အချိန်အကြာကြီး ထိုင်ရခြင်းကြောင့် ခန္ဓာကိုယ်တွင် ဖြစ်ပေါ်လာနိုင်မည့် ဆိုးကျိုးများ

ယနေ့ခေတ်အခြေအနေအရ အလုပ်လုပ်သူအများစုဟာ နေ့စဉ် တစ်နေ့ကို ရှစ်နာရီလောက် ထိုင်ပြီး အလုပ်လုပ်နေကြရပါတယ်။ စားပွဲပေါ်မှာ ထိုင်ပြီး အလုပ်လုပ်ရတာ၊ ကားမောင်းရတာ၊ တီဗီကြည့်ချိန်တွေပါ အပါအဝင်ပေါ့။ နေ့ စဉ်နေ့တိုင်း ထိုင်ရချိန်များတာက နာတာ ရှည် ခါးနောက်ကျောနာရောဂါ ကိုယ်ဟန်အနေအထားချို့ယွင်းတာ အပါအဝင် ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ရရှိနိုင်တဲ့အပြင် အဝလွန်တာ နှလုံးရောဂါနဲ့ ဆီးချိုရောဂါတွေလည်း ဖြစ်နိုင်ခြေ များလာတာပါတယ်။ အောက်ပါတို့ဟာ အထိုင်များတဲ့ ပုံစံကြောင့် ဖြစ်ပေါ်နိုင် မယ့် ဆိုးကျိုးတွေပါလို့ ကျွမ်းကျင်သူတွေက ဖော်ပြထားပါတယ်။

ပခုံး၊ ကုပ်နဲ့ ဦးနှောက်ပြဿနာဖြစ်ခြင်း

သင့်ခန္ဓာကိုယ်လှုပ်ရှားနေတဲ့အတွက် သင့်ဦးနှောက်ထဲကို သွေးစီးဆင်းမှုတွေ ကောင်းမွန်လာပြီး အောက်ဆီဂျင်လည်း ပိုမိုရရှိနိုင်ပါတယ်။ ဒီလိုဖြစ်တာကြောင့် ဦးနှောက်က အမြဲတမ်းကြည်လင်နေပြီး ထက်မြက်နိုင်ပါတယ်။ ဒါပေမဲ့ အကြာ ကြီးထိုင်နေတာကြောင့် ဦးနှောက် အတွင်း အောက်ဆီဂျင်ပြည့်ဝနေတဲ့ သွေးတွေ ရောက်ရှိမှု နှေးကွေးသွားတဲ့ အတွက် တွေးခေါ်နိုင်စွမ်းတွေက အရင် ကလောက် ထက်ထက်မြက်မြက် မရှိ နိုင်တော့ပါဘူး။
ဒါ့အပြင် ကွန်ပျူတာကို ရှေ့ကို ကုန်းပြီး နေ့စဉ်စိုက်ကြည့်နေရတဲ့အ တွက် ကုပ်ကျောရိုးတွေပေါ်မှာ ဖိအား သက်ရောက်မှု များပြားလာနိုင်ကာ ဇက် ကြောတက်တဲ့ဝေဒနာတွေ ခံစားရနိုင်ပါ တယ်။ ကီးဘုတ်ပေါ်မှာ ကုန်းပြီး စာရိုက် ရတဲ့အတွက် ရေရှည်မှာ ပခုံးနဲ့ နောက် ကျောရိုး ကြွက်သားတွေပျက်စီးလာနိုင် ပါတယ်။

နောက်ကျောရိုးမှာ ပြဿနာဖြစ်ခြင်း

အထိုင်များတဲ့ အခြေအနေကြောင့် သိသာတဲ့ ဆိုးကျိုးတစ်ခုကတော့ ခါး နောက်ကျောနာကျင်တဲ့ဝေဒနာရရှိတာပဲ ဖြစ်ပါတယ်။ အထိုင်များတဲ့သူတွေမှာ အချိန်ကြာမြင့်လာတာနဲ့အမျှ နောက် ကျောရိုးချပ်ပြားတွေက ခါးရဲ့ကွေးနိုင် ဆန့်နိုင်အားတွေ လျော့နည်းလာပါတယ်။ ဥပမာအားဖြင့် ရှူးဖိနပ်ကြိုးချည်တာနဲ့ ကော်ဖီခွက်ကို ကုန်းယူတာလိုမျိုး နေရာ တွေမှာ ပြဿနာဖြစ်လာနိုင်ပါတယ်။ အ ထိုင်များတဲ့သူတွေမှာ ခါးနောက်ကျောရိုး တစ်ခုနဲ့ တစ်ခုကြားထဲက ချပ်ပြားတွေရဲ့ ကူရှင်လိုလုပ်နိုင်စွမ်းတွေ ကျဆင်းလာသ လို နောက်ကျောရိုးကို ထောက်ပံ့ပေး တဲ့အရွတ်တွေ၊ အရိုးနုတွေမှာ ကော် လာဂျင်တွေ စုဆောင်းမှုဖြစ်လာပြီး ပျက် စီးလာပါတယ်။ ဒီလိုလူတွေမှာ ကျောရိုး ကျွံကျတဲ့ပြဿနာတွေ ဖြစ်နိုင်ခြေ မြင့် မားပါတယ်။ လှုပ်လှုပ်ရှား ရှားနေတာ ကြောင့် နောက်ကျောရိုးကြွက် သားတွေ မှာ သွေးလှည့်ပတ်မှုတွေ ကောင်းမွန်စွာ ရရှိလာပြီး ကျုံ့နိုင်ဆန့်နိုင်စွမ်းတွေ ကောင်း မွန်လာပါတယ်။

ကြွက်သားပျက်စီးနိုင်ခြင်း

သင်မတ်တတ်ရင်ရင်၊ လမ်းလျှောက် ရင် ဒါမှမဟုတ် ခါးမတ်မတ်ထိုင်ရင် ဝမ်းဗိုက်ကြွက်သားတွေကို အသုံးပြုရပါ တယ်။ သင်ထိုင်တဲ့အခါမှာ သင်ရဲ့ ဝမ်း ဗိုက်ကြွက်သားတွေကို အသုံးမပြုပါဘူး။ ဝမ်းဗိုက်ကြွက်သားတွေကို အသုံးမပြုဖန် များလာတဲ့အခါမှာ နောက်ကျောရိုးက ပိုမိုပြီး ကောက်ကွေးသွားပါတယ်။

ဒါ့အပြင် အချိန်အကြာကြီးထိုင်တာ ကြောင့် နောက်ကျောရိုးနဲ့ တင်ပဆုံရဲ့ ကွေးနိုင်ဆန့်နိုင်အားတွေ လျော့သွား နိုင်ပါတယ်။

တင်ပဆုံကြွက်သားတွေ ကွေးနိုင် ဆန့်နိုင်အားလျော့သွားတဲ့အတွက် ကြွက်သားတွေက တောင့်တင်းပြီး တိုဝင် သွားပါတယ်။ တင်ပဆုံနေရာက ကွေးနိုင် ဆန့်နိုင်အားကောင်းရင် ခန္ဓာကိုယ် ဟန်ချက်ကို ကောင်းစွာထိန်းပေးနိုင်ပါ တယ်။ အချိန်အကြာကြီးထိုင်ရတာ ကြောင့် ပေါင်ကြွက်သားတွေလည်း ထိခိုက်နိုင်ပါတယ်။

ကိုယ်တွင်းအင်္ဂါများ ပျက်စီးနိုင်ခြင်း

အချိန်အကြာကြီးထိုင်နေရပြီး လှုပ် လှုပ်ရှားရှားမနေရတာကြောင့် အင်ဆူ လင်ထုတ်လုပ်မှုတွေ များလာပြီး ကိုယ် တွင်းအင်္ဂါအတွင်း သွေးရောက်ရှိမှုတွေ လျော့နည်းသွားတတ်ပါတယ်။ ဒါကြောင့် အထိုင်များတဲ့ ဘဝနေထိုင်မှုပုံစံရှိသူတွေ မှာ အဝလွန်တာ၊ ဆီးချိုရောဂါ၊ နှလုံး သွေးကြောရောဂါနဲ့ နှလုံးရောဂါတွေ ဖြစ် တတ်ကြပါတယ်။

အထိုင်များတာကြောင့် သူတို့ရဲ့ ကြွက်သားတွေဟာ အဆီလောင်ကျွမ်း နိုင်စွမ်းလျော့နည်းသွားပြီး သွေးလှည့် ပတ်မှုလည်း လျော့နည်းတဲ့အတွက် နှလုံးအတွင်း သွေးခဲမှုတွေ ဖြစ်လာနိုင် ပါတယ်။ အထိုင်များသူတွေဟာ သွေး တိုးရောဂါ၊ သွေးတွင်း ကိုလက်စထရော မြင့်မားတာတွေနဲ့ ဆက်စပ်နေတဲ့အ တွက် သူတို့တစ်တွေက လှုပ်လှုပ်ရှား ရှားနေသူတွေထက် နှလုံးသွေးကြောရော ဂါဖြစ်နိုင်ခြေ နှစ်ဆခန့် ပိုမိုမြင့်တက်လာပါတယ်။

အထိုင်များသူတွေရဲ့ မုန့်ချိုအိတ်က လည်း အင်ဆူလင်ထုတ်လုပ်မှုတွေ ပိုမို များပြားလာတဲ့အတွက် ဆီးချိုရောဂါနဲ့ တခြားရောဂါတွေ ဖြစ်နိုင်ခြေ များလာပါ တယ်။ ၂၀၁၁ ခုနှစ်ရဲ့ လေ့လာမှုအရ အချိန်အကြာကြီး ထိုင်နေတဲ့ရက်ဟာ တစ်ရက်တည်းဖြစ်နေရင်တောင်မှ အင်ဆူလင်ကို တုံ့ပြန်နိုင်အား ကျဆင်း သွားတယ်လို့ တွေ့ရှိခဲ့ပါတယ်။
လေ့လာမှုအများအပြားအရ အချိန် အကြာကြီး ထိုင်သူတွေက အူမကြီး၊ သားမြတ်နဲ့ သားအိမ်ကင်ဆာဖြစ်နိုင်ခြေ များတယ်လို့ သိရပါတယ်။

လှုပ်လှုပ်ရှားရှားနေသူတွေမှာတော့ ခန္ဓာကိုယ်အတွင်းက ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေရဲ့ စွမ်းအင်တွေ ပိုမိုထက် မြက်လာနိုင်တဲ့အတွက် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာနဲ့ ကင်ဆာလိုမျိုး ရော ဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါ တယ်။

ခြေထောက်ပြဿနာဖြစ်ခြင်း

ခြေထောက်အတွင်း သွေးရောက်ရှိ မှု နည်းသွားတဲ့အတွက် ခြေထေက်မှာ လည်း ပြဿနာဖြစ်လာနိုင်ပါတယ်။ သွေးလှည့်ပတ်မှုမကောင်းတာကြောင့် ခြေချင်းဝတ်တစ်ဝိုက်မှာ သွေးတွေ စု ဆောင်းပြီး ရောင်ရမ်းမှုဖြစ်လာနိုင်ပါ တယ်။ ခြေထောက်အတွင်း သွေးခဲမှုတွေ နဲ့ သွေးပြန်ကြောဖောင်းကားမှုတွေပါ ဖြစ်ပေါ်လာနိုင်ပါတယ်။

လမ်းလျှောက်တာနဲ့ ပြေးတာလိုမျိုး ခန္ဓာကိုယ်ကိုအလေးထမ်းရတဲ့ လှုပ်ရှားမှု တွေ ပြုလုပ်တာက တင်းပါးနဲ့ ခြေ ထောက်အရိုးတွေ သန်မာနိုင်ပါတယ်။ တစ်ချိန်လုံးထိုင်နေတာကြောင့် ပုံမှန် လှုပ်ရှားမှု မရှိတော့တဲ့အတွက် ခြေ ထောက်အရိုးတွေကလည်း မြန်မြန်ပျက် စီးသွားနိုင်ပါတယ်။

သေနှုန်းမြင့်တက်ခြင်း

တီဗီကြည့်ချိန်များသူတွေကို ရှစ် နှစ်ခွဲလေ့လာမှုအရ အထိုင်များသူတွေက တစ်နေ့ကို တစ်နာရီသာ တီဗီကြည့်သူ တွေထက် သေဆုံးနိုင်ခြေ ၆၁ ရာခိုင်နှုန်း ပိုများတယ်လို့ တွေ့ရှိခဲ့ပါတယ်။

Tips !

ဖြစ်နိုင်ရင် မိနစ် ၃၀ ကြာတိုင်း ထိုင်ခုံနေရာကထပြီး လမ်းလျှောက်ပါ။

ယောဂကျင့်စဉ်ပြုလုပ်တာကလည်း ခန္ဓာကိုယ်အနှံ့သွေးလှည့်ပတ်မှု တွေ ကောင်းမွန်စေနိုင်ပါတယ်။ အလုပ်မလုပ်ခင် ဒါမှမဟုတ် အလုပ်လုပ်အပြီးမှာ ယောဂကျင့်စဉ် ပြုလုပ်တာကြောင့် အထိုင်များတဲ့ပုံစံကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကို ထိထိရောက်ရောက် ကာကွယ်နိုင်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *