စစ်တွေမြို့ မှာဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးရဲ့ မျိုးဗီဇပြောင်းလဲမှုကို စစ်ဆေးဖော်ထုတ်နိုင်ဖို့ ဘာတွေ ဆောင်ရွက်နေပြီလဲ

ရခိုင်ပြည်နယ်တွင် Covid-19 ရောဂါကူးစက်ပျံ့ပွားနေမှု မြန်ဆန်နေပြီး ၂၇-၈-၂၀၂၀ ရက်နေ့၌ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်အရ စစ်တွေမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်မြို့ နယ်၊ မောင်တောမြို့နယ်၊ မင်းပြားမြို့ နယ်၊ မြေပုံမြို့နယ်၊ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ သံတွဲမြို့နယ်တို့ တွင် Covid-19 ရောဂါပိုး တွေ့ရှိနေပါ သည်။ ယင်းကဲ့သို့ ဖြစ်ပွားမှုများကြောင့် ပြည်သူတွေအကြား ရောဂါလက္ခဏာမပြ ဘဲ ကူးစက်နေမှုများလည်း ရှိနေမှာဖြစ် ပါသည်။
Coronavirus Disease (Covid -19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ဥက္ကဌ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဦးဆောင်လမ်းညွှန်မှုနှင့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ ရခိုင် ပြည်နယ် အစိုးရအဖွဲ့အပါအဝင် သက် ဆိုင်ရာဌာန၊ အဖွဲ့အစည်းတွေအားလုံးနဲ့ပူးပေါင်းပြီး စစ်တွေမြို့နယ်မှာ Covid -19 ကူးစက် ဖြစ်ပွားနေမှုကို အမြန်ဆုံး ထိန်းချုပ်ရေးနဲ့ အခြားဒေသများကို ပြန့် ပွားခြင်းများမရှိစေရန် အချိန်နဲ့တပြေး ညီ အလေးထားဆောင်ရွက်နေကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက အသိပေးထားပါသည်။

ရခိုင်ပြည်နယ်အတွင်းမှာဖြစ်နေတဲ့ Covid -19 ရောဂါပိုးနဲ့ပတ်သက်ပြီး မျိုးဗီဇပြောင်း လဲမှုတွေကို စစ်ဆေးသွားမယ်ဆိုတာ ဘယ် တော့လောက်ဖြစ်နိုင်မလဲဆရာ။
ယခု စစ်တွေမြို့နယ်မှာဖြစ်ပွားနေ တဲ့ ဗိုင်းရပ်စ်ပိုးမှာ မျိုးဗီဇပြောင်းလဲနေတဲ့ အမျိုးအစားလည်းဖြစ်နိုင်တာကြောင့် ဆေးသုတေသနဦးစီးဌာနမှာ ဗိုင်းရပ်စ် ပိုးရဲ့ မျိုး ဗီဇကို စစ်ဆေးဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။

စစ်ဆေးမှုတွေဆောင်ရွက်ဖို့ လက်ရှိမှာ ဘာ တွေဆောင်ရွက်နေပါသလဲ။
စစ်တွေမှာဖြစ်နေတဲ့ Covid -19 ရောဂါပိုးရဲ့ မျိုးဗီဇပြောင်းလဲမှုကိုဖော် ထုတ်ဖို့ အမြန်ဆုံးကြိုးစားလုပ်ကိုင်နေပါ တယ်။ ဗီဇတစ်ခုလုံးကို စစ်ဆေးဖော် ထုတ်ရတာကြောင့် တစ်ပတ် (သို့) ၁၀ ရက်လောက်တော့ ကြာမှာပါ။ ဒီလကုန် ပိုင်းလောက်ဆိုရင် အဖြေရရှိလောက် မယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီအခါ သက်ဆိုင်ရာတာဝန်ရှိသူတွေအားလုံးကို အသိပေးသွားမှာဖြစ်ပါတယ်။ အခု ဓာတ်ခွဲခန်းအတွင်းမှာ စမ်း သပ်မှုတွေ စတင်ဆောင်ရွက်နေပါပြီ။ ရလာတဲ့ Symbols ကို ပိုးကောင်အရေ အတွက်ပါရဲ့လား ပထမအဆင့်ဆင့်စစ် ဆေးပြီးတော့မှ အဲဒီအထဲကမှပါတဲ့အထဲ ကို ရွေးခြယ်၊ ပိုးပွားကြည့်တာတွေ လုပ် ဆောင်နေပါပြီ။ အဲဒါပြီးတော့မှ စက်ထဲ ကို ထည့်ပြီး ဆောင်ရွက်နိုင်မယ့်အဆင့် ရောက်အောင်အထိ လုပ်ဆောင်နေပါ တယ်။

ဒေါက်တာမြတ်ထွဋ်ညွန့် (ဒုတိယညွှန်ကြားရေးမှူး၊ ဆေးသုတေသနဦးစီးဌာန)

Post Author: Good Health Journal