အဝတ်အစားနဲ့ ဖုံးအုပ်နိုင်သော သင့်ရဲ့ မလှမပနေရာများ

ခြောက်ပစ်ကင်း သဲလဲစင်၊ ပစ်မျိုးမှည့် မထင် တဲ့၊ စင်းလုံးချောတဲ့ အလှအပတွေကို ရရှိထားသူ မိန်းကလေးတွေက ရှေးဘဝကပြုခဲ့ဖူးတဲ့ ကုသိုလ် ကံတော်တော်ကိုထူးကဲတာမို့ပါ။ အမျိုးသမီးအများ စုကတော့ အလှအပနဲ့ပတ်သက်လာရင် တစ်နေရာ မဟုတ် တစ်နေရာ ချို့ယွင်းချက်ရှိနေတတ်ပါတယ်။
ဒါပေမဲ့ မိမိရဲ့ မလှမပဖြစ်နေတဲ့ အရာတွေကို မိတ်ကပ်၊ အဝတ်အစားတွေနဲ့ ပြုပြင်ဖုံးအုပ်နိုင်တဲ့ အတွက် နိုင်ငံကျော်ဆယ်လီတွေရဲ့ အဝတ်အစား အကူအညီနဲ့ သူတို့ရဲ့ မလှမပနေရာတွေကို ဖုံးအုပ် ပြီး အလှအပပေါ်လွင်လာအောင် ပြုလုပ်နည်းတွေ ကို ဖော်ပြပေးလိုက်ပါတယ်။

Sarah Jessica Parker က ကိုယ်အပေါ်ပိုင်းကို ပိုပြီးကြီးမားအောင် လှည့်စားထားပါတယ်
သူရဲ့ မလှမပတဲ့ ရင်သားကို ပလတ်စတစ် Surgery နဲ့ ခွဲစိတ် မပြုပြင်တော့ဘဲ ကိုယ်အပေါ်ပိုင်းကြီးမားစေတဲ့ လက်ဖောင်းအင်္ကျီနဲ့ အဆင်ကြီးကြီးပါတဲ့ အဝတ်အစားတွေကိုသာ ရွေးချယ်ကာ ဝတ်ဆင် ပါတယ်။ သင့်ရင်သားသေးငယ်နေရင် ပြောင်အရောင်တောက် တောက် ဒါမှမဟုတ် ပန်းပွင့်ပါအဆင်ကြီးကြီး၊ အတွန့်အခေါက်ပါ လည်ပင်းနဲ့ ဗီပုံသဏ္ဌာန်လည်ပင်းပေါက် အင်္ကျီတွေကို ဝတ်ဆင် နိုင်ပါတယ်။

Angelina Jolie က ပခုံးကျယ်ပြီး တင်ပါးသေးတာကို ဖုံးအုပ်ထားပါတယ်
ဟော်လိဝုဒ်မှ အချောအလှဆုံးမင်းသမီး ဂျိုလီက သူ့ခန္ဓာ ကိုယ်နဲ့ လိုက်ဖက်မှုရှိအောင် ဘယ်လို ဝတ်စားဆင်ယင်ရမယ်ဆို တာကို သိရှိနားလည်ပါတယ်။ ဒါကြောင့်သူက ပခုံးကျယ်နေပေမယ့် သူ့အလှက မပျက်စီးသွားပါဘူး။ သင့်မှာ သူ့လိုမျိုး ပြဿနာရှိနေရင် အနွေးထည်ပွပွဝတ်တာ၊ ရင်ညွန့်အထိရောက်မယ့် Accessories တွေထည့်ထားတာနဲ့ အမွေးပွစကတ်ဝတ်ဆင်တာမျိုးတွေကို ပြု လုပ်ပါ။

Reese Witherspoon က အမြင်မှာ အရပ်ရှည်တယ်လို့ ထင်ရစေပါတယ်
သူ့ အရပ်က ၅ ပေ ၁ လက်မသာရှိပေမယ့် ဒါ့ထက် အရပ်ပိုရှည် တယ်လို့ထင်ရအောင် ဝတ်စားဆင်ယင်လေ့ရှိပါတယ်။ သင်အရပ် ပုနေရင် ဒေါက်မြင့်ဖိနပ်စီးပြီး ဒူးအရှည်လောက်ရှိတဲ့ စကတ်ဝတ်ပါ။သင်ရဲ့ ဒေါက်မြင့် ရှူးဖိနပ်က သင့်ခြေချောင်းတွေကို ဖုံးအုပ်နေရ ပါမယ်။

Victoria Beckham က သေးသွယ်တဲ့ ခန္ဓာကိုယ်ကို ကြီးမားအောင် လှည့်စားထားပါတယ်
ဗစ်တိုးရီးယားရဲ့ ကိုယ်လုံးက အင်မတန်ကို သေးငယ်လွန်းပေ မယ့် သူရဲ့ စတိုင်တစ်ခုကြောင့် အဲဒီလို မထင်ရပါဘူး။ သင့်မှာလည်း အဲဒီလို ပြဿနာရှိနေရင် ဘောင်းဘီပွပွ၊ အမွေးပွအင်္ကျီနဲ့ ကုတ်အင်္ကျီတွေကို ဝတ်ဆင်ပါ။

Tilda Swinton က ဖိနပ် Size ကြီးတာကို ဖုံးကွယ်ထားပါတယ်
သူမရဲ့ ဖိနပ် Size ကနံပါတ် ၈ ဖြစ်နေတော့ ခြေဖဝါးကြီးနေတာ ကိုဖုံးကွယ်ဖို့ နှစ်ရောင်စပ်ဖိနပ်ကို ဝတ်ဆင်ရပါတယ်။ သင့်မှာလည်း ဒီလိုမျိုးပြဿနာရှိနေရင် နှစ်ရောင်စပ်ထားတဲ့ရှူးဖိနပ်၊ ထိပ်ဝိုင်းရှူး ဖိနပ်တွေကိုစီးတာက ခြေထောက်သေးတယ်လို့ထင်ရနိုင်ပါတယ်။

Keira Knightley ကခြေတံတိုတာကို ဖုံးအုပ်ထားပါတယ်
ခီးရာရဲ့ခန္ဓာကိုယ်က အချိုးအစားမကျပါဘူး။ အပေါ်ပိုင်းရှည် ပြီး အောက်ပိုင်းတိုနေပါတယ်။ သူ့ကို ခြေတံရှည်တယ်ထင်ရလေအောင် အဝတ်အစားနဲ့လှည့်စားလိုက်ပါတယ်။ သင့်မှာ ဒီလို ပြဿနာရှိနေ ရင် ခါးမြင့်(ခါးအပေါ်တက်)ဂါဝန်နဲ့ အောက်ပိုင်းရှူးစကတ်ကို ဝတ်ဆင်ပါ။

Megham Markle က ခါးတုတ်တာကို ခါးထွက် လာအောင် လှည့်စားထားပါတယ်
သူ့ကိုယ်လုံးက တစ်ဖြောင့်တည်းဖြစ်နေတာကို ခါးပေါ်လာ အောင် ဝတ်စားဆင်ယင်မှုနဲ့ လှည့်စားလိုက်ပါတယ်။ သင့်မှာဒီလို ပြဿနာရှိနေရင် ခါးနေရာပေါ်လွင်လာအောင် အပြားကြီး ခါးပတ် ဒါမှမဟုတ် Accessories တွေနဲ့ ဆင်ယင်ထားတာ၊ တင်ပါးပေါ်လာ အောင် အောက်ပိုင်းရှူးတဲ့ စကတ် ဝတ်ဆင်တာမျိုးကို ပြုလုပ်ပါ။

Vanessa Hudgens က လည်တံရှည်သယောင် လှည့်စားထားပါတယ်
သူမက လည်ပင်းတိုပါတယ်။ သူရဲ့ ဝတ်စားဆင်ယင်မှုကြောင့် လည်တိုတာက မသိသာတော့ပါဘူး။
သင့်မှာလည်း ဒီလိုမျိုး ပြဿနာရှိနေရင် ဆွဲကြိုးရှည်ဆွဲတာ၊ နားဆွဲဝတ်တာနဲ့ ဘယက်ဝတ်တာမျိုးကို ပြုလုပ်ပါ။

Kate Winslet က ရှည်လွန်းတဲ့ အရပ်ကို အနည်းငယ်ပုသွားအောင်လှည့်စားနိုင်ပါတယ်
သူမရဲ့ အရပ်က မော်ဒယ်လုပ်ဖို့ အကောင်းဆုံးအနေအထား မဟုတ်ပေမယ့် သူ့ကိုယ်သူအလှဆုံးဖြစ်အောင် ဘယ်လိုဝတ်စားဆင် ယင်ရမယ်ဆိုတာကို ကောင်းကောင်းနားလည်နေပါတယ်။ သင့်မှာဒီ လိုမျိုးပြဿနာရှိနေရင် လည်ပင်းပေါက်ရှည်ရှည် ဒါမှမဟုတ် အရောင် တောက်တောက် အင်္ကျီကိုဝတ်ဆင်ပါ။

♦ လှပတ္တမြား

Post Author: Good Health Journal