ဒေါသအိုး ပေါက်ကွဲတဲ့အခါ ဘယ်လိုထိန်းမလဲ

ဘယ်လို ဒေါသမျိုးပဲဖြစ်ဖြစ် အချိန်ကာလ ကြာရှည်ပြီး နာတာရှည် ဖြစ်လာရင်တော့ နှလုံးမှ သွေး၊ အောက်ဆီဂျင်မရလို့ နှလုံးကြွက်သားတွေ သေဆုံးပျက်စီးတာနဲ့ ဦးနှောက်ကသွေးရရှိတာ နည်းစေလို့ ဦးနှောက်တစ်သျူးတွေ ရုတ်တရက် ပျက်ယွင်းတာတွေကိုလည်း ခံစားရနိုင်ပါတယ်။ကိုယ်ခံအားစနစ်ကိုလည်း အားနည်းစေပြီး စိတ်ကျဝေဒနာ ခံစားရနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းမှာ ရောင်ရမ်းတာတွေ ဖြစ်နိုင်တဲ့အပြင် လူ့သက်တမ်းကိုပါ တိုစေနိုင်ပါတယ်။ စိတ်တိုဒေါသ ထွက်ရတဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါ။ ဒီလို အခိုက်အတန့်ကိုလည်း လူတိုင်း ကြုံတွေ့ဖူးကြပါတယ်။ ရုပ်ပိုင်းဆိုင်ရာဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာ ဖြစ်ဖြစ ထိခိုက်အနာတရ ဖြစ်တဲ့အခါ၊ ကြိုးစားထားတာတွေ အချည်းနှီး ဖြစ်သွားတဲ့အခါ၊ သစ္စာဖောက်ခံရတဲ့အခါ၊ ကျရှုံးတဲ့အခါ၊ မျှော်မှန်းထားတာတွေ ဖြစ်မလာတဲ့အခါ၊ ပျက်စီးဆုံးရှူံးမှုတွေ ကြုံရတဲ့အခါ၊ မနာလိုဝန်တိုဖြစ်တဲ့အခါ၊ စော်ကားမော်ကား ပြောဆိုခံရတဲ့အခါ၊ ကဲ့ရဲ့ပျက်ရယ်ပြုခံရတဲ့အခါ စတာတွေကြောင့် စိတ်အနှောက်အယှက် ဖြစ်ကြရပါတယ်။ ဒါပေမဲ့ […]