အရက်ပြန်နှင့် ပတ်သက်ပြီး သိသင့်သည်များ

မြန်မာနိုင်ငံမှာ အခုရက်ပိုင်းအတွင်း ကိုဗစ်ပိုးတွေ့လူနာ ၅၀၀ ခန့် မြင့်တက် သွားတာကြောင့် ကိုဗစ်ဒုတိယလှိုင်းဖြစ်မှာကို စိုးရိမ်လာကြပြီး အိမ်ထဲမှာ အနေများ တာ၊ အိမ်ပြင်ထွက်ရင် mask တပ်တာ၊ လက်ကို ဆပ်ပြာ ဒါမှမဟုတ် အယ်လ်ကိုဟော ပါဝင်တဲ့ Hand gel နဲ့ ဆေးကြောတာ၊ မိမိလက်ကိုင်ဖုန်းနဲ့ မိမိလက်နဲ့ ထိတွေမိတဲ့ မျက်နှာပြင်တွေကို အရက်ပြန်နဲ့ ပွတ်တိုက်တာတွေကို ပြုလုပ်လာကြပါတယ်။ အရက်ပြန်နဲ့ ပွတ်တိုက်တာက ဒီလိုအကျိုးကျေးဇူးတွေအပြင် တခြားအသုံးပြု နိုင်တာလည်းရှိတာမို့ သိသင့်တာလေးတွေရှိတာမို့ ဖော်ပြပေးလိုက်ပါတယ်။

၁။ ပြင်းအားများတိုင်း မကောင်းပါ

ပစ္စည်းတွေကို ပိုးမွှားသန့်စင်ဖို့ ၇၀ % ဒါမှမဟုတ် ၉၉ % isopropyl alcohol ပါဝင်တဲ့ အရက်ပြန်ကို ဝယ်ယူ အသုံးပြုကြပါတယ်။ အယ်လ်ကိုဟော ရာခိုင်နှုန်း မြင့်မားစွာ ပါဝင်တာက ပိုပြီးထိရောက်မယ်လို့ ထင် မှတ်ထားကြပေမယ့် အမှန်တကယ်တော့ ပိုးသတ်ဖို့အတွက် ၇၀ % က ပိုပြီးကောင်း မွန်တယ်လို့ သိရပါတယ်။ သူ့မှာ ရေပိုမိုပါဝင်တဲ့အတွက် အယ်လ်ကိုဟောက ဖြည်း ဖြည်းချင်း ပျော်ဝင်သွားကာ ဆဲလ်ထဲကို ထိုးဖောက်ဝင်ရောက်ပြီး ဘက်တီးရီးယား ကို သတ်ပစ်နိုင်တာကြောင့်ပါ။ သင် အသုံးပြုတဲ့ အရက်ပြန်က အယ်လ်ကိုဟောပါဝင်နှုန်း ၈၀-၈၅ % ထက် ကျော်လွန်သွားရင် ပိုးသတ်နိုင်စွမ်းကျဆင်းသွားပါတယ်။

၂။ အပင်ပေါ်က ပိုးကောင်တွေကို ဖယ်ရှားနိုင်ပါတယ်

သင့်အိမ်တွင်းက အပင်တွေမှာ ပိုးကောင်တွေ ရှိနေရင် အရက်ပြန်နဲ့ ပွတ်ပေး နိုင်ပါတယ်။ ဒီလို ပြုလုပ်တာက အဆိပ်အတောက်ကင်းစင်ပြီး သဘာဝနည်းအတိုင်း ပိုးမွှားတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

၃။ ခွဲစိတ်အပြီး ပျို့အန်တာ ကို သက်သာနိုင်ပါတယ်

ခွဲစိတ်ကုသမှု ခံယူအပြီးမှာ ပျို့အန်ချင်လာတာက မေ့ဆေးရဲ့ဆိုးကျိုးကြောင့်ပါ။ အယ်လ်ကိုဟော pad နဲ့ ပွတ်တိုက်ထားတဲ့ ရနံ့ကို ရှူလိုက်တာက ပျို့အန်ချင် တာ သက်သာနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ ပျို့အန်ပျောက်ဆေးဝါး အသုံးပြုတာထက်လည်း ထိရောက်မှု ပိုပြီးမြန်ဆန်ပါတယ်။

၄။ အဖျားမကျနိုင်ပါဘူး

ဟိုးအရင်တုန်းက ကလေးတွေအဖျားကျဆင်းဖို့အတွက် ကလေးရဲ့အရေပြားကို အရက်ပြန်နဲ့ ပွတ်တိုက်ပေးတတ်ကြပါတယ်။ အခုအခါမှာတော့ ဒီလိုပြုလုပ်တာက ကလေးအတွက် အန္တရာယ်များလွန်းတယ်လို့ သိပ္ပံပညာရှင်တွေက ထုတ်ဖော်လိုက်ပါ တယ်။ အရက်ပြန်က ကလေးရဲ့အရေပြားထဲကို စိမ့်ဝင်ပြီး အယ်လ်ကိုဟောအဆိပ်အ တောက်ဖြစ်တာ၊ သတိလစ်မေ့မျောသွားတာနဲ့ သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်လို့ ဆိုပါ တယ်။ အထူးသဖြင့် နို့စို့ကလေးနဲ့ အသက်ငယ်လွန်းတဲ့ကလေးတွေမှာပါ။

၅။ မင်စွန်းရာကို ဖယ်ရှားနိုင်ပါတယ်

သင့်အဝတ်အစားတွေပေါ်မှာ မင်စွန်းသွားရင် အယ်လ်ကိုဟောနဲ့ ဖယ်ရှားနိုင်ပါ တယ်။ မင်မခြောက်သွေ့ခင်မှာ ပြုလုပ်ပါ။ မင်စွမ်းရာပေါ်မှာ အယ်လ်ကိုဟော pad နဲ့ ဖုံးအုပ်ပါ။ pad ပေါ်မှာ မင်တွေ ပြည့်သွားရင် အသစ်တစ်ခုလဲလှယ်ပြီး မင်စွန်းတာကုန်သွားတဲ့အထိ ပြုလုပ်ပါ။ မင်စွန်းရာအဟောင်းကိုတော့ ဖယ်ရှားဖို့ ခက်ခဲနိုင်ပါတယ်။

၆။ သင့်အိမ်ကို သန့်ရှင်းရေး ပြုလုပ်ရာမှာ အသုံးပြုနိုင်ပါတယ်

မှန်နဲ့ မှန်တံခါးတွေကို သန့်ရှင်းရေးပြုလုပ်ဖို့ အရက်ပြန်တစ်ပိုင့်ကို ပန်းကန် ဆေးဆပ်ပြာရည် လက်ဖက်ရည်ဇဃန်း တစ်ဝက်၊ အမိုးနီးယားခွက်တစ်ဝက်စာနဲ့ ရောစပ်ပြီး ရေ တစ်ဂါလန်ထည့်ကာ Spray ဘူးထဲထည့်ကာ အသုံးပြုပါ။

၇။ အအေးကပ်ဖို့ အသုံးပြုနိုင်ပါတယ်

ထိခိုက်ဒဏ်ရာပေါ်မှာ အအေးကပ်ဖို့ အရက်ပြန်ကို အောက်ပါအတိုင်း အသုံးပြု ပါ။ ပလတ်စတစ် Zip plot အိပ်တစ်ခုထဲကို ၇၀ % အရက်ပြန်နဲ့ ရေကို ဆတူအချိုး ထည့်ပြီး ရေခဲသေတ္တာထဲက ရေခဲတဲ့ နေရာမှာထည့်ထားပါ။ အပြာရောင်လေး ဖြစ် ချင်ရင်တော့ ဆိုးဆေးအပြာ (Blue food coloring) ထည့်လိုက်ပါ။ အဆစ်လွဲတာ၊ အရွတ်ထိခိုက်တာတွေအတွက် အသုံးဝင်ပါတယ်။

၈။ အစွန်းချွတ်ဆေး၊ အရောင်ချွတ်ဆေးတွေနဲ့ အတူတူ အသုံးမပြုပါနဲ့

အယ်လ်ကိုဟောကို အစွန်းချွတ်ဆေးတွေနဲ့ အတူတူတွဲပြီး ဘယ်တော့မှ အသုံး မပြုပါနဲ့။ အဆုတ်ထိခိုက်နိုင်တဲ့ အန္တရာယ်ရှိတဲ့ ဂက်စ်တွေ ထွက်လာနိုင်လို့ပါ။ ဒီ ဂက်စ်ကြောင့် မျက်စိ၊ လည်ချောင်းနဲ့ အဆုတ်မှာ ပူစပ်ပူလောင် ဖြစ်နိုင်ပါတယ်။

၉။ မျက်နှာပြင် အများစုကို ပိုးသန့်စင်နိုင်ပါတယ်

အယ်လ်ကိုဟောနဲ့ ရေကို ဆတူရောစပ်ပြီး ဂရင်းနိုက်နဲ့ ကြွေပြားတွေလို မာကျောတဲ့ မျက်နှာပြင်တွေကို ပိုးသန့်စင်ဖို့ အသုံးပြုနိုင်ပါတယ်။ တချို့ဆေးရုံတွေမှာ တော့ နားကြပ်၊ အဖျားတိုင်းသာမိုမီတာနဲ့ ကပ်ကြေးတွေကို အရက်ပြန်နဲ့ ပိုးသတ်ကြ ပါတယ်။ ကျွမ်းကျင်သူတွေကတော့ ဆေးခန်းသုံးနဲ့ ခွဲစိတ်ခန်းသုံးပစ္စည်းတွေကို အ ရက်ပြန်နဲ့ ပိုးသတ်တာကို အားမပေးပါဘူး။ အရက်ပြန်က ဘက်တီးရီးယားမျိုးမှုန်တွေကို မသတ်ပစ်နိုင်တဲ့အတွက် ရောဂါကူးစက်နိုင်တာကြောင့်လို့ ဆိုပါတယ်။

၁၀။ Hand sanitizer ပြုလုပ် နိုင်ပါတယ်

Hand sanitizer ကို မိမိကိုယ်တိုင် ပြုလုပ်နိုင်ဖို့ ခွက်တစ်ခွက်ရဲ့ သုံးပုံ နှစ်ပုံစာ အယ်လ်ကိုဟောကို ခွက်ရဲ့ သုံးပုံတစ်ပုံစာ ရေနဲ့ သေချာ နှံစပ်အောင် ရောစပ်ပြီး ပု လင်းထဲထည့်ထားကာ အသုံးပြုပါ။

၁၁။ နားပိုးဝင်တာ သက်သာနိုင်ပါတယ်

အယ်လ်ကိုဟောနဲ့ ရှလကာရည်ကို ဆတူရောစပ်ပြီး ရလာတဲ့ အရည်ကို နားရွက် ထဲကို အစက်အနည်းငယ်ချပြီး နားရွက်ကို တစ်ဖက်စောင်းပြီး ပြန်ထုတ်ပါ။ နားထဲ ရေဝင်နေရင် ခြောက်သွေ့သွားနိုင်ပြီး ရောဂါပိုးဝင်နေရင်လည်း နားရဲ့ pH ကို ပုံမှန် ဖြစ်စေပါတယ်။

၁၂။ သစ်သားနဲ့ သရေပေါ် အသုံးမပြုပါနဲ့

အရက်ပြန်ကို သစ်သားပေါ်မှာ ပွတ်တိုက်ရင် သစ်သားပျက်စီးနိုင်သလို သရေ ပေါ်မှာ အသုံးပြုခဲ့ရင်လည်း အရောင်ကျွတ်သွားတာနဲ့ အဖတ်ကွာကြတာတွေ ဖြစ်ပြီး ပျက်စီးနိုင်ပါတယ်။

♥ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal