ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရတဲ့အ ခါ ဘယ်လိုအစားအစာတွေ ရှောင်သင့်လဲ

ဖျားနာတဲ့အခါ စိတ်နဲ့ခန္ဓာကိုယ်အ တွက် အဆင်ပြေစေတဲ့ အစားအစာတွေ စားသုံးဖို့ လိုပါတယ်။ တချို့အစားအစာ တွေက နေမကောင်းနေချိန်မှာ ခံစားရတဲ့ ဝေဒနာတွေကို ပိုဆိုးသွားစေနိုင်ပါတယ်။ နေမကောင်းတဲ့အချိန်မှာ စားသုံးတဲ့အစား အစာတွေထဲ ဗီတာမင် ဒီ၊ ဗီတာမင် စီနဲ့ ဇင့်ဓာတ်တွေ ပါဝင်အောင် စားသုံးမယ်ဆို ရင် နေကောင်းတာ ပိုမိုမြန်ဆန်စေတယ် လို့ CDC က ပြောထားပါတယ်။ ကိုဗစ် – ၁၉ ပိုး ကူးစက်ခံရတဲ့အခါမှာလည်း ဒီအာဟာရဓာတ်တွေပါဝင်တဲ့ အစားအ စာတွေ စားသုံးဖြစ်ဖို့ အရေးကြီးပါတယ်။ ဖျားနာနေချိန်မှာ ခန္ဓာကိုယ်တွင်း ရောင် ရမ်းမှုဖြစ်စေတဲ့ အစားအစာတွေကို စား သုံးပါက ရောဂါလက္ခဏာတွေ ပိုမိုပြင်း ထန်ပြီး နာလန်ထလည်း နှေးစေပါတယ်။ ဒါကြောင့် ကိုဗစ်ရောဂါခံစားနေရချိန်မှာ အောက်ပါအစားအစာတွေကို ရှောင်ရှားဖို့ လိုပါတယ်။

ပြုပြင်ထားသော အစားအစာများ
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ အခါ ဆားများတဲ့အစာ၊ သကြားများတဲ့ အစာ၊ တာရှည်ခံဆိုးဆေးတွေ ထည့်ထား တဲ့အစာတွေကို ရှောင်ပါ။ ဒီအစားအစာ တွေက ကိုယ်တွင်းရောင်ရမ်းမှုတွေ ဖြစ် စေပြီး ရောဂါပျောက်ကင်းမှုကိုလည်း နှေးကွေးစေတာကြောင့်ပါ။ ရောင်ရမ်းမှု တွေများတဲ့အခါ ခန္ဓာကိုယ်ရဲ့ခုခံအား စနစ်ကို ကျစေပြီး ရောဂါတိုက်ထုတ်နိုင် စွမ်းအားနည်းသွားတာကြောင့် ရောဂါ တာရှည်နေတတ်ပါတယ်။

အနီရောင်အသားများ
ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူပဲဖြစ် ဖြစ်၊ ဘာပိုးမှမရှိဘဲ ကျန်းမာနေသူပဲဖြစ် ဖြစ် အနီရောင်အသားတွေကို မကြာခဏ မစားသင့်ပါဘူး။ အနီရောင်အသားတွေ မှာ ပြည့်ဝဆီတွေ ပါဝင်ပြီး အဲဒီအဆီတွေက ခန္ဓာကိုယ်တွင်းရောင်ရမ်းမှုတွေ ဖြစ် စေပါတယ်။ ပြည့်ဝဆီတွေအစား ထော ပတ်သီး၊ သံလွင်ဆီနဲ့ ငါးကြီးဆီ စတာ တွေမှာ မပြည့်ဝဆီတွေပါဝင်လို့ အဲဒါတွေ ကိုတော့ စားသုံးသင့်ပါတယ်။ အသား ဓာတ်အတွက် ငါး၊ အပင်ကနေရတဲ့ ပဲအ မျိုးမျိုး စတာတွေ စားသုံးပါ။

ဆီကြော်စာများ
အပူချိန်ပြင်းပြင်းနဲ့ ကြော်ထားတဲ့ အစာတွေမှာ ဆီတွေ ပါဝင်မှုများတာ ကြောင့် မကြာခဏ မစားသုံးသင့်ပါ။ ဒီဆီ တွေက ခန္ဓာကိုယ်တွင်းမှာ စုမိလာတဲ့အခါ ကိုယ်ခံအားစနစ်ကို ကျဆင်းစေပါတယ်။ ဒါ့အပြင် အူလမ်းကြောင်းအတွင်းမှာ လည်း အကျိုးပြုဗက်တီးရီးယားတွေ အပေါ် မကောင်းတဲ့သက်ရောက်မှုဖြစ်စေ ပါတယ်။ သွေးတွင်းမကောင်းတဲ့ ကိုလက် စထရောတွေ များစေပြီး နှလုံးနဲ့ သွေး ကြောရောဂါတွေ ဖြစ်ပွားနိုင်ခြေကိုလည်း များစေပါတယ်။

အချိုရည်များ
သကြားဓာတ်ပါဝင်မှုများတဲ့ အချို ရည်တွေက ကိုယ်တွင်းရောင်ရမ်းမှုတွေကို များစေလို့ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထား ရတဲ့အချိန်မှာ ရှောင်သင့်ပါတယ်။ ကာဗွန် ဖြည့်စွက်ထားတဲ့ အစားအစာတွေက ရောဂါပျောက်ကင်းမှုကိုလည်း နှေးကွေး စေပါတယ်။ ရောဂါပျောက်ကင်းမှု မြန် ဆန်လိုတယ်ဆိုရင်တော့ အချိုရည်တွေ လုံးဝ မသောက်သင့်ပါဘူး။

အစပ်စာများ
အအေးမိ၊ ဖျားနာ၊ တုပ်ကွေးဖြစ်တဲ့ အချိန်မျိုးမှာ အစပ်စာတွေ စားသုံးပါက လည်ချောင်းကို လှုံ့ဆော်မှုဖြစ်စေလို့ ချောင်းဆိုးတာ၊ လည်ချောင်းယားယံတာ တွေဖြစ်စေပါတယ်။ ဖျားနာပြီး နှာခေါင်း ပိတ်တဲ့အခါ ပွင့်သွားအောင် အစပ်စာ တွေ စားမယ်ဆိုတဲ့ စိတ်ကူးကို အကောင် အထည် မဖော်မိပါစေနဲ့။ အဲဒီလိုအခါမျိုး မှာ စွပ်ပြုတ်ပူပူနွေးနွေးတစ်ခွက်သာ သောက်လိုက်ပါ။

♥ ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal