Six Packs ကြွက်သားဆိုတာ . . .

ကိုယ်ကာယ အလှပြတဲ့ မောင်၊ မယ် တွေမှာ Six Packs ဆိုတာကို မြင်တွေ့ ဖူးမှာပါ။ တချို့တွေမှာဆို Eight Packs တောင် ရှိပါသေးတယ်။ ဒါဟာ Fitness Models တွေကြားမှာ ပေါ်ပြူလာဖြစ်လာနေတဲ့ Trend တစ်ခုလည်း ဖြစ်ပါတယ်။ Packs တွေပေါ်ဖို့ ဆိုတာလည်း လွယ်မှ မလွယ်ဘဲ။ Six Packs ဆိုတာ ဘာလဲ၊ ဒီကြွက်သားတွေ ဘာလို့ ပေါ်လာရလဲ ဆိုတာကို ရေးသားလိုက်ပါတယ်။ 

Packs တွေဆိုတာ –

ဝမ်းဗိုက်မှာ ကြွက်သားတွေ အမြောင်းလိုက်၊ အရစ်လိုက် ပေါ်နေတာကို Packs တွေလို့ခေါ်ပါတယ်။ တွေ့ရများတာကတော့ Six Packs ပါ။ အဖုအထစ် အရေအတွက်ကို ကြည့်ပြီး Four, Six, Eight, Ten Packs ပေါ့။ ဒါဟာ လူ့ခန္ဓာကိုယ် ဝမ်းဗိုက်ရဲ့ အရှေ့ဘက်မှာရှိတဲ့ကြွက်သား (Rectus abdominis) abs ဖြစ်ပါတယ်။

Packs တွေဘာလို့ ပေါ်လာလဲ

ခန္ဓာကိုယ် အဆီနည်းတဲ့ သူတွေမှာ ဝမ်းဗိုကြွက်သားတွေက ပိုပြီး သိသိသာသာ ပေါ်နေတာ တွေ့ရနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ အဆီလုံးဝ မရှိလို့လည်း မရပါဘူး။

 Packs တွေ ပေါ်ဖို့က အစားအစာက အဓိက အရေးပါပါတယ်။ White Carbs/ Refined Carbs တွေကို ရှောင်ပြီး ကောက်နှံတစ်ခုလုံး ပါဝင်တဲ့ ဂျုံ၊ အုတ်ဂျုံ၊ Quinoa၊ ဆန်လုံးညိုတို့ကို စားပါ။

 နံနက်စာမှာ ပရိုတင်းပါအောင် စားပါ။ ပရိုတင်းကို ချေဖျက်ဖို့ ခန္ဓာကိုယ်က ကယ်လိုရီတွေ ပိုပြီး လောင်ကျွမ်းစေပါတယ်။ နောက်ပြီး ပရိုတင်းကို နံနက်စာမှာ စားတာက ဦးနှောက်ကနေ အစာစားချင်စိတ်ကို ပိုပြီး ထိန်းချုပ်စေနိုင်ပြီး ပိုမစားမိတော့ပါဘူး။
ပရိုတင်းလို့ပြောလို့ ကယ်လိုရီနဲ့ အဆီများတဲ့ ဝက်ပေါင်သားတို့၊ အမဲသားတို့ မဟုတ်ပါဘူး။ ကွာလတီလည်းပြည့်ဝပြီး ကယ်လိုရီမများတဲ့ ဥအမျိုးမျိုး၊ ဒိန်ချဉ်၊ ဆော်လ်မွန်ငါး၊ အဖြူရောင်အသား၊ အဆီနည်းတဲ့ နို့နဲ့နို့ထွက်စ္စည်း၊ ဆွိုင်း၊ ပဲအမျိုးမျိုးတို့ကို ရွေးချယ်စားသုံးပါ။

 ဝက်သားမှ ကြိုက်တယ်ဆိုရင်လည်း Pork Tenderloin အသားကိုရွေးပြီး အမဲသား ကြိုက်တယ်ဆိုရင်လည်း Lean Beef ကို ရွေးစားပါ။

 ရေများများသောက်ပါ။ အစားကို တစ်ချိန်တည်းမှာ အများကြီးမစားဘဲ တစ်နေ့ကို ခြောက်ကြိမ်လောက် ခွဲစားပါ။ အသင့်ထုပ်ပိုးပြီးသား Junk Food တွေကို လုံးဝရှောင်လိုက်ပါ။

 ခန္ဓာကိုယ်အတွက် အကျိုးပြုနိုင်တဲ့ Healthy Fats တွေဖြစ်တဲ့ ထောပတ်သီး၊ သံလွင်ဆီ၊ Fish Oils တွေ စားနိုင်ပါတယ်။
အစားအစာကဏ္ဍပြီးရင်တော့ နောက်တစ်ပိုင်းက အားကစားပါ။ အားကစားလုပ်တဲ့ အခါမှာလည်း ဝမ်းဗိုက်ကြွက်သား တစ်ခုတည်းအတွက် အဓိကထားပြီး လုပ်နေလို့မရပါဘူး။ တစ်ကိုယ်လုံးအတွက် မျှတအောင် ရက်ခွဲပြီး ကစားတာ၊ Cardio Exercise ရော၊ အလေးတုံးတွေနဲ့ရော၊ Resistance Training တွေရော အကုန်မျှအောင် ကစားပေးပါ။

 #Darli (Mahidol University) 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *