“ဥာဏ်ကောင်းစေမယ့်အပြုမူများ – ဒေါက်တာစိမ့်”

မိုဘိုင်းဖုန်းအလွန်အကျွံသုံးတာကို လျော့ပြီး – ဖုန်းကြောင့် အိပ်ရေးမပျက်အောင်နေပါ။ အိပ်ရေးဝအောင် အိပ်မှသာ မှတ်ဥာဏ်အတွက် အထောက်အကူဖြစ်မှာပါ။ ကိုယ်လက်လှုပ်ရှားမှုတွေကလည်း ဦးနှောကို သွေးစီးဆင်းမှု မြန်ဆန်ကောင်းမွန်စေပြီး ဦးနှောက်ကို ကာကွယ်ပေးတဲ့ Brain Protection Compound တွေကို ထွက်စေပါတယ်။ ဒါ့အပြင် နာ့ဗ်ဆဲလ်တွေရဲ့စွမ်းအားကိုလည်း Boost လုပ်ပေးသလို ဖြစ်စေပါတယ်။ vitamin B-12 ဗီတာမင် ဘီ ၁၂၊ folic acid ဖောလစ်အက်စစ် စတာတွေပါတဲ့ သစ်သီးတွေ၊ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေ၊ ကြက်သားနဲ့ ဥတွေ၊ Omega-3 fatty acids အိုမီဂါသရီး ဖက်တီးအက်စစ်ကြွယ်ဝတဲ့ အစားစာတွေ (ငါးကြီး) စတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားစာတွေကို စားသောက်ပေးတာကလည်း ဦးနှောက်နဲ့ စိတ်ခံစားချက်အတွေးတွေကို တည်ငြိမ်ကောင်းမွန်စေပါတယ်။ စာကောင်း၊ ပေကောင်းတွေ […]

“ရှင်ဘုရင်လိုစားရတဲ့ မနက်စာ – ဒေါက်တာစိမ့်”

အိပ်စက်နေတဲ့တစ်ညလုံး အစာအာဟာရ ပျက်လပ်နေတာ (fasting)ကို ဖျတ်ဆီးပစ်(Break)တဲ့ အစားစာမို့ Breakfast လို့ခေါ်ကြတာပါ။ မနက်စာမစားဘဲ တစ်နေ့တာလုပ်ငန်းခွင်ဝင်မယ်ဆိုရင် ကားကိုဆီမဖြည့်ဘဲမောင်းနေတာနဲ့တူပါတယ်။ မနက်စာကို အိပ်ရာနိုးတာနဲ့ နှစ်နာရီအတွင်းစားပေးရမှာ ဖြစ်ပြီး တစ်နေ့တာအသုံးပြုမယ့် စွမ်းအင်ပမာဏရဲ့ ၂၀ – ၃၅ ရာခိုင်နှုန်းကို ပေးနိုင်ရမယ်ဆိုပါတယ်။ အမျိုးသမီးတွေအနေနဲ့ ၃၀၀-၅၀၀ ကယ်လိုရီလောက်စားပေးသင့်ပြီး အမျိုးသားတွေကတော့ ၃၇၅ – ၆၂၅ ကယ်လိုရီ စားပေးသင့်ပါတယ်။ များသောအားဖြင့် ကျမတို့တွေက မနက်စာကို ကွတ်ကီးလေးတစ်ချပ်၊ ကော်ဖီလေးတစ်ခွက်နဲ့တင် တင်းတိမ် လိုက်ကြတာများပါတယ်။ အမှန်တော့ မနက်စာကို အစာအာဟာရပြည့်ပြည့်ဝဝပါတာမျိုး များများစား ပေးရမှာပါ။ ကယ်လ်စီယမ်၊ သံဓာတ်၊ ဗီတာမင်ဘီအုပ်စု၊ အသားဓာတ်၊ အမျှင်ဓာတ်တွေပါဝင်အောင် စားပေးရ ပါမယ်။ ဘာလို့လဲဆိုတော့ ဒီအာဟာရဓာတ်တွေဟာ တစ်နေ့တာမှာ မနက်စာနောက်ပိုင်းအစားစာတွေနဲ့ ပြန် […]

“ဝက်ခြံကြောင့် ကျန်ခဲ့တဲ့ အမာရွက်တွေကို မြန်မြန်ပျောက်အောင် “

ဝက်ခြံကြောင့် ကျန်ခဲ့တဲ့ အမာရွက်တွေကို ချက်ချင်းကြီးပျောက်အောင်တော့ မဖြစ်နိုင်ပါဘူး။ အမာရွတ်ရဲ့ အနေထားအပေါ်မူတည်ပြီးတော့လည်း အချိန်က အပြောင်းအလဲရှိပါတယ်။ အမာရွအတ်အရမ်းဆိုးရင် ပိုပြီးကြာနိုင်ပါတယ်။ အဓိကကတော့ အမာရွတ်ကို အစိုဓာတ်လုံလောက်အောင်လိမ်းပေးဖို့လိုပါတယ်။ အမာရွတ်ပျောက်ဆေးတွေ အပြင် ဘဘာဝထဲမှာဆိုရင် ရှားစောင်းလက်ပက်အနှစ်လိမ်းတာ၊ သခွားသီးကပ်တာ၊ သံလွင်ဆီနဲ့ အုန်းဆီစစ်စစ်လိမ်းပေးတာ၊ Moisturizer cream ကောင်းကောင်းလိမ်းတာတွေ လုပ်ပေးရပါမယ်။   အာလူးကပ်ပေးတောကလည်း အမာရွက်အရောင်ကို ဖျော့ကျစေပါတယ်။ အမာရွတ်နဲ့ အမည်းစက်တွေအတွက် ထုတ်ထားတဲ့ မျက်နှာပေါင်းတင်ဆေးတွေ၊ mask တွေ ကပ်ပေးတာကလည်း ထိရောက်ပါတယ်။ ဗီတာမင်စီနဲ့ အသားဓာတ်ကို အစားစာထဲမှာဖြစ်စေ၊ ဖြည့်စွက်ဆေးဖြစ်စေ သောက်ပေးမယ်၊ ရေများများသောက်မယ်ဆိုရင် ဝက်ခြံအမာရွတ်တွေ အနှေးနဲ့အမြန် ပျောက်ကင်းသွားပါလိမ့်မယ်။ ဒေါက်တာစိမ့်

“မေမေ့ဗိုက်ထဲကရေမြွှာ – ဒေါက်တာစိမ့်”

ကိုယ်ဝန်ရှိလာတဲ့အခါ ရေမြွှာအကြောင်းကိုလည်း နားလည်ထားဖို့လိုပါတယ်။ ရေမြွှာပေါက်ပြီ၊ ရေမြွှာရေနည်းနေတယ်၊ ရေမြွှာများနေတယ် စသဖြင့် ကြားဖူးနားဝရှိကြပါလိမ့်မယ်။ ရေမြွှာဆိုတာဘာလဲ၊ ကိုယ့်ဗိုက်ထဲက ကလေးနဲ့ ကိုယ့်အပေါ်ဘယ်လိုသက်ရောက်မှုတွေရှိလဲဆိုတာ သိချင်လာကြမယ်လို့လည်း ထင်ပါတယ်။ ရေမြွှာရေတွေဘယ်ကလာ? သားအိမ်ထဲမှာ ရေမြွာအိတ်ကလေးတစ်ခုရှိပါတယ်။ အဲဒီရေမြွှာအိတ်လေးထဲမှာမှ သနေသားလေးဟာ ရေမြွှာရေတွေနဲအတူ ရှိနေတာပါ။ ကိုယ့်သားအိမ်ထဲကို အလိုလိုနေရင်း ဘယ်ကအရည်တွေရောက်လာလဲ ဆိုတာ စဉ်းစားကြည့်ရင် အံ့သြစရာပါပဲ။ ဒီရေမြွှာအရည်တွေဟာ မျိုးအောင်ပြီး တစ်ပတ်အကြာလောက်က တည်းက ရေမြွှာအမြှေးပါးလေးကနေ စစ်ထုတ်ပေးထားတာပါ။ ၁၀ ပတ်လောက်အကြာမှာတော့ သနေသားလေးရဲ့ သွေးရည်ကြည်တွေဟာ အရေပြားနဲ့ ချက်ကြိုးကနေ စိမ့်ထွက်လာပြီး ရေမြွှာရေတွေအဖြစ်စုမိလာပါတယ်။ ၁၆ ပတ်ကနေစပြီးတော့မှ သနေသားလေးရဲ့ အရေပြားဟာ ရေစိမ့်မထွက်နိုင်တော့ဘဲ ကျောက်ကပ်နဲ့ အဆုတ်ကအရည်တွေထုတ်ပြီး ဒီအရည်တွေကို သနေသားက ပါးစပ်ကနေ ပြန်မြိုချပါတယ်။   ဗိုက်ထဲမှာ ရေမြွှာရည်တွေ […]

“ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးပေးရမှာ ကြောက်နေပြီလား – ဒေါက်တာစိမ့်”

ဂျပန်ဦးနှောက်ရောဂါကာကွယ်ဆေးကို ထိုးကြဖို့အတွက် ရေးခဲ့ပေမယ့် ဒီကာကွယ် ဆေးကိုထိုးအပြီးမှာ ရှမ်းပြည်နယ် ပင်လောင်းမြို့မှာရှိတဲ့ အသက် ၁၁နှစ်အရွယ် ကလေးတစ်ဦး ၁၅-၁၁-၂၀၁၇နဲ့ ဧရာဝတီ တိုင်းဒေသကြီး သာပေါင်းမြို့နယ်က ခုနစ် နှစ်အရွယ် ကလေးတစ်ဦး (၂၀-၁၁-၂၀၁၇)အသက်ဆုံးရှုံးတယ်ဆိုတဲ့ သတင်း တွေနဲ့အတူ ဒါဟာ ကာကွယ်ဆေးကြောင့်ဆိုတဲ့ ကောလာဟလတွေ ပျံ့ထားတယ်ဆိုတော့ ကာကွယ်ဆေးဆက်မထိုးရဲဘဲ ဖြစ်နေကြ မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေး ထိုးလို့ ဘေးထွက်ဆိုးကျိုးခံစားရမှာနဲ့ ကာ ကွယ်ဆေးမထိုးလို့ ဦးနှောက်ရောင်ရောဂါကြောင့် ရေရှည် မသန်စွမ်းဖြစ်မှာ၊ အသက် ဆုံးရှုံးမှာ ဘယ်သင်းကပိုလဲဆိုတာ သိရှိနား လည်ထားဖို့ လိုပါတယ်။ ဒါမှလည်း မိဘတွေ အနေနဲ့ ဖြစ်သင့်ဖြစ်ထိုက်တာကို လုပ်ပေးလို့ ရမှာပါ။   ကမ်္ဘာနဲ့ချီပြီး ပြောရရင်တော့ နှစ်စဉ် ၆၈၀၀၀ လောက်ဟာ […]

“မေမေဖြစ်တော့မှာလား၊ ဒါလေးတွေ သိထားကြစေသား (၁) – ကိုယ်ဝန်ဆောင်ကာလအတွင်း အပြောင်းအလဲ- ဒေါက်တာစိမ့်”

ကိုယ်ဝန်ဆောင်တော့မယ့် မိခင်လောင်းတွေအနေနဲ့ ကိုယ်ဝန်တကယ်ရှိလာတဲ့အခါ ပြောင်းလဲလာတဲ့ ဖြစ်စဉ်လေးတွေကြောင့် စိတ်ဖိစီးမှုတွေဖြစ်ပြီး စိုးရိမ်မှုတွေလွန်ကဲလာတတ်ပါတယ်။ ဒါပေမယ့် အရာအားလုံးဟာ စိုးရိမ်စရာတော့ မဟုတ်ပါဘူး။ ဘယ်လိုမျိုးတွေက ဖြစ်လေ့ဖြစ်ထရှိတယ်၊ ဘယ်လိုတွေကတော့ ပုံမှန်မဟုတ်ဘူး စသဖြင့်ကြိုတင်သိထားရင်တော့ မလိုအပ်ဘဲ စိတ်ပူနေရတာမျိုးတွေ မဖြစ်တော့ဘဲ တကယ်အလေးပေးရမယ့် အခြေနေတွေအတွက် အချိန်မီ လုပ်ဆောင်စရာရှိတာတွေကိုပါ လုပ်နိုင်မှာဖြစ်ပါတယ်။ ကြားဖူးနားဝ ဆေးမြီးတိုးနည်းလေးတွေနဲ့ အမှားတွေမလုပ်မိအောင်အတွက် ကိုယ်ဝန်ဆောင်မိခင်တွေ များသောအားဖြင့် ကြုံရလေ့ရှိတာတွေနဲ့ ဖြေရှင်းနည်းလေးတွေကိုပါ ဖော်ပြဆွေးနွေးပေးသွားပါမယ်။   (၁) ပျို့တာ (၂) အလွန်အမင်းအန်တာ (၃) ဝမ်းချုပ်တာ (၄) ရင်ပူတာ (၅) ခြေလက်တွေ ဖောတာ (၆) သွေးကြောတွေထုံးတာ (၇) မိန်းမကိုယ်ယားယံတာ နဲ့ အဖြူဆင်းတာ (၈) ခြေလက်ထုံကျင်တာ (၉) ခါးနာတာ တွေကြုံရတတ်ပါတယ်။ […]

“ဆောင်းရာသီ skincare – ဒေါက်တာစိမ့် “

ပွဲတော်တွေ၊ ပိတ်ရက်တွေများတဲ့ ဆောင်းရာသီဟာ ကျမတို့အသားအရေအတွက်တော့ ပျော်ဖို့မကောင်းပါဘူး။ အေးမြတဲ့လေထုထဲမှာ စိုထိုင်းဆတွေနည်းပါးနေတဲ့အတွက် ကျမတို့အသားအရေက ရေဓာတ်ကို စက္ကန့်နဲကအမျှ ခိုးယူနေပါတယ်။ ဒါကြောင့် အသားအရေခြောက်သွေ့လာမယ်၊ အက်ကွဲလာမယ်၊ သိပ်ဆိုးလာရင် သွေးပါထွက်လာတတ်ပါတယ်။ အဲဒီအတွက် အသားအရေခြောက်သွေ့တာတွေကို ဘယ်လို ရင်ဆိုင်ဖြေရှင်းကြမလဲ။ . . အရင်ဦးဆုံး ကိုယ့်အသားအရေဟာ ရေဓာတ်ခန်းခြောက်နေပြီလားဆိုတာ အရင် စစ်ကြည့်လိုက်ပါ။ လွယ်လွယ်လေးပါပဲ။ လက်မောင်းဖြစ်ဖြစ်၊ ခြေထောက်ဖြစ်ဖြစ်ကို လက်သည်းလေးနဲ့ ခပ်သာသာ ကုတ်ခြစ်ကြည့်လို့ အဖြူအဆင်းကြီးဖြစ်ပြီး အဖက်ဖက်တွေ ဖွာထွက်နေတယ်ဆိုရင်တော့ ဒါ ရေဓာတ်လိုအပ်နေပါပြီ။ . . ရေချိုးတဲ့အခါ ရေနွေးနဲ့ ကြာကြာချိုးတာဟာ အရေပြားမှာရှိတဲ့ ပိုးမွှားတွေကနေအကာကွယ်ပေးနိုင်တဲ့ အဆီလွှာလေးကို ခမ်းခြောက်ပျက်စီးစေပြီး ကိုယ့်ရဲ့အသားရေကို မွဲခြောက်၊ ထိခိုက်လွယ်စေပါတယ်။ အကာကွယ်အဆီလွှာမရှိတော့တဲ့အတွက် ပိုးတွေ၊ အညစ်အကြေးတွေ ဝင်လွယ်ပါတယ်။ ဒါကြောင့် […]

“ရာသီအကူးအပြောင်းမှာ တုပ်ကွေးမဖြစ်ဖို့အကောင်းဆုံးနေထိုင်မှုပုံစံ – ဒေါက်တာစိမ့် “

အဓိကကတော့ ကိုယ်ခံအားကောင်း အောင်၊ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းအောင် ပြုမူနေထိုင်ဖို့ပါပဲ။ ရေဟာ ခန္ဓာကိုယ်က ဆဲလ်တွေအားလုံး သူ့အလုပ် သူကောင်းစွာလုပ်နိုင် ဖို့အတွက် အရေးကြီးတဲ့အတွက် ရေများများသောက်ပေးပါ။   တတ်နိုင်သမျှ ဓာတုဆေးတွေမပါဝင် တဲ့အစားစာမျိုးစားပါ။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ စားပါ။ ဘီတာကယ်ရိုတင်းကြွယ်ဝတဲ့ ကန်စွန်းဥ၊ မုန်လာဥ၊ ဟင်းနုနွယ်၊ သင်္ဘောသီး၊ သရက်သီး၊ ပန်းဂေါ်ဖီ စိမ်း၊ ကီဝီသီး၊ ဒိန်ချဉ်၊ ပန်းငရုတ်တွေ စားပေးပါ။ Green Tea၊ သစ်သီးဖျော်ရည် စတာတွေ သောက်ပါ။ ကြက်သွန်နီ၊ ဂျင်းပြုတ်ရည်၊ ကြက်ပြုတ်ရည်၊ အာဟာရဖြည့်စွက်စာတွေ စားပေးပါ။   ကျမတို့အိပ်တဲ့အချိန်မှာ ခန္ဓာကိုယ်ရဲ့ ပြုပြင်စရာရှိတာတွေ ပြင်ပြီး၊ အနားပေးစရာရှိတာတွေကို အနားပေးပါတယ်။ ကိုယ်ဒီညအိပ်လိုက်တဲ့အချိန်ဟာ နောက်တစ်နေ့ အသုံးချရမယ့်စွမ်းအင်ပမာဏ နဲ့တိုက်ရိုက်အချိုးကျပါတယ်။ ဒါကြောင့် အိပ်ရေးဝအောင်အိပ်ဖို့ […]

“ဆောင်းရာသီမှာ ဖြစ်လေ့ရှိတဲ့ရောဂါများ – ဒေါက်တာစိမ့်”

ဆောင်းတွင်းဝင်လာပြီဆိုတော့ အပူချိန်တွေကျဆင်းပြီး ရာသီဥတုကလည်း အေးမြလာပါတယ်။ ဒီလိုအေးလာတာနဲ့အမျှ ကျမတို့ရဲ့ကျန်းမာရေးမှာလည်း အပြောင်းအလဲလေးတွေ ဖြစ်လာတတ်ပါတယ်။ အထူးသဖြင့် သက်ကြီးပိုင်းတွေမှာ မကျန်းမမာဖြစ်ဖို့ပိုပြီးအလားအလာရှိပါတယ်။ ဒီတော့ ဆောင်းရာသီဟာ ကျွန်မတို့ ခနာကိုယ်မှာ ဘယ်လိုသက်ရောက်မှုတွေရှိလဲဆိုတာကို ကြည့်ကြရအောင်လား။   နှလုံးနဲ့ သွေးလှည့်အဖွဲ့ ဆောင်းတွင်းရောက်တဲ့အခါ ရာသီဥတုကအေးလာတဲ့အတွက် ကျမတို့ခနာကိုယ်မှာ ရှိရင်းစွဲအပူဓာတ်လေးတွေ ဆုံးရှုံးသွားမှာစိုးတဲ့အတွက် သွေးကြောလေးတွေက ကျဉ်းပေးပါတယ်။ Vasoconstriction ပေါ့။ ဒီလိုကျုံ့လိုက်တဲ့အတွက် သွေးထဲမှာ ဖိအားတက်လာတာကြောင့် သွေးတိုးတာ၊ သွေးပေါင်ချိန်တက်တာတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ခနာကိုယ်အတွက် လိုအပ်တဲ့အပူချိန်ကို ထုတ်ပေးနိုင်ဖို့အတွက် နှလုံးက ခါတိုင်းထက်ပိုပြီး ပင်ပင်ပန်းပန်းအလုပ်လုပ်ရတဲ့အတွက် နဂိုနှလုံးရောဂါအခံရှိတဲ့သူတွေဆို Heart Attack ရတတ်ပါတယ်။ ဒါကြောင့် နှလုံးရောဂါ၊ သွေးတိုးရောဂါရှိတဲ့သူတွေဆို ပိုသတိထားရပါမယ်။ ဒါကို ကာကွယ်ဖို့အတွက်ဆိုရင် သိပ်အအေးမခံဘဲ နွေးနွေးထွေးထွေးနေဖို့ အကြံပေးလိုပါတယ်။ […]

“သေနှုန်းမြင့် ဂျပန်ဦးနှောက်ရောင်ရောဂါ – ဒေါက်တာစိမ့်“

ဂျပန်ဦးနှောက်ရောင်ရောဂါဆိုတာဘာလဲ။ ဂျပန်ဦးနှောက်ရောင်ရောဂါဆိုတာ Japanese B Encephalitis Virus ဆိုတဲ့ ဗိုင်းရပ်စ်ပိုးက ဦးနှောက်ရဲ့ နာဗ့်ဆဲလ်လေးတွေကို ရောဂါဖြစ်စေပြီး ဦးနှောက်အမြှေးပါး (mild meningitis) နဲ့ ဦးနှောက်ကို ရောင်ယမ်းစေ (severe encephalitis) တဲ့ရောဂါတစ်မျိုးပါ။ သေနှုန်းမြင့်တဲ့ရောဂါတစ်ခုဖြစ်ပါတယ်။ . . ဘာကြောင့် ဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်ရတာလဲ။ Culex လို့ခေါ်တဲ့ခြင်မ ကိုက်တာကြောင့်ဖြစ်ရတာပါ။ ဒီဗိုင်းရပ်စ်ကိုစတွေ့တာကတော့ တောရိုင်းငှက်တွေ၊ မြင်း၊ ဝက်နဲ့ မျောက်တွေမှာတွေ့ပါတယ်။ ပြီးတော့မှ ခြင်ကနေတဆင့် ကျောရိုှးရှိသတ္တဝါတွေအကြားကူးစက် စေပြီးလူသားတွေမှာ ပါဖြစ်လာတာပါ။   . . ဘယ်လိုလူတွေမှာ ဖြစ်တတ်လဲ။ ဒါကြောင့် ကျေးလက်ဒေသတွေ၊ ဆင်ခြေဖုံးအရပ်မှာနေထိုင်သူတွေနဲ့ ဝက်နဲ့ထိတွေ့နီးစပ်မှုရှိတဲ့သူတွေမှာ ပိုဖြစ်တာကို တွေ့ရပါတယ်။ အရှေ့တောင်အာရှမှာဆိုရင် စက်တင်ဘာ လကနေ မေလအထိဖြစ်တတ်လေ့ရှိပြီး မြောက်အိန္ဒိယ၊ ပါကစ္စတန်နဲ့ […]