ကော်ဖီသောက်ခြင်း အန္တရာယ်မကင်း

ကော်ဖီဆိုတဲ့ စကားလုံးက လူတိုင်းနဲ့ ရင်းနှီးပြီးသား စကားလုံးတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် လူတော်တော်များများရဲ့ သည်းခြေကြိုက် စကားတခုလည်း ဖြစ်နေပြန်တယ်။ ဒီနေ့ခေတ်မှာ လူကြီး၊လူငယ်၊ကျားမ မရွေး လူတိုင်းနီးပါး ကော်ဖီ သောက်ကြတယ်။ ကော်ဖီမကြိုက်တဲ့သူတောင် ကော်ဖီဆိုင်တွေ သွားထိုင်ဖြစ်ကြတယ် မလား။ ကော်ဖီခရေစီတွေကတော့ ကော်ဖီသောက်လို့ ကျန်းမာရေးအပေါ် ကောင်းကျိုး၊ဆိုးကျိုး ဘယ်လိုအကျိုးသက်ရောက်မလဲ သိချင်နေကြတယ်။   ကော်ဖီအကြောင်းပြောရင် အရေးကြီးတဲ့ ကဖင်းဓာတ်ကို ချန်ထားလို့မရပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကော်ဖီထဲမှာ ပါဝင်တဲ့ ကဖင်းဆိုတဲ့ဓာတ်ကပဲ ဒီအချက်အပေါ် အဓိကသက်ရောက်စေတယ်။ ကော်ဖီမှ မဟုတ်ပါဘူး။ ကော်ဖီ၊လက်ဖက်ရည်၊ချောကလက်၊ကိုလာစတဲ့ ကဖင်းပါဝင်တဲ့ အစားအစာတွေအားလုံးနီးပါးလည်း အတူတူပါပဲ။ လူတွေစွဲလန်းတာက အထဲမှာပါဝင်တဲ့ စိတ်ကို လန်းဆန်းတက်ကြွစေတဲ့ ကဖင်းအာနိသင်ကြောင့် ဖြစ်တယ်။ ဒါ့ကြောင့်လဲ တကမ္ဘာလုံးအတိုင်းအတာနဲ့ အသုံးအများဆုံး ဖြစ်လာတယ်။ နှစ်စဉ် […]

ကိုယ်တွေ့ဝိတ်ချနည်း

ဝိတ်ချရတာ မလွယ်ပါဘူး။ ဒါကို ဝိတ်ချဖူးသူတိုင်း သိကြတယ်။ စာရေးသူ ကိုယ်တိုင်လည်း ဝိတ်ချဖူးသူဖြစ်တော့ ဘယ်လောက်ခက်ခဲလဲ ပိုသိတယ်။ လွန် ခဲ့တဲ့ တစ်နှစ်လောက်က ဝိတ်ချဖူးတယ်။ Read more about ကိုယ်တွေ့ဝိတ်ချနည်း