Six Packsရဖို့ ဘာတွေစားမလဲ

ဗိုက်မှာ အဆီတွေမရှိဘဲ ချပ်ရပ်နေတာကို လူ တိုင်း သဘောကျကြလေ့ရှိပါတယ်။ ဗိုက်ကချပ် ရပ်နေတဲ့အပြင် Six Packs လို့ လူတွေခေါ်ကြတဲ့ ဝမ်းဗိုက်ကြွက်သားတွေပါ ပေါ်နေရင်တော့ အတိုင်း ထက်အလွန် သဘောကျမှာ အမှန်ပါ။ ဒါပေမဲ့ ဒီလို ဝမ်းဗိုက်ကြွက်သားတွေပေါ်ဖို့ကတော့ မလွယ်ကူပါ ဘူး။ ခန္ဓာကိုယ် တစ်ခုလုံးက အဆီတွေချဖို့လိုအပ် သလို ကြွက်သားတက်ဖို့လည်း ကြိုးစားဖို့လိုပါတယ်။ ဒါကြောင့် Six Packsထွက်ချင်သူတွေအတွက် အစားအစာပိုင်းကိုအဓိကထား ရေးပေးလိုက်ပါတယ်။

အစားအသောက်ရွေးချယ်မှု
ဝမ်းဗိုက်ကြွက်သားတွေပေါ်လွင်ဖို့ အဓိက က တော့ သင်နေ့စဉ်စားသုံးနေတဲ့ အစားအစာရွေးချယ် မှုပဲဖြစ်ပါတယ်။ ဒါက လိုက်နာနိုင်ဖို့ အခက်ခဲဆုံး အချက်ဖြစ်သလို မလိုက်နာနိုင်သေးသရွေ့လည်း Sငထ ဏခေုs နဲ့ ဝေးနေအုံးမှာပါ။ ကိုယ်လက်လှုပ်ရှား အားကစားနဲ့ အစားအသောက်နဲ့ယှဉ်ရင် အစား အသောက်ပိုင်းက အဓိကပိုကျပါတယ်။

ဝမ်းဗိုက်ကြွက်သားတွေပေါ်ဖို့ ခန္ဓာကိုယ်တစ် ခုလုံးက အဆီတွေကို လျှော့ချဖို့လိုပါတယ်။ ဗိုက် တစ်နေရာတည်းကွက်ပြီး အဆီချလို့မရပါဘူး။ ရှောင်ရမယ့် အဓိက အစားအစာတွေထဲမှာ ပြုပြင် ထားတဲ့ အစားအစာတွေ၊ အချိုများတဲ့စားစရာတွေနဲ့ ရယ်ဒီမိတ်စားစရာတွေပါဝင်ပါတယ်။ ကျန်းမာရေးနဲ့ မညီတဲ့ တိရစ္ဆာန်အဆီ၊ ပြန်ကြော်ဆီ၊ ဆီကြော်စာ တွေရှောင်ပါ။

ဘာတွေ စားပေးရမလဲဆိုရင် ဟင်းသီးဟင်း ရွက်၊ အစေ့အဆန်၊ အသီးအနှံ၊ ပရိုတင်းတွေ စား ပေးရပါမယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီရဖို့ သံလွင်ဆီ၊ ငါးကြီးဆီ၊ ထောပတ်သီး စတာတွေ စား ပေးပါ။ တစ်နေ့တာအတွက် အရေးကြီးဆုံးက မနက်စာဖြစ်တာကြောင့် မနက်စာကို သေချာပြင် ဆင်စားသောက်ပါ။ မနက်စာမှာ ပရိုတင်း၊ ဟင်းသီး ဟင်းရွက်၊ အသီးအနှံ၊ အမျှင်ဓာတ်တွေ ပါအောင် စားပါ။ အချိုရည်တွေ၊ သစ်သီးဖျော်ရည်တွေ မ သောက်ပါနဲ့။ ရေသန့်ပဲ သောက်ပါ။

အစားအသောက်ရွေးချယ်တဲ့အဆင့်ပြီးရင် ဘယ်လောက်ပမာဏ စားရမလဲဆိုတာပြောပါမယ်။ ဒီအတွက် အရမ်းမများ၊ အရမ်းမနည်းတဲ့ အသင့် အတင့် ပမာဏစားဖို့ အကြံပြုချင်ပါတယ်။ မတ ရားကြီး စားနေကျထက်ပိုနည်းပြီး လျှော့စားမယ် ဆိုရင် ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်တွေ ကမောက် ကမဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် ပြောင်းလဲတဲ့ အခါမှာ တဖြည်းဖြည်းချင်း လေ့ကျင့်သွားပါ။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal