မျက်ဝန်းအရောင်ကပြောသော သင့်ကျန်းမာရေး

မျက်ဝန်းရဲ့ ပင်ကိုယ်မူလအရောင်က အညိုရောင်၊ အမည်းရောင်၊ နီညိုရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ မီးခိုးရောင် စတဲ့ ဖြစ်ပေါ်မှုအပေါ် မူတည်ပြီး ခန့်မှန်းနိုင်တဲ့ ကျန်းမာရေးအခြေအနေတွေ ရှိတယ်ဆိုတာ သင်သိပါရဲ့လား . . . မျက်နက်ဝန်းပိုင်ဆိုင်သူ #မျက်စိတိမ်စွဲနိုင်ခြေ များတယ် မျက်စိသူငယ်အိမ်မှာ မြူဆိုင်းသလို ၀ိုးတိုးဝါးတား မှုန်မှိုင်းမှိုင်းဖြစ်နေတာက မျက်စိတိမ်စွဲတာရဲ့ လက္ခဏာတစ်ရပ်ပါ။ ၂၀၀၀ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ မျက်နက်ဝန်းရှိသူတွေက မျက်စိတိမ်စွဲနိုင် ခြေတစ်ဆခွဲကနေ နှစ်ဆခွဲပိုများတယ်လို့ အမေရိကန် မျက်စိပညာဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။ မျက်စိတိမ်စွဲတာမဖြစ်အောင် နေရောင်ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်မထိအောင် ရှောင်ဖို့လိုပါတယ်။ မျက်နက်ဝန်းရှိသူတွေအနေနဲ့ နေပူစာလှုံတာကို မပြုလုပ်သင့်ဘူးလို့ ဆေးသိပ္ပံပညာရှင်တွေက အကြံပြုထားပါတယ်။ နေပူထဲထွက်တဲ့အခါမှာလည်း မျက်လုံးကို အကာအကွယ်ပေးနိုင်တဲ့ ထီး၊ ဦးထုပ်နဲ့ နေကာမျက်မှန်တွေ အသုံးပြုဖို့ မမေ့ပါနဲ့။ #အရက်ကို […]

ငှက်ပျောဖူး ဘာကြောင့်စားသင့်တာလဲ

ငှက်ပျောတစ်ပင်လုံး ဘာမှလွှင့်ပစ်စရာ မလိုလောက်အောင်ကို စားသုံးလို့ရပါတယ်။ ကျန်းမာရေးရာကောင်းကျိုးတွေလည်း ရှိတာကြောင့် စားသုံးရကျိုးလည်း နပ်မှာဖြစ်ပါတယ်။ ငှက်ပျောသီးက ကျန်းမာရေးနဲ့ ညီညွတ်သလို၊ ကိုယ်အလေးချိန် ထိန်းလိုသူတွေအတွက်လည်း အသုံးဝင်တာ သိပြီးဖြစ်မှာပါ။ အခုရေးသားမှာကတော့ ငှက်ပျောဖူးရဲ့ ကျန်းမာရေးရာ ကောင်းကျိုးတွေပဲ ဖြစ်ပါတယ်။ ပိုးသတ်အာနိသင်ရှိတယ် ငှက်ပျောဖူးက ဘက်တီးရီးယားပိုးမွှားတွေ ပွားများတာကို တားဆီးနိုင်တဲ့ အာနိသင်ရှိလို့ အနာသန့်စင်ရာမှာ အသုံးပြုနိုင်ပါတယ်။ ကပ်ပါးပိုးတွေကို သေစေတဲ့အပြင် ငှက်ဖျားရောဂါကုသရာမှာလည်း အသုံးပြုနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ် လျော့နည်းစေတယ် သွေးတွင်းသကြားဓာတ် မထိန်းနိုင်တဲ့ ဆီးချိုသွေးချိုရှိသူတွေအနေနဲ့ ငှက်ပျောဖူးကို အသုံးပြုနိုင်ပါတယ်။ ငှက်ပျောဖူး၊ နနွင်းမှုန့်၊ မဆလာမှုန့်နဲ့ ဆားကို ရောကျိုပြီး သောက်သုံးပါက ဆီးချိုသွေးချိုရှိသူတွေမှာ သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်အောင် ထိန်းနိုင်တာကို တွေ့ရ ပါတယ်။ သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါကို ကာကွယ်ပေးတယ် ငှက်ပျောဖူးမှာ သံဓာတ်များစွာပါဝင်လို့ […]

လက်ပွားလေးပါတာကြောင့် ရှက်ရွံနေလား

  တချို့ကလေးတွေမှာ မွေးရာပါ လက်ပွားအပိုလေးတွေ ပါလာတတ်တာ သင်လည်း တွေ့ဖူးမှာပါ။ လက်ပွားလေးပါတာကြောင့် သူငယ်ချင်းတွေရဲ့ လှောင်ပြောင်မှုတွေ ခံရတဲ့အခါ သူတို့တွေမှာ စိတ်ဒဏ်ရာရနိုင်ပါတယ်။ သူတို့ကိုယ် သူတို့ သိမ်ငယ်စိတ်ဝင်ပြီး လက်ချောင်းလေးကို လူရှေ့သူရှေ့ရောက်တဲ့အခါ ၀ှက်ထားတတ်ကြပါတယ်။ ဖြစ်ပွားနိုင်ခြေ ဒီလက်ပွားလေးကို ငယ်ရွယ်စဉ်မှာပဲ ခွဲစိတ်ဖယ်ရှားနိုင်ပါတယ်။ မွေးရာပါ လက်ပွားပါတာက အယောက် ၅၀၀ ကနေ ၁၀၀၀ ကြား ကလေးတွေမှာ တစ်ယောက် တွေ့ရတတ်ပါတယ်။ ဘာကြောင့်ဖြစ်ရလဲဆိုတာကိုတော့ သေချာမသိရသေးပေမယ့် တချို့ကလေးတွေမှာတော့ မျိုးရိုးဗီဇကြောင့် ဒါမှမဟုတ် မျိုးဗီဇ ချို့ယွင်းမှုတွေကြောင့်လို့ ပညာရှင်တွေက ပြောပါတယ်။ သွင်ပြင်လက္ခဏာ လက်ပွားလေးတွေက အများအားဖြင့် လက်တစ်ဖက်ထဲမှာ ဖြစ်တတ်ပါတယ်။ လက်သည်းနဲ့ ကပ်လျက် ဒါမှမဟုတ် လက်မနဲ့ ကပ်လျက်မှာ လက်ပွားလေးတစ်ကြောင်းပါတာကို တွေ့ရတတ်ပါတယ်။ လက်သည်းနဲ့ […]