“သစ်သီးတွေက ဘေးဥပါဒ်ပေးနေပြီလား – ဒေါက်တာအေးမင်းထူး”

ရှေးယခင်နှစ်ပေါင်းများစွာကတည်းက သစ်သီးဝလံတွေကို လူတွေနှစ်ခြိုက်စွာ စားသုံးခဲ့ကြပါတယ်။ အသီးတွေထဲမှာပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေဟာ ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ဆိုတာ သိခဲ့ရတယ်။ ဒါတင်မက အသီးအနှံမှာပါတဲ့အင်တီအောက်စီးဒင့် ဓာတ်တွေက ကင်ဆာလို ရောဂါတွေကိုတောင် ကာကွယ်နိုင်တယ်ဆိုတာမျိုး ပြောလာကြတယ်။ ဒါပေမယ့် ခေတ်တွေ၊စနစ်တွေက ပြောင်းလဲလာပါပြီ။ အထူးသဖြင့် (၂၁)ရာစု စီးပွားဖြစ်ထုတ်လုပ်လာတဲ့ သစ်သီးဝလံတွေဟာ ကျန်းမာရေးအရ သင့်တော်သလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။   ၂၀၁၅ ဂျွန်လထုတ် အိန္ဒိယသတင်းစာတခုမှာ နယူးဒေလီ လက်ကား ဈေးကွက်မှာ ရှိတဲ့ သစ်သီးတွေရဲ့ ၈၀ရာခိုင်နှုန်းကျော်ဟာ သဘာဝအတိုင်းမဟုတ်ပဲ ဆေးသုံးထားတဲ့ သစ်သီးတွေဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဒါဟာ သူတို့စားသုံးနေတဲ့ သစ်သီးတွေရဲ့ ၂၀ရာခိုင်နှုန်းကသာ သဘာဝအတိုင်းသီးတဲ့သစ်သီးမျိုး ဖြစ်တဲ့သဘော သက်ရောက်နေပါတယ်။ အိန္ဒိယတင်မက တကမ္ဘာလုံးဈေးကွက်မှာလည်း ဒီတိုင်းပါပဲ။ စီးပွားရေးအရတွက်ချေကိုက်အောင် လုပ်လာကြတယ်။ကျန်းမာရေးရှုထောင့်က မကြည့်တော့ပါ။ သစိသီးတွေ အမြန်ရင့်မှည့်လွယ်အောင် ဓာတုဆေးတွေ သုံးစွဲလာတယ်။ အဆိုပါဆေးတွေဟာ […]

“အင်ပြင်ထခြင်း – ဒေါက်တာအေးမင်းထူး”

လူငါးယောက်မှာ တစ်ယောက်ဟာ သူတို့ဘဝတစ်လျှောက် တစ်ကြိမ်မဟုတ် တစ်ကြိမ်ဆိုသလို အင်ပြင်ထတတ်ကြတယ်။ အင်ပြင်ထတယ်ဆိုတာ အရေပြားမှာ အဖုအပိန့်တွေထွက်ပေါ်လာတာဖြစ်ပါတယ်။ အင်ပြင်ထစေတဲ့အကြောင်းရင်း အမျိုးမျိုးရှိနိုင်တယ်။ ဓာတ်မတဲ့တာ၊အရက်သောက်တာ၊ စိတ်ဖိစီးမှု၊ ဆေးဝါး၊ အစားအသောက်နဲ့ ဆိုင်တတ်တယ်။ အခွံမာသီး၊ ငါး၊ မြေပဲ၊ ကြက်ဥ၊ ပင်လယ်စာ စတာတွေ မတဲ့တာရှိနိုင်တယ်။ အကြောင်းရင်းများ -အစားအသောက် -ဆေးဝါး(penicillin, sulphur, asprin, ibuprofen) -အင်းဆက်ပိုးမွှား -ပတ်ဝန်းကျင်အပူချိန်ပြောင်းလဲခြင်း -သွေးသွင်းခြင်း – အိမ်မွေးတိရိစ္ဆာန်များ – ပန်းဝတ်မှုန်၊ ရနံ့   အင်ပြင်ရဲ့ လက္ခဏာတွေက အဖုအပိန့်၊ အဖီပြင်လိုက်ခြင်းက အရေးပါတယ်။ အဖုအပိန့်ကနေ ရဲတာ သို့မဟုတ် ယားယံတာရှိတယ်။ တချို့မျကိနှာရဲတာမျိုးလည်းရှိတယ်။ အသားအခြောက်သွေ့တာ၊ ပူလာတာ စတဲ့ခံစားချက်မျိုးရှိနိုင်တယ်။ အင်ပြင်က ခန္ဓာကိုယ်အနှံ့ နေရာမရွေး ဖြစ်နိုင်ပါတယ်။ […]

“မျက်နှာအတွက် ဆန်ဆေးရေ -ဒေါက်တာ အေးမင်းထူး”

ဆန်ဆေးရေကိစ္စ အခုတလောခေတ်စားနေတယ်။ ဂျာနယ်တခုမှာ ပါတဲ့ သတင်းတပုဒ်ကြောင့် ဖြစ်ပါတယ်။ တရက်ကပဲ တနင်္ဂနွေကျန်းမာရေးအမေးအဖြေ အစီအစဉ်တခုမှာ ဆန်ဆေးရေနဲ့ပက်သတ်ပြီး မေးထားတာရှ်လို့ ရေးဖို့ဖြစ်လာတယ်။ ဆန်ဆေးရေဆိုတာ ရှေးယခင်နှစ်ပေါင်းများစွာထဲက အဘိုးအဘွားတွေ သုံးစွဲခဲ့တာ ကြားဖူးကြမယ်။ အာယုဗေဒဆေးကျမ်း၊တရုတ်ဆေးကျမ်းတွေမှာလည်း ဆန်ဆေးရေရဲ့ အာနိသင်တွေရေးထားတာရှိပါတယ်။ အသားအရေလှတာ၊ ဝက်ခြံပျောက်ကင်းတာ၊ ဆံသားကို နက်မှောင်သန်စွမ်းစေတာ စသည်ဖြင့် အမျိုးမျိုးပေါ့။ တကယ်လည်း ဟုတ်ပါတယ်။   ဆံသားနဲ့ပက်သတ်ပြောရရင် Huangluo ရွာ တရုတ်မျိုးနွယ်စု တစုဖြစ်တဲ့ Yao လူမျိုးစုတွေကို ချန်ထားလို့မရပါ။ အဆိုပါ မျိုးနွယိစုဝင်တွေရဲ့ ပျမ်းမျှဆံပင်အရှည်ဟာ ၆ပေ နီးပါးရှိလို့ ဂင်းနစ်ကမ္ဘာ့စံချိန်စာအုပ်မှာတောင် ထည့်သွင်းဖော်ပြခံရပါတယ်။ ထူးခြားချက်က အသက် ၈၀ကျော်တဲ့ထိ ဆံပင်ဖြူတာမျိုး မရှိပါဘူး။အဲလိုဆံသားတွေ နက်မှောင်သန်စွမ်းခြင်းရဲ့ နောက်ကွယ်အကြောင်းရာကို လေ့လာကြည့်တော့ ဆန်ဆေးရေကြောင့် ဖြစ်ပါသတဲ့။ ခေါင်းလျှော်တဲ့အခါ […]

စိတ်ကျရောဂါအဖြေရှာခြင်း – ဒေါက်တာအေးမင်းထူး

စိတ်မှာပဲဖြစ်ဖြစ် ရုပ်မှာပဲဖြစ်ဖြစ် မကောင်းတာ ကျန်းမာရေးပြဿနာပါ။ ဆရာဝန်တွေဟာ ကိုယ်ကျန်းမာရေးသာမက စိတ်ကျန်းမာရေးအတွက်ပါ တာဝန်ယူကြရတယ်။ လူတိုင်းရဲ့ စိတ်ဟာ တသတ်မှတ်ထဲ တည်ငြိမ်နေတာ မဟုတ်ဘူး။ စိတ်မငြိမ်သက်တာ ကယောက်ကယက် ဖြစ်တာ သာမန်လူတို့ရဲ့ ထုံးစံပါ။ ဝမ်းနည်းဝမ်းသာ စိုးရိမ်ကြောင့်ကြမှုဆိုတာ လောကသုံးပါး မလွဲမသွေ ကြုံတွေ့နေရမှာပဲ မဟုတ်လား။ လူဖြစ်လို့ ဝမ်းနည်းတာ သဘာဝပါ။ ဒါပေမယ့် ခဏပါပဲ။ စိတ်ကျရောဂါကျတော့ မတူတော့ဘူး။ ကျနေတဲ့ စိတ်က တက်မလာတော့တာ ဖြစ်ပါတယ်။ မျှော်လင့်ချက်ကင်းမဲ့တာ၊ဘဝအဓိပ္ပါယ်ကင်းမဲ့သလိုခံစားရတာတွေဟာ စိတ်ကျရောဂါရဲ့ လက္ခဏာဖြစ်ပါတယ်။   စိတ်ကျရောဂါလို့ အမည်တပ်ဖို့ နည်းနည်းခက်တယ်။ဖြစ်တာတွေ တယောက်နဲ့တယောက် တူချင်မှ တူမယ်။ စိတ်ကျရောဂါတွေမှာ လက္ခဏာတွေ ကိုယ်စီရှိတယ်။ အဆင့်သတ်မှတ်ချက်၊ရောဂါအပျော့အပြင်းလည်း မတူကြဘူး။ဝေဒနာခံစားရသူတွေဟာ အစွန်းနှစ်ပါး မလွတ်ကင်းကြတာများတယ်။ စားချင်စိတ်ကဲသူရှိသလို ဘာစားစား ခံတွင်းမတွေ့ပဲ အစားအသောက်ပျက်တာလည်း ရှိတယ်။ […]

“နေလောင်ကာလိမ်းဆေး – ဒေါက်တာအေးမင်းထူး”

အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေထဲမှာ နေလောင်ကာလိမ်းဆေး တွေလည်း တခုအပါအဝင် ဖြစ်တယ်။ ခရမ်းလွန်ရောင်ခြည်ကို ultraviolet rays(UV) လို့ ခေါ်ပါတယ်။UV ray တွေက သာမန် အလင်းထက်လှိုင်းအလျားပိုတိုပြီး X rays ထက် လှိုင်းအလျားရှည်ပါတယ်။ ။ ပုံမှန်အားဖြင့် 10-400nm အတွင်းရှိတယ်။သီအိုရီအရ လှိုင်းအလျားတိုလေ စွမ်းအင်ပမာဏ ပိုမိုမြှင့်မားလေ ဖြစ်ပါတယ်။ ကံကောင်းတဲ့အချက်က ကမ္ဘာ့အိုဇုန်းလွှာက လူကို ဒုက္ခပေးမယ့် ခရမ်းလွန်ရောင်ခြည်အများစုကို ကာကွယ်ပေးထားပြီး ဖြစ်လို့ပါ။   နေကထွက်လာတဲ့ အလင်းတန်းတွေထဲမှာ သာမန် မျက်စိနဲ့ မြင်နိုင်တဲ့ အလင်းရောင် (visible light)၊ အနီအောက်ရောင်ခြည် (infrared radiation)နဲ့ ခရမ်းလွန်ရောင်ခြည် (ultraviolet radiation)ဆိုပြီး သုံးမျိုးပါဝင်တယ်။ အနီအောက်ရောင်ခြည် ၅၀ရာခိုင်နှုန်း၊ မျက်စိနဲ့မြင်နိုင်တဲ့ အလင်းရောင် ၄၀ရာခိုင်နှုန်း၊ […]

“အိုမီဂါသရီး၏ ကောင်းကျိုးများ (၂) – ဒေါက်တာအေးမင်းထူး”

တခြားဘယ်လို အကျိုးတွေရှိနိုင်သေးလဲ မိုက်ဂရိန်းခေါင်းကိုက်ဝေဒနာ သက်သာစေတယ်။ ဆီးချိုရောဂါကို ထိန်းပေးနိုင်တယ်။ ပန်းနာရင်ကျပ်မှာလည်း လက္ခဏာကို သက်သာစေနိုင်တယ်။ နာတာရှည် အရေပြားရောဂါတွေမှာလဲ အသုံးဝင်နိုင်တယ်။အမျိုးသမီးတွေ ရာသီကြောင့် နာကျင်ကိုက်ခဲမှုအတွက် အသုံးပြုနိုင်သေးတယ်။ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းပေးနိုင်သလို ၆လအတွင်း ဝိတ်ကျသွားမယ်လို့ ဆိုသူလည်းရှိတယ်။ ကင်ဆာရောဂါကို ကာကွယ်နိုင်တယ်လည်း ပြောကြတယ်။ အမျိုးသမီး ရင်သားကင်ဆာ၊ အမျိုးသား ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်သေးတယ်။ အခုနောက်ဆုံး ၂၀၁၃မှာ ထွက်လာတဲ့ ဂျပန်နိုင်ငံ လေ့လာတစ်ခုမှုမှာ ပြင်းထန်တဲ့တုပ်ကွေးဖြစ်ပွားမှုကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ အာရှနိုင်ငံတွေမှာ အဖြစ်များတဲ့ ကြက်ငှက်တုပ်ကွေးအပါအဝင် တုပ်ကွေးဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်သလို ပြင်းထန်တဲ့တုပ်ကွေးရောဂါ ဖြစ်ပွားမှုကို တားမြစ်ပေးနိုင်လိမ့်မယ်လို့ ဆိုလာပါတယ်။ ဒါတင်မကသေးဘူး။မန်ချက်စတာ တက္ကသိုလ်က လေ့လာမှုတခုအရ အရေပြားကင်ဆာဖြစ်ပွားမှုကိုပါ တားဆီးပေးနိုင်ဦးမတဲ့။ သို့သော် လေ့လာမှုအမျိုးမျိုးဆက်လုပ်တဲ့အခါ မတူညီတဲ့ ရလာဒ်တွေကို အောက်ပါအတိုင်းတွေ့ရပြန်တယ်။ဓာတ်ခွဲခန်းမှာ […]

“အိုမီဂါသရီး၏ ကောင်းကျိုးများ (၁) ဒေါက်တာအေးမင်းထူး”

Omega 3ဆိုတာဘာလဲ။  Omega 3ဆိုတာ ငါးမှာရှိတဲ့ triglyceride အဆီဓာတ်တမျိုး ဖြစ်ပါတယ်။လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့အဆီဓာတ်(essential fatty acid)တမျိုးလည်း ဖြစ်ပါတယ်။ essential ဆိုတဲ့သဘောက ခန္ဓာကိုယ်က မထုတ်လုပ်နိုင်တာကြောင့် ပြင်ပကနေ ဖြည့်စွက်ပေးဖို့ လိုအပ်တယ်ဆိုတဲ့ သဘောမျိုးပါ။ အဆီတွေထဲမှာ ခန္ဓာကိုယ်အတွက် ကောင်းကျိုးပြုတဲ့ အဆီမျိုးဆိုရင်လည်း မမှားဘူး။သက်ရှိ ဆဲလ်တွေရဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုတယ်။ omega 3ကို ငါးရဲ့အဆီ(fish oil)ထဲမှာ အဓိကတွေ့ရတယ်။ဒီနေရာမှာ တချက်ပြောချင်တာက ငါးကြီးဆီ(cod-liver oil)နဲ့ ငါးအဆီ(fish oil)မတူညီပါဘူး။ ငါးကြီးဆီ(cod-liver oil)ဆိုတာ ငါးရဲ့အသည်းကနေ ထုတ်ယူထားတာပါ။ ငါးကြီးဆီမှာ omega 3အပြင် ဗီတာမင် အေနဲ့ဗီတာမင်ဒီဓာတ်တွေလည်းပါဝင်သေးတယ်။ သို့သော် ငါးကြီးဆီ(cod-liver oil)ရဲ့ အိုမီဂါသရီးပါဝင်မှုက ငါးအဆီ(fish oil)ထက် ၂ဆလောက် ပိုမိုနည်းပါးတယ်။ […]

“မျက်စိပါဝါ ကျချင်သလား – ဒေါက်တာအေးမင်းထူး”

မျက်စိပါဝါချနည်းက လွန်ခဲ့တဲ့ သုံးနှစ်လောက်က ကိုယ်တိုင်သိပ်သိချင်တဲ့မေးခွန်းတခု ဖြစ်ခဲ့ဖူးတယ်။ အွန်လိုင်းမှာလည်း အမေးများတယ်။ မျက်စိသဘောက စနစ်တကျ မချတတ်ရင် (သို့မဟုတ်) လုပ်နည်းမမှန်ရင် ပါဝါပိုတက်လာတတ်တယ်။ အမှန်တော့ ကျတော်ကိုယ်တိုင်လည်း စာရေးပြီးနောက်ပိုင်း(အထူးသဖြင့် ဝတ္တုရေးပြီးနောက်ပိုင်း)မှာ မျက်စိပါဝါက သိသိသာသာ တက်လာခဲ့တယ်။ ဒါ့ကြောင့် ပါဝါတက်နေသူတွေကို ကျစေချင်တဲ့ စေတနာရှိပါတယ်။ တကယ်တော့မျက်စိပါဝါကျဖို့ဆိုတာ တော်တော်ခက်ခဲတယ်။ လူငယ်အများစုက အဝေးမှုန်သမားတွေ ဖြစ်ကြတယ်။ ဂိမ်း၊ တီဗွီ၊ ကွန်ပျူတာစတဲ့ လျှပ်စစ်ပစ္စည်းတွေရဲ့အကျိုးဆက်ဆိုလည်း မမှားပါ။ ဒီဖက်ခေတ် အွန်လိုင်းနဲ့ ဖေ့စ်ဘွတ်အလွန်အကျွံခေတ်စားလာတာလည်း မီးလောင်ရာ လေပင့်ဆိုသလို ပိုဆိုးလာစေတယ်။ အထူးသဖြင့် ဖုန်းနဲ့စာကြည့်တာ မျက်စိကို ပိုထိခိုက်စေတယ်။ အခု ဒီဆောင်းပါးမှာ မျက်စိပါဝါကျစေဖို့ သာမက ရှောင်ရန်အချက်တွေကိုပါ တခါတည်း ပြောပြသွားမှာ ဖြစ်ပါတယ်။ မျက်စိပါဝါချချင်ဖို့ မျက်စိကို ကောင်းကောင်းအနားပေးဖို့ […]

“ရေမွှေးဆွတ်ခြင်း – ဒေါက်တာအေးမင်းထူး”

ရနံ့တွေမှာ မမြင်ရတဲ့ စွမ်းအင်တွေရှိနေပါတယ်။ အဆင်း၊အသံ၊အနံ့၊အရသာ၊ အထိအတွေ့ အာရုံငါးပါးမှာ အနံ့ကလည်း တပါးအပါအဝင်ဖြစ်တယ်။ ရနံ့တွေက လူ့ စိတ်ကို လန်းဆန်းစေတယ် ကြည်လင်တက်ကြွစေတယ်။ နိုးကြားစေတယ်။မိမိကိုယ်ကို ယုံကြည်ချက်ရှိစေတယ်။ ဒါ့ကြောင့် ရနံ့ကောင်းတဲ့ ရေမွှေးကို သုံးစွဲလာကြတာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ပထမဆုံးရေမွှေးထုတ်လုပ်သူလို့ သတ်မှတ်ခံရသူကတော့ BC 1200 မှာ ပေါ်ပေါက်ခဲ့တဲ့ tapputi ဆိုတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ သူမက ပန်းပေါင်းဆီကို လိုသလို ရောစပ်ပြီး ရေမွှေးနံ့ကို စတင်ထုတ်လုပ်ခဲ့တယ်။ အိန္ဒိယမှာလည်း အဲသည်ခေတ်နဲ့ မရှေးမနှောင်းမှာ စတင်သုံးစွဲခြဲ့ကတယ်။ ကိုယ်သင်းနံ့အတွက်ထုတ်လုပ်တဲ့ ရေမွှေးဆီတွေကတော့ မက်ဆိုပိုတေးမီးယား ခေတ်ကတည်းက ရှိခဲ့ဖူးပါတယ်။   ရေမွှေးတွေကို အင်္ဂလိပ်လို perfume ခေါ်ပါတယ်။ perfume ဆိုတာ လက်တင်ဘာသာစကား perfumare(အငွေ့ပြန်ခြင်း) ကလာပါတယ်။ […]

ဗောက်ပျောက်အောင်

လူတိုင်း တချိန်မဟုတ် တချိန် ဗောက်ထဖူးကြပါတယ်။ ဗောက်ဆိုတာ ဦးရေပြား ယားယံတဲ့ အဖြူဖတ်ကလေးတွေကို ခေါ်တာပါ။ အင်္ဂလိပ်လို dandruff လို့ သုံးတယ်။ anti-dandruff shampoo ဆိုတာ ဗောက်ပျောက်ခေါင်းလျှော်ရည်ကို ခေါ်တာဖြစ်တယ်။ အနောက်နိုင်ငံတွေမှာ လူဦးရေရဲ့ ထက်ဝကိခန့်ဟာ ဗောက်ထနေကြတယ်။ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုဖြစိလေ့ရှိတယ်။ အထူးသဖြငိ့ အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေပါ။ ဟော်မုန်း၊ အစားအသောက်နဲ့ ရာသီဥတုအပြောင်းအလဲတွေကလည်း ဗောက်ထစေတဲ့အကြောင်းရင်းတွေထဲမှာပါတယ်။ ယေဘုယျအားဖြင့် ဟော်မုန်းအပြောင်းအလဲများတဲ့ လူပ်ျုပေါက်အရွယ်မှာစဖြစ်ပြီး လူလတ်ပိုင်းကျော်အရွယ်ထိ ဖြစ်နိုင်ပါတယ်။ အသက်ကြီးလာတဲ့အခါ ဖြစ်ပွားမှုက သိသိသာသာလျှော့ကျလာတယ်။ အဆီဂလင်းထုတ်လုပ်မှု နည်းသွားလို့ဖြစ်ပါတယ်။ အစားအသောက်ကလည်း နောက်ကွယ်က ပံ့ပိုးနေတဲ့ အကြောင်းတရပ်ပါ။ အပူအစပ်၊ အချို၊ အငန် ကြိုက်သူတွေဟာ သူများထက် ပိုဖြစိနိုင်ပါတယ်။ အရက်၊ဘီယာစတာတွေကလည်း ဗောကိထစေနိုင်တဲ့ အကြောင်းရာထဲပါတယ်။ […]