်ရင် သီချင်းဆိုလိုက်ပါ။ သီချင်းဆိုတာကြောင့် သွေးလှည့်ပတ်မှု ကောင်းမွန်တဲ့အပြင် ဝမ်းဗိုက်ကြွက်သားနဲ့ ရင်ညွန့်ရိုးကြွက်သားတွေပါ သန်မာဖို့ ကူညီနိုင်ပါတယ်။ ထိုင်ပြီး သီချင်းဆိုရင်တောင် ဒီအကျိုးကျေးဇူးရရှိနိုင်ပါတယ်။ အဆုတ်နဲ့ နှလုံးအတွက်လည်း လေ့ကျင့်ခန်းလုပ်သလို ဖြစ်သွားနိုင်ပါတယ်။

♦ အပေါင်းအသင်းဆံ့ဖို့ ကူညီနိုင်ပါတယ်
သူငယ်ချင်းတွေနဲ့ ချိန်းဆိုပြီး ကာရာအိုကေခန်းမမှာ သီချင်းဆိုတာက သင်ရဲ့ ပေါင်းသင်းဆက်ဆံရေးကို ပိုမိုခိုင်မြဲနိုင်ပါတယ်။ သီချင်းဆိုတာနဲ့ ပေါင်းသင်းဆက်ဆံ ရေးကောင်းမွန်တာက ကျန်းမာဖို့ အထောက်အကူပြုပြီး မိမိကိုယ်မိမိ ယုံကြည်မှုလည်း ရရှိနိုင်ပါတယ်။ အခုလိုရောဂါပြန့်ပွားမှုများနေစဉ်မှာ ကာရာအိုကေ မသွားဘဲ မိမိခြံ ဝင်းထဲမှာပဲ သီချင်းဆိုဖို့ ချိန်းပါ။ တစ်ယောက်နဲ့တစ်ယောက် ခြောက်ပေပတ်လည် လောက် အကွာမှာ နေကြဖို့တော့ မမေ့ပါနဲ့။

♦ အိပ်စက်မှုကောင်းအောင် ကူညီနိုင်ပါတယ်
သီချင်းဆိုလိုက်တဲ့အတွက် ဟောက်တဲ့အကြိမ်ရေ လျော့နည်းသွားတာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်တယ်လို့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ထုတ်ဖော်ထားပါတယ်။ သီချင်းဆိုတာက Sinus ခေါ်တဲ့ ဦးခေါင်းအတွင်းက လိုဏ်ခေါင်းအပေါက်တွေထဲက အညစ်အကြေးတွေ သန့်စင်သွားပြီး လည်ချောင်းနဲ့ အာ ခေါင်ကြွက်သားတွေ သန်မာအောင် ကူညီနိုင်ပါတယ်။ ဒါတွေက အိပ်နေစဉ် ဟောက် တဲ့ အဓိကအကြောင်းရင်းတွေပါ။

♦ အသက်ရှည်ရှည်နေနိုင်ပါတယ်
ဟားဗတ်နဲ့ ရေးတက္ကသိုလ်မှ လေ့လာမှုတွေအရ သီချင်းဆိုတာက အသက်ပို ရှည်နိုင်တယ်လို့ သိရပါတယ်။ နှလုံးကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးကောင်းမွန်အောင် ကူညီနိုင်တဲ့အတွက် ကျန်းမာရေးကောင်းမွန်သွားတာပါလို့ ဆိုပါတယ်။

♦ စိတ်ကျဝေဒနာကို သက်သာနိုင်ပါတယ်
သီချင်းဆိုတာက သဘာဝကပေးတဲ့ စိတ်ကျဝေဒနာပျောက်ဆေးပါ။ သူ့ကြောင့် ခန္ဓာကိုယ်အတွင်း စိတ်ခံစားမှုကောင်းမွန်ပြီး နာကျင်မှုဝေဒနာလျော့ကျနိုင်တဲ့ အန်ဒို ဖင်ဟော်မုန်းတွေ ထွက်လာတာကြောင့်ပါ။ ဒီဟော်မုန်းတွေက စိတ်တက်ကြွပြီး ပျော် ရွှင်ဖို့ ကူညီနိုင်ပါတယ်။

♦ စိတ်ဖိစီးမှုလျော့နည်းနိုင်ပါတယ်
သီချင်းဆိုနေစဉ်မှာ ထွက်လာတဲ့ နောက်ဟော်မုန်းတစ်မျိုးကတော့ အောက်ဆီ တိုစင်ဖြစ်ပါတယ်။ ဒီဓာတုပစ္စည်းက စိတ်ဖိစီးမှုနဲ့ စိုးရိမ်စိတ်တွေကို လျှော့ချပေးနိုင် ပြီး တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတွေ ပိုမိုရရှိလာနိုင်ပါတယ်။

♦ အရွယ်တင်နုပျိုနိုင်ပါတယ်
သီချင်းဆိုတာက ဝမ်းဗိုက်ကြွက်သားကနေ အစပြုပြီး မျက်နှာကြွက်သားအထိ ခန္ဓာကိုယ်အပေါ်ပိုင်းက ကြွက်သားအုပ်စုအားလုံးကို အသုံးပြုရပါတယ်။ ဒါကြောင့် သီချင်းဆိုတဲ့အခါမှာ မျက်နှာက ကြွက်သားတွေကို လေ့ကျင့်ခန်းလုပ်ပေးလိုက်သလို ဖြစ်ပြီး အရေးကြောင်းရှင်းကာ အသားအရေလင်းလက်လာပြီး ငယ်ရွယ်နုပျိုတဲ့အသွင် ဖြစ်လာနိုင်ပါတယ်။

♥ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal