“သားအိမ်ခေါင်းကင်ဆာနဲ့ သားဆက်ခြားခြင်း ဘယ်လိုဆက်စပ်သလဲ – ဒေါက်တာ ဖြိုးသီဟ”

သားအိမ်ခေါင်းကင်ဆာဟာ လက်ရှိ မြန်မာနိုင်ငံမှာ ရင်သားကင်ဆာပြီးရင် ဒုတိယမြောက် အဖြစ်အများဆုံး ကင်ဆာရောဂါလို့ အချက်အလက်တွေအရ သိရပါတယ်။ ကမ္ဘာမှာလည်း အင်မတန် တွေ့နေရတဲ့ ရောဂါဖြစ်တယ်။ ကျွန်တော်တို့ဆီက အမျိုးသမီး တော်တော်များများလည်း သားအိမ်ခေါင်းကင်ဆာဆို ကြောက်ကြတယ်။ ဒါပေမယ့် ဘာသတိထားမိလဲဆိုတော့ မေးလိုက်ရင် သားအိမ်ခေါင်းကင်ဆာ ကြားဖူးလားဆို ကြားဖူးတယ်၊ ဘာကြောင့်ဖြစ်လဲ သိလားဆို မသိကြတော့ဘူး၊ ဘယ်လိုကာကွယ်ရင် ရလဲ သိလားဆို မသိကြတော့ဘူး။ အပေါ်ယံရှပ်ပြီး သိနေတဲ့ အသိတွေလောက်ပဲ ရှိကြတယ်။ ဒီကင်ဆာက အဖြစ်များတယ် ဆိုပေမယ့် အသိပညာသာ ရှိရင် လွယ်လွယ်ကူကူ ကာကွယ်လို့ရတဲ့ ရောဂါဖြစ်ပါတယ်။ များသောအားဖြင့် ကင်ဆာရောဂါဟာ ဘာကြောင့်ဖြစ်တယ်ဆိုတာ တိတိကျကျ မသိရသလို၊ ဘယ်လိုကာကွယ်ရမယ် ဆိုတာကိုလည်း ပြောရခက်ပါတယ်။ ဒီသားအိမ်ခေါင်းကင်ဆာမှာတော့ ထူးခြားချက်တစ်ခု ရှိတယ်။ အဲဒါ […]

အပျိုစင်ဘ၀ကို ဘယ်လိုတန်ဖိုးထားသလဲ (၁) – ဒေါက်တာ ဖြိုးသီဟ

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး မပြောခင် အပျိုစင်ဘ၀ဆိုတာ ဘာကိုခေါ်တာလဲ စဉ်းစားကြည့်ရအောင်။ တချို့ကပြောတယ်၊ အပျိုစင်ဘ၀ဆိုတာ မိန်းကလေးတစ်ယောက်ရဲ့ လိင်အင်္ဂါကို သူအရွယ်ရောက်ပြီးနောက်ပိုင်း ဘယ်သူစိမ်းယောကျာ်းကမှ မမြင်ဖူးတာကို ခေါ်သတဲ့။ ဒါဆို ဗီဒီယို၊ ဓါတ်ပုံချောင်းရိုက်ခံရတာမျိုး၊ ကျန်းမာရေးအတွက် အမျိုးသားဆရာဝန်က စစ်ဆေးပေးရတာမျိုးဆို အပျိုမစစ်တော့ဘူးလား။ တချို့ကကျတော့လည်း သူ့ရဲ့လိင်အင်္ဂါထဲကို ဘာမှထိုးသွင်းခြင်း မပြုလုပ်ဖူးသူက အပျိုစင် တဲ့။ ဒါဆို လက်နဲ့ တစ်ကိုယ်ရည်အာသာဖြေတာမျိုး လုပ်ဖူးရင် အပျိုမဟုတ်တော့ဘူးပေါ့။ ဒါလည်း အဆင်မပြေသေးပြန်ဘူး။ နောက်တစ်မျိုးကျတော့ လိင်ဆက်ဆံမှု မပြုဖူးသူကို ခေါ်တာပါတဲ့။ အဲဒီလို သတ်မှတ်ပြန်ရင်လည်း သူ့စိတ်ဆန္ဒမပါဘဲ အဓမ္မပြုကျင့်ခံလုက်ရသူကို အပျိုမဟုတ်တော့ဘူးဆိုပြီး သတ်မှတ်ရမယ့်ပုံစံ ဖြစ်နေပြီ။ ဆိုတော့ကာ အပျိုစင်ဘ၀ ဆိုတဲ့ စကားလုံးကိုက တော်တော်လေး အဓိပ္ပါယ်ဖွင့်ဆိုရခက်ပါတယ်။   တကယ်တော့ အဓမ္မပြုကျင့်ခံလိုက်ရသူတွေ ဘာကြောင့် […]

“သားဆက်ခြားတော့မယ်ဆို ဘာတွေ သိထားသင့်သလဲ”


“သားအိမ်တွင်းထည့်ပစ္စည်းနှင့် ကြိုးစပြဿနာ”

သားအိမ်ထဲထည့်တဲ့ပစ္စည်း ဆိုတာ နှစ်ရှည်ခံကိုယ်ဝန်တားနည်းတစ်ခု ဖြစ်ပါတယ်။ နှစ်ကာလအားဖြင့် ၅နှစ်ကနေ ၁၀နှစ်ခံအထိ ရှိတယ်။ ဈေးလည်းသက်သာတယ်။ နောက်ပြီး တစ်လတစ်ခါ ရာသီပေါ်တယ်။ လက်မောင်းထဲပစ္စည်းထည့်တာက အများအားဖြင့် သွေးမပေါ်တတ်ဘူး။ ဘာရောဂါမှမဖြစ်စေဘူးဆိုပေမယ့် ကျွန်မက သွေးပေါ်မှကြိုက်တာ ဆိုတဲ့ အမျိုးသမီးတွေအနေနဲ့ ဒီသားအိမ်ထဲထည့်တဲ့ပစ္စည်းက ပိုအဆင်ပြေမယ်။   ခေါင်းမူးတာ၊ ၀လာတာ၊ ဒီလိုမျိုး ဟော်မုန်းကြောင့် ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း မရှိပါဘူး။ ကလေးလိုချင်ပြီဆိုလည်း ပစ္စည်းပြန်ထုတ်လိုက်တာနဲ့ ချက်ချင်းကိုယ်ဝန်ပြန်ရနိုင်ပါတယ်။ ဒါကြောင့်မို့ ကိုယ်ဝန်ကို ကာလရှည်ကြာ တားထားချင်တယ်၊ ရာသီလည်း တစ်လတစ်ခါ မှန်မှန်ပေါ်ချင်တယ်၊ ငွေကုန်ကြေးကျလည်း သက်သာချင်ပါတယ်ဆိုတဲ့ အမျိုးသမီးတွေ သုံးတတ်ကြတဲ့၊ သုံးလည်း သုံးသင့်တဲ့ နည်းတစ်ခုပါ။   ဒီနည်းနဲ့ ပတ်သက်လို့ လွဲမှားတဲ့ အယူအဆပေါင်းမြောက်များစွာ ရှိပါတယ်။ ဒါကြောင့်မို့လည်း ကောင်းတဲ့အချက်အများကြီး […]

အဓမ္မပြုကျင့်ခံရသူတစ်ယောက်ကို ဘယ်လိုစောင့်ရှောက်မှုပေးမလဲ-၁

အဓမ္မပြုကျင့်မှုတွေအကြောင်း မပြောခင်မှာ Gender ဆိုတဲ့ စကားလုံးကို စရှင်းပြချင်ပါတယ်။ ဒီစကားလုံးကို တချို့ကလည်း ဂျန်ဒါလို့ပဲ မူရင်းအတိုင်း ခေါ်ဝေါ်ရေးသားကြတယ်။ တချို့ကတော့လည်း ကျားမရေးရာ လို့ မြန်မာမှုပြုကြတယ်။ လူမှုလိင်လို့လည်း ဘာသာပြန်ကြတယ်။ ကလေးလေးတစ်ယောက်မွေးလာပြီဆိုရင် ယောကျာ်းလေးလား မိန်းကလေးလားသိဖို့ လိင်အင်္ဂါကိုကြည့်မှ သိနိုင်ပါတယ်။ ဆိုလိုတာက ယောကျာ်း မိန်းမ ဆိုတဲ့လိင်ဟာ မွေးကတည်းက ပါလာပါတယ်။ အဲဒီနောက် လူပျို အပျိုဖြစ်လာပြီဆိုရင် ယောကျာ်းလေးက သုတ်ထွက်တယ်၊ မိန်းကလေးက ရာသီလာတယ်၊ ကိုယ်ဝန်ဆောင်ရတယ်။ ဒါတွေကို Sex လိင်လို့ သတ်မှတ်တယ်၊ မွေးကတည်းက ပါလာတယ်၊ ပြောင်းလဲလို့ မရဘူး။ ယောကျာ်းလေးဖြစ်ပြီး ကိုယ်ဝန်ဆောင်ချင်လို့ မရသလို၊ မိန်းကလေးဖြစ်ပြီးလည်း သုတ်လွှတ်ချင်လို့ မရဘူး။ (တချို့က ငြင်းတယ်၊ ပြောင်းလို့ရပါတယ် တဲ့၊ ခုခေတ်မှာ […]