Stress Ball

စိတ်ဖိစီးမှုဖြစ်လာတိုင်း Relax ဖြစ်အောင် ညှစ်ရတဲ့ Stress Ball လေးကို Super Market တွေမှာ အလွယ်တကူ ၀ယ်လို့ရသလိုကိုယ်တိုင်လည်း ပြုလုပ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်စိတ်ဖိစီးမှုဖြေဖျောက်ဖို့ ကိုယ့်သဘောကျပြုလုပ်လိုက်တာကတော့ အကောင်းဆုံးမို့ အလွယ်ကူဆုံး Stress Ball ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

လိုအပ်တဲ့ပစ္စည်း

♦ ပင်ပွားဘောလုံးစေ့ (ရေထဲထည့်လိုက်ရင် ကြီးထွားပြီး ပွားလာတဲ့ ရော်ဘာစေ့လေးတွေ)
♦ လေမှုတ်သားရေဘောလုံး
♦ ရေသန့်ဘူးခွံတစ်ဘူး
♦ ကတ်ကြေး

ပြုလုပ်နည်း

ပထမအဆင့်

ကလေးတွေရဲ့ ကျောင်းမုန့်ဈေးတန်းမှာ အလွယ်တကူ ၀ယ်လို့ရနိုင်တဲ့ ပင်ပွားဘောလုံးစေ့လေးတွေကို လိုအပ်တဲ့အရွယ်အစားရောက်တဲ့အချိန်အထိ ရေထဲထည့်စိမ်ပါ။

ဒုတိယအဆင့်


လိုအပ်တဲ့အရွယ်အစားရလာပြီဆိုရင် ရေသန့်ဘူးခွံထဲကို ထည့်ပါ။

တတိယအဆင့်


သားရေဘောလုံးကို မိမိလိုချင်တဲ့အနေအထားရောက်အောင် လေမှုတ်သွင်းပြီး ခုနက ရေသန့်ဘူးခွံအ၀မှာ တပ်ပါ။

စတုတ္ထအဆင့်


ရေသန့်ဘူးခွံကို မှောက်ပြီး လေမှုတ်ထားတဲ့ သားရေဘောလုံးထဲကို ပင်ပွားဘောလုံးလေးတွေရောက်အောင် ထည့်ပါ။

ပဉ္စမအဆင့်


နောက်ဆုံးအဆင့်မှာတော့ ဘောလုံးကို ရေသန့်ဘူးကနေ ဖြုတ်ပြီး ချည်ကာ ပိုတဲ့သားရေဘောလုံးအစတွေကို ကတ်ကြေးနဲ့ ညှပ်ထုတ်လိုက်ပါ။

ဒါဆိုရင် ချစ်စဖွယ်လှပတဲ့ Stress Ball လေးကို လိုအပ်သလို ဖိညှစ်ပြီး စိတ်ဖိစီးမှုတွေဖြေဖျောက်နိုင်ပါပြီ။

♥   ဆူးမြာ  ♥

Good Health Journal

Post Author: Good Health Journal