ခန္ဓာကိုယ်အတွက် ဘယ်ဗီတာမင်တွေ လိုအပ်သလဲ (၂)

ဗီတာမင် ဘီ ၁၂
♦ Vitamin B12 (Cobalamine)
နှလုံးရောဂါဖြစ်စေနိုင်တဲ့ ဟိုမိုစစီ တင်းကို လျော့ကျစေနိုင်ပါတယ်။ အာရုံ ကြောဆဲလ်တွေကို ကာကွယ်ပေးပြီး သွေးနီဥနဲ့ DNA ထုတ်လုပ်တာမှာ ကူညီပေးပါတယ်။

ဗီတာမင် ဘီ ၁၂ ရရှိနိုင်သောစားစရာများ
အပင်အနှံ၊ ပဲနို့၊ ဥအမျိုးမျိုး၊ နွားနို့၊ ချိစ်၊ ငါးအမျိုးမျိုး၊ အသားအမျိုးမျိုး။

ဗီတာမင် ဘီ ၇
♦ Vitamin B7 (Biotin)
စားလိုက်တဲ့အစားအစာကနေ စွမ်း အင်နဲ့ ဂလူးကို့စ် ထုတ်လုပ်ပေးပြီး ဆံ ကေသာနဲ့ အရိုးကျန်းမာရေးကို အ ထောက်အကူပြုပါတယ်။

ဗီတာမင် ဘီ ၇ ရရှိနိုင်သောစားစရာများ
အပင်အနှံ၊ ပဲပုပ်၊ ကြက်ဥအနှစ်၊ ငါးအမျိုးမျိုး၊ ဝမ်းတွင်းသား။

ဗီတာမင် ဘီ ၉
♦ Vitamin B9 (Folic Acidç Folate, Folacin)
ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အထူးလိုအပ်ပါတယ်၊ မွေးလာမယ့်က လေးမှာ ဦးနှောက်နဲ့ အာရုံကြောမကြီး ချို့ယွင်းနိုင်ခြေကို လျော့ကျစေပါတယ်။ နှလုံးရောဂါဖြစ်စေနိုင်တဲ့ ဟိုမိုစစီတင်း ကို လျော့ကျစေပြီး အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ မဖြစ်အောင် ကာကွယ် နိုင်ပါတယ်။

ဗီတာမင် ဘီ ၉ ရရှိနိုင်သောစားစရာများ
ကညွတ်၊ ရုံးပတီသီး၊ ဟင်းနုနယ်၊ ကိုက်လန်၊ ဘရိုကိုလီ၊ ပဲသီး၊ ကုလားပဲ၊ လိမ္မော်ရည်၊ ခရမ်းချဉ်သီးဖျော်ရည်။

ဗီတာမင် စီ
♦ Vitamin C (Ascorbic Acid)
ဓာတ်တိုးဆန့်ကျင်နိုင်စွမ်းရှိပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။ ကိုလာဂျင်ထုတ်လုပ်မှုကို ကူညီပေးပြီး အနာကျက်မြန်စေပါတယ်။ ကင်ဆာရော ဂါအမျိုးမျိုးကို ကာကွယ်ပေးပါတယ်။

ဗီတာမင် စီ ရရှိနိုင်သောစားစရာများ
အချဉ်အရသာရှိသော အသီးအနှံ များ၊ အာလူး၊ ဘရိုကိုလီ၊ ငရုတ်ပွသီး၊ ဟင်းနုနယ်၊ စတော်ဘယ်ရီ၊ ခရမ်းချဉ် သီး၊ မာလကာသီး။

ကိုလင်း
♦ Choline
ဦးနှောက်နှင့် အာရုံကြောလုပ် ဆောင်မှုများအတွက် အရေးပါပါတယ်။

ကိုလင်း ရရှိနိုင်သောစားစရာများ
နွားနို့၊ ဥအမျိုးမျိုး၊ မြေပဲ၊ ဆော်လမွန်ငါး၊ အသည်း။

ဗီတာမင် ဒီ
♦ Vitamin D (Calciferol)
အရိုးကျန်းမာရေးအတွက်လိုအပ် တဲ့ ကယ်လ်စီယမ်နဲ့ ဖော့စဖရပ်ကို ထိန်း သိမ်းပေးပါတယ်။ သွားနဲ့ အရိုးဖြစ်ပေါ် စေဖို့ကူညီပေးပါတယ်။

ဗီတာမင် ဒီ ရရှိနိုင်ောစားစရာများ
နွားနို့၊ အဆီများသောငါး (Fatty Fish)၊ ဆော်လမွန်၊ ဆာဒင်း၊ တူနာငါး။

ဗီတာမင် အီး
♦ Vitamin E (Alphatocopherol)
ဓာတ်တိုးဆန့်ကျင်နိုင်စွမ်းရှိပြီး ဆဲလ်တွေမပျက်စီးအောင် ကာကွယ်နိုင် ပါတယ်။ အတိတ်မေ့ရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။

ဗီတာမင် အီး ရရှိနိုင်သောစားစရာများ
အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်၊ ဟင်းသီးဟင်းရွက်အဆီ၊ အစေ့အဆန်၊ အပင်အနှံ၊ ဂျုံ။

ဗီတာမင် ကေ
♦ Vitamin K (Phylloquinoneç Menaquinone, Menadione)
ခန္ဓာကိုယ်ရဲ့ သွေးခဲမှုစနစ်အတွက် အဓိက ဇာတ်ကောင်က Vitamin K1 ဖြစ်ပြီး အရိုးကျန်းမာရေးအတွက် အဓိ က ဇာတ်ကောင်က Vitamin K2 ဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်းမှာ ဗီတာမင် ကေ ၁ ကနေ ဗီတာမင် ကေ ၂ အဖြစ် ပြန်လည်ပြောင်းလဲနိုင်ပါတယ်။

ဗီတာမင် ကေ ရရှိနိုင်သောစားစရာများ
♦ Vitamin K1 (Phylloquinone)
Vitamin K1 ကို (Plant-Source)အပင်အနှံကနေ ရပါတယ်။ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေမှာ Vitamin K1 ပေါကြွယ်ဝစွာ ပါဝင်ပြီး ဟင်းသီးဟင်းရွက်ဆီတွေနဲ့ ထောပတ် သီး၊ ကီဝီသီး၊ ဘလူးဘယ်ရီ၊ ဘလက်ခ် ဘယ်ရီ၊ စပျစ်သီး၊ သစ်တော်သီး၊ မက် မွန်သီးတွေမှာလည်း Vitamin K1 အနည်းငယ်ပါဝင်ပါတယ်။

♦ Vitamin K2 (Menaquinone)
Vitamin K2 ကို အသား၊ နို့နဲ့နို့ ထွက်ပစ္စည်း၊ အချဉ်ဖောက်ထားတဲ့စား စရာတွေကနေ ရရှိနိုင်ပါတယ်။ Vita-min K2 မှာ MK-4ç MK-7 ဆိုပြီး ထပ်ရှိပါတယ်။ ဂျပန်ရိုးရာစားစရာ နတ်တို (Natto) (Japanese Fermented Soybean Superfood) မှာဆိုရင် Vit-amin K2 (MK-7) ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။

♥ ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal