အဝါရောင် အစားအစာများကို နေ့စဉ်စားသုံးသင့်သော အကြောင်းရင်းများ

အဝါရောင် အစားအစာတွေမှာပါဝင်တဲ့ ကယ်ရိုတီးနွိုက်တွေက ကိုယ်တွင်းမှာ ဗီတာမင် A အဖြစ် ပြောင်းလဲနိုင်ပါတယ်။ သူတို့က ဖရီးရယ်ဒီကယ်ခေါ် ဓာတ်တိုး ပစ္စည်းတွေကြောင့် သွေးကြောတွေ ပျက်စီးမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။
အဝါရောင် အစားအစာတွေမှာပါဝင်တဲ့ အပင်ဒြပ်ပေါင်း ဘိုင်အိုဖလေဖိုနွိုက် တွေက ကိုယ်တွင်းမှာ ဗီတာမင် C ကို ဖြိုခွဲဖို့ ကူညီပေးပါတယ်။
ဒီအစာတွေမှာ နာတာရှည်ရောဂါနဲ့ နှလုံးရောဂါကို ကာကွယ်နိုင်ဖို့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်လည်းများစွာ ပါဝင်ပါတယ်။
အဝါရောင်အစားအစာတွေကို နေ့စဉ်စားသုံးတာကြောင့် အောက်ပါအကျိုး ကျေးဇူးတွေကို ရရှိနိုင်ပါတယ်။

ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ လျော့နည်းခြင်း
လေ့လာမှုတွေအရ အဝါရောင်အစားအစာမှာပါဝင်တဲ့ ကယ်ရိုတီးနွိုက်တွေက ဆီး ကျိတ်ကင်ဆာဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်တယ်လို့ သိရပါတယ်။ အကျိတ်အ ရွယ်အစားကိုလည်းသေးငယ်စေပြီး နောက်ထပ်ကြီးထွားမှုမရှိအောင် ဟန့်တားပေး ပါတယ်။

အမြင်အာရုံတိုးတက်ကောင်းမွန်နိုင်ခြင်း
အဝါရောင်အစာတွေမှာ ပါဝင်တဲ့ ကယ်ရိုတီးနွိုက်ဟာ ကိုယ်တွင်းမှာ ဗီတာမင် A အဖြစ် ပြောင်းလဲသွားပါတယ်။ ဗီတာမင် A က အမြင်အာရုံကောင်းမွန်နိုင်ပြီး အမြင်ဆုံးရှုံးမှုမရှိအောင်နဲ့ မက်ကူလာချို့ယွင်းချက်မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ဓာတ်တိုးပစ္စည်းတွေ မကြီးထွားအောင် ကာကွယ်ပေးခြင်း
အဝါရောင်အစားအစာတွေမှာ ပါဝင်တဲ့ ဗီတာမင် B6 က အရွယ်မတိုင်ခင် အို မင်းမှုကို ဖြစ်ပေါ်စေတဲ့ ဓာတ်တိုးပစ္စည်းတွေ များပြားမှုမရှိအောင် ကာကွယ်ပေးပါ တယ်။

ကော်လာဂျင်ထုတ်လုပ်မှု ကောင်းမွန်နိုင်ခြင်း
အဝါရောင် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေက အရေပြားအတွင်းက ပရို တင်းခေါ် ကော်လာဂျင်ထုတ်လုပ်မှုကို ကူညီပေးပါတယ်။ ကော်လာဂျင်က အရေပြား ချောမွတ် နူးညံ့မှုအတွက် အရေးပါပါတယ်။
ဒါ့အပြင် နေရောင်ကလာတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားဆဲလ် ပျက် စီးမှုမဖြစ်အောင်လည်း ကာကွယ်နိုင်ပါတယ်။

ခုခံအားစနစ် မြင့်တက်နိုင်ခြင်း
အဝါရောင် အစားအစာတွေမှာ များစွာပါဝင်တဲ့ အမျှင်၊ သံဓာတ်နဲ့ သွပ်ဓာတ်တွေ က ရောဂါတွေကို တွန်းလှန်တိုက်ခိုက်မယ့် ခုခံအားစနစ်ကို သန်မာစေနိုင်ပါတယ်။

အဆိပ်အတောက် ကင်းစင်နိုင်ခြင်း
အဝါရောင် အစားအစာတွေက ဝမ်းပျော့စေပြီး ကိုယ်တွင်းက အညစ်အကြေး တွေကို စွန့်ထုတ်ပေးပါတယ်။

သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းချုပ်ပေးခြင်း
အဝါရောင်အစားအစာတွေမှာ များစွာပါဝင်တဲ့ ပိုတက်စီယမ်တွေက သွေးဖိ အားကို ပုံမှန်ဖြစ်အောင် ကူညီပေးပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal