ပရိုတင်းဓာတ် မလုံလောက်သော သတိပေးလက္ခဏာ ၅ ရပ်

ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေ များစွာရှိ တာတောင် တချို့တွေက ပရိုတင်းဓာတ် ချို့တဲ့နေ တတ်ပါတယ်။ လူတစ်ဦး တစ်နေ့တာ စားသုံးသင့်တဲ့ ပရိုတင်းပမာဏက နေ့ စဉ်လှုပ်ရှားမှု၊ ကိုယ်အ လေးချိန်တွေအပြင် ခန့် မှန်းရခက်တဲ့ တခြားအ ကြောင်းတွေပေါ် မူတည် ပြီး မတူညီနိုင်ပါ။ ခန္ဓာ ကိုယ်မှာ ပရိုတင်းဓာတ် မလုံလောက်ဘူးဆိုရင် အောက်ပါသတိပေး လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

အာရုံစုစည်းမရခြင်း
သွေးထဲမှာ သကြားဓာတ်နည်းတဲ့အခါ အာ ရုံစုစည်းမရတာမျိုး ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်မှာ ပရိုတင်းဓာတ်ချို့တဲ့နေပါက သကြားဓာတ် မတည် ငြိမ်နိုင်ပါဘူး။ ပရိုတင်းက ခန္ဓာကိုယ်တွင်းမှာ ကာ ဗွန်ဟိုက်ဒရိတ်ထုတ်ပြီး စိတ်ပိုင်းဆိုင်ရာအတွက် စွမ်းအင်ဖန်တီးပေးပါတယ်။

အချိုစာတွေ စားချင်နေခြင်း
တစ်ချိန်လုံး ဆာလောင်နေပြီး အချိုစာတွေ သာ စားချင်စိတ်ဖြစ်နေတတ်ပါတယ်။ ပရိုတင်းက ခန္ဓာကိုယ်တွင်း သကြားဓာတ်ပမာဏအပေါ် သက်ရောက်မှု ရှိပါတယ်။ ခန္ဓာကိုယ်မှာ ပရိုတင်း ဓာတ် ချို့တဲ့နေတဲ့အခါ သကြားဓာတ်ကို မက်မက် မောမော တောင့်တတတ်ပါတယ်။

အားနည်းနေခြင်း
ပရိုတင်းက ကြွက်သားတွေ တည် ဆောက်ဖို့နဲ့ ပြန်လည်ပြုပြင်ဖို့ မရှိမဖြစ် လိုအပ်ပါတယ်။ ပရိုတင်းဓာတ်ချို့ တဲ့ပါက <ကက်သားတွေ အားနည်းပြီး ကျုံ့ညှစ်မှုကိုလည်း ထိခိုက်စေပါတယ်။ ကြွက်သားအားနည်းပါက လေ့ကျင့် ခန်းလုပ်တာ ဒါမှမဟုတ် အားကစား လုပ်တာတွေမှာ မစွမ်းဆောင်နိုင်တာ မျိုးဖြစ်တတ်ပါတယ်။

မကြာခဏ ဖျားတတ် ခြင်း
ပရိုတင်းက ကြွက် သားတွေတည်ဆောက် ဖို့သာမက ခန္ဓာကိုယ် ခုခံစွမ်းအားစနစ်အ တွက်လည်း လိုအပ်ပါ တယ်။ ခန္ဓာကိုယ်မှာ ပရိုတင်းဓာတ် ချို့တဲ့ နေပါက ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ တုပ်ကွေး၊ အအေးမိရောဂါတွေ ဖြစ်လွယ်ပါတယ်။

အရေပြားပျက်စီးခြင်း
ခန္ဓာကိုယ်မှာ ပရိုတင်းဓာတ် ချို့တဲ့နေလားဆိုတာကို အရေပြား ကြည့်ပြီးလည်း ဆုံးဖြတ်နိုင်ပါ တယ်။ ပရိုတင်းဓာတ်ချို့တဲ့ပါက အရေပြားက ခံနိုင်ရည်မရှိဘဲ ခြောက်သွေ့အက်ကွဲတာ၊ ထိမိရှ မိ ဖြစ်တာတွေ ကြုံတွေ့နိုင်ပါ တယ်။

ဆံပင်ကျွတ်ခြင်း
ဆံပင်ရဲ့ အရင်းမှာရှိတဲ့ ဆံချည်မျှင် အိတ်လေးတွေက အဖုလေးတွေရှိပြီး အဲဒီအဖုလေးတွေက ပရိုတင်းနဲ့ ဆက် စပ်မှုရှိပါတယ်။ ပရိုတင်းချို့တဲ့တာ ကြောင့် ဆံပင်ရဲ့အဖုလေးတွေက လျော့ တိလျော့ ရဲဖြစ်ပြီး ဆံပင်ကျွတ်စေပါတယ်။ ပရို တင်းက ဆံပင်ကို အခိုးအငွေ့တွေနဲ့ လေ ထုညစ်ညမ်းမှုတွေကနေ ကာကွယ် ပေးပါတယ်။ ဆံပင်ကျွတ်စေနိုင်တဲ့ အကြောင်းတွေက ပရိုတင်းချို့တဲ့တာ အပြင် သိုင်းရွိုက်ဂလင်းကြောင့် ဟော် မုန်းမညီမမျှတာကြောင့်လည်း ဖြစ်နိုင် ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal