Skin care ကို Brand တစ်မျိုးတည်း သုံးတာကောင်းလား ပြောင်းသုံးသင့်လား

Skincare တွေ အသုံးများလာတဲ့ ခေတ်ထဲမှာ အမှတ်တံဆိပ်အမျိုးမျိုးနဲ့ အသားအရေထိန်းသိမ်းတဲ့ အလှကုန်တွေဟာဆိုရင်လည်း နိုင်ငံ တကာကနေ ပြည်တွင်းဈေးကွက်ထဲ ဝင်ရောက်လာနေပြီဖြစ်ပါတယ်။ ဒီထဲကမှ ကိုယ့်အသားအရေနဲ့ တည့်ပါ့မလား၊ အသားအရေကို ပိုဆိုး သွားနိုင်မလား၊ ဒီနိုင်ငံရာသီဥတုနဲ့ ဒီနိုင်ငံလူမျိုးတွေရဲ့ အသားအရေအတွက်ကော ကိုက်ညီပါ့မလားဆိုပြီး စိုးရိမ်တကြီးနဲ့ ရွေးချယ်ရခက်ပါသေး တယ်။

ဒီလိုနဲ့ ကိုယ့်အသားအရေနဲ့ ကိုက်ညီတဲ့ တံဆိပ်ဆိုရင် အသေမှတ်ထားပြီး ဒီတံဆိပ်ပဲ ဝယ်သုံးတဲ့သူတွေရှိသလို၊ အကြိုက်မတွေ့ သေးလို့ တံဆိပ်အမျိုးမျိုးပြောင်းပြီး စမ်းသုံး ကြည့်နေဆဲသူတွေလည်းရှိသလို၊ တချို့က တော့ အမှတ်တံဆိပ်အမျိုးမျိုးက Skincare series မျိုးစုံလိုက်သုံးရတာကို နှစ်သက်တာ လည်းရှိပါတယ်။ ဒီတစ်ပတ်မှာတော့ Skincare series တစ်မျိုးတည်းကိုပဲ အကြိုက်တွေ့ ပြီး အသုံးပြုသူတွေနဲ့ Skincare တံဆိပ်မျိုးစုံ အသုံးပြုသူတွေရဲ့ အားသာချက်၊ အားနည်း ချက်တွေကို ရေးပေးလိုက်ပါတယ်။


Skincare Brand တစ်မျိုးတည်းကို စွဲစွဲ မြဲမြဲသုံးစွဲမယ်ဆိုရင် . . .

– Skincare Brand တစ်မျိုးတည်းကိုပဲ သုံးစွဲသူအနေနဲ့ အားသာချက်ဆိုရင် one-stop shop လုပ်လို့ရပါတယ်။

– Brand တစ်ခုအနေနဲ့ ရပ်တည်ထားတဲ့ အလှကုန်အမှတ်တံဆိပ်ဟာ သင့်အတွက် လိုအပ်တဲ့ အသားအရေထိန်းသိမ်းတဲ့အလှ ကုန်မျိုးစုံကို ခေါင်းစခြေဆုံးအတွက် စုံစုံ လင်လင် ထုတ်လုပ်လေ့ရှိပါတယ်။

– တစ်နေရာတည်းမှာပဲ သင့်အတွက်လို အပ်တဲ့ အသားအရေ ထိန်းသိမ်းစောင့် ရှောက်တဲ့ Products တွေမျိုးစုံကို အလွယ်တကူ ရှာဖွေဝယ်ယူနိုင်တာ ကြောင့် အချိန်ကုန်သက်သာ သွားပါတယ်။

– နောက်တစ်ချက်က သူတို့ဟာ စက်ရုံတစ် ခုတည်း၊ ကုမ္ပဏီတစ်ခုတည်းက ထုတ်လုပ် ထားတာမို့လို့ Skငညခမေန တစ်မျိုးလိမ်းပြီး အမှတ်တံဆိပ်အတူတူထဲကပဲ နောက်တစ် မျိုး ထပ်လိမ်းတဲ့အခါမှာလည်း အရေပြား မှာ ဓာတ်မတည့်တာတွေဖြစ်နိုင်ခြေအရမ်း နည်းသွားပါတယ်။

–  Brand တစ်မျိုးတည်းကထုတ်တဲ့ အလှ ကုန်ပစ္စည်းတွေဟာ တစ်မျိုးနဲ့ တစ်မျိုး အတူ ရောလိမ်းတဲ့အခါမှာလည်း တစ်မျိုး ရဲ့အာနိသင်ကို နောက်တစ်မျိုးက မနှောင့် ယှက်အောင်၊ မတည့်တာမဖြစ်အောင် သေချာဖော်စပ်ထားမှာဖြစ်ပါတယ်။

Skincare Brand မျိုးစုံကို စွဲစွဲမြဲမြဲ သုံးစွဲမယ်ဆိုရင် . . .

– သင်ဟာ Skincare Brand အစုံသုံးရတာ နှစ်သက်တယ်ဆိုရင် အမှတ်တံဆိပ်မတူ တဲ့ အလှကုန်ပစ္စည်းတွေကို ရောလိမ်းမိ တဲ့အခါ ဒါမှမဟုတ် တစ်ခုအပေါ် နောက် တစ်မျိုး ထပ်လိမ်းတဲ့အခါ မတည့်တာမျိုး ဖြစ်နိုင်ခြေကတော့ ရှိပါတယ်။ ဒါပေမဲ့ စမ်းလိမ်းကြည့်သွားရင်းကနေတော့ ဘယ် အမျိုးအစားတွေကို ရောလိမ်းရင် ပိုပြီး အာနိသင်ကောင်းတယ်၊ မကောင်းဘူးဆို တာကို သင်ခွဲခြားလာနိုင်ပါလိမ့်မယ်။

– အလှကုန်ပစ္စည်းတွေထဲက ပါဝင် ဓာတု ပစ္စည်းတွေကိုလည်း လေ့လာထားပါ။ ဘာ လို့လဲဆိုတော့ ပြင်းတဲ့ Treatment အတွက် သုံးရတဲ့အလှကုန်ပစ္စည်းတွေ အသုံးပြုနေ စဉ်မှာ ရောမသုံးရမယ့် ဓာတုပစ္စည်းတွေ ရှိပါတယ်။

– ရောလိမ်းလို့ ဓာတ်မတည့်တဲ့အခါ အရင် ဆုံးသိနိုင်တဲ့အချက်က ချွေးပေါက်တွေ ပိတ်တာ၊ ဖယ်ရှားရခက်တဲ့ အဖြူရောင် အဆန်လေးတွေဖြစ်တာတွေ တွေ့ရမှာပါ။

– Retinolသူ ဓာတုပစ္စည်းပါဝင်တဲ့ အလှကုန် ကို AHAs ပါဝင်တဲ့ Skincare နဲ့ ရော မလိမ်းပါနဲ့။ အရေပြားကို ထိခိုက်စေပါ တယ်။

– ဝက်ခြံထွက်တတ်တဲ့ အသားအရေ ရှိသူဆိုရင်Benzoyl peroxide နဲ့ Salicylic အက်စစ်တွေကို နှစ် မျိုးလုံး တစ်ခါတည်း ရောမလိမ်းပါနဲ့။

–  Sensitive skin လိုမျိုး ထိရှလွယ် တဲ့ အသားအရေမျိုးဆိုရင် အယ်လ်ကို ဟောပါဝင်တဲ့ တိုနာတွေ၊ Oil ကို အခြေခံပြီးထုတ်လုပ်ထားတဲ့ အစိုဓာတ်ထိန်းခရင်မ် Moisturizer တွေနဲ့ မတည့်ပါဘူး။

Darliko

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *