မိုးရာသီ အပြေးလေ့ကျင့်ခန်း အတွက် Fashion Tips

မိုးရာသီရောက်လာလို့ အပြင်မှာ အားကစား လေ့ကျင့်လို့ မရတော့ဘူးဆိုတာ မရှိပါဘူး။ အပြေးပြိုင်ပွဲတွေ ဆိုတာဟာလည်း မိုးရွာလို့ဆိုပြီး ပွဲဖျက်ရိုးထုံးစံ မရှိပါဘူး။ ဒီအတွက် ပြိုင်ပွဲ အတွက်ပဲဖြစ်ဖြစ်၊ လေ့ကျင့်မှု အတွက်ပဲဖြစ်ဖြစ် မိုးရေထဲမှာ အကောင်းဆုံး အပြေးလေ့ကျင့်နိုင်ဖို့ အထောက်အကူပြုမယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Read more about မိုးရာသီ အပြေးလေ့ကျင့်ခန်း အတွက် Fashion Tips

အားကစားကို အရမ်းနှစ်သက်ပြီး စွဲစွဲလမ်းလမ်းကစားထားမှ နည်းပြလုပ်လို့ရမယ်ဆိုတဲ့ အားကစားနည်းပြ ဦးမောင်မောင်ကြည်နှင့် တွေ့ဆုံခြင်း

ကျန်းမာခြင်းသည် လာဘ်ကြီး တစ်ပါးလို့ ဆိုကြပါတယ်။ ကျန်းမာနေမှလည်း စိတ်သွားတိုင်း ကိုယ်ပါနိုင်မှာပါ။ ယနေ့ခေတ်မှာ ကျန်းမာရေး ကောင်းတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ဖို့ ဘက်ပေါင်းစုံက ကြိုးစားလာကြတာ တွေ့ရပါတယ်။ ဒီထဲမှာ အားကစားလုပ်တာက ကျန်းမာတဲ့ Lifestyle အတွက် မရှိမဖြစ် အရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ ဒီအတွက် အားကစားကို ဝါသနာပါတဲ့ စာဖတ်ပရိသတ်တွေ ဗဟုသုတ တိုးပွားစေဖို့ ရည်ရွယ်ပြီး အားကစားနည်းပြများ၏ ဘဝနှင့် အတွေ့အကြုံများကို တွေ့ဆုံမေးမြန်းပြီး ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ♣ Profile ♣ Name: Mr. Maung Maung Kyi Gym: Balance Fitness Age: 45 years Height: 5′ 4″ Weight: 60 kg ♣ အားကစားကို […]

Jeans ဖက်ရှင်

Jeans ဆိုတဲ့ စကားအသုံးအနှုန်း ကို ၁၇၉၅ ခုနစ်က စတင်သတ်မှတ်ခဲ့တာ ဖြစ်ပြီး ဂျင်းဖက်ရှင်ဟာဆိုရင် ၁၉၅၀ ခုနစ် ကတည်းက ဆယ်ကျော်သက်တွေကြားမှာ ခေတ်စားလာခဲ့တာ ဖြစ်ပါတယ်။ Western ဘက်မှာ သတ္တုတွင်းတူးဖော် သူတွေအတွက် denim overalls တွေ ခေတ်စားလာပြီး စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်သူတွေနဲ့ cowboys တွေ ကြားမှာလည်း ဂျင်းဝတ်စုံတွေ ခေတ်စားခဲ့ပါတယ်။ Read more about Jeans ဖက်ရှင်

စိတ်ပျို ကိုယ်နုစေဖို့ တရားထိုင်ပါ

တရားထိုင်တယ်ဆိုတာကို ဗုဒ္ဓဘာသာဝင်တွေမှ မဟုတ်ပါဘူး၊ နိုင်ငံတကာမှာပါ လက်ခံ ကျင့်သုံးနေပြီ ဖြစ်ပါတယ်။
လူတိုင်းအရွယ်သုံးပါးမှာ စိတ်ရော၊ လူရော ပင်ပန်းကြရပါတယ်။ ရက်ရှည်၊ လရှည်၊ နှစ်ရှည် နေ့စဉ် ရုန်းကန်လှုပ်ရှား ကြရပြီး စိတ်ဖိစီးမှုတွေ တစ်နေ့ နည်းနည်း၊ နည်းနည်းနဲ့ စုလာနိုင်ပါတယ်။ မနေ့က စိတ်ပင်ပန်းမှုကဒီနေ့ထိပါလာနိုင်သလို၊ နောက်တစ်ပတ်၊ နောက်တစ်လထိပါ ကျန်နေနိုင်ပါတယ်။ တရားထိုင်တယ်ဆိုတာက စိတ်ကို ဖြေလျှော့နည်းတစ်မျိုး ဖြစ်ပါတယ်။ ပင်ပန်းနေတဲ့ ခန္ဓာကိုယ်ကို အပြစ်မတင်ဘဲ ဂရုဏာနဲ့ကြည့်ပြီး တင်းနေတဲ့ အကြောတွေ၊ ကြွက်သားတွေကို ဖြေလျှော့ပေးဖို့ ဖြစ်ပါတယ်။  Read more about စိတ်ပျို ကိုယ်နုစေဖို့ တရားထိုင်ပါ

အားကစားဝတ်စုံ ရွေးချယ်မယ် ဆိုရင် . . .

အားကစားလုပ်တဲ့အခါ ဝတ်ဆင်တဲ့ အဝတ်အစားက သင်ရဲ့ Fitness Goal အပေါ် အများကြီး အကျိုးသက်ရောက်နိုင်ပါတယ်။ အားကစားဝတ်စုံပုံစံနဲ့တူတဲ့ ဖက်ရှင် Trend က သပ်သပ်ပါ။ ဒီဖက်ရှင်က ကြည့်လိုက်ရင် အားကစား လိုက်စားပြီး ကျန်းမာတဲ့အသွင်ကို ရစေပါတယ်။ ဒါပေမယ့် တစ်ကယ်တမ်း အားကစားလုပ်တဲ့အခါ သက်သောင့်သက်သာ မဖြစ်စေပါဘူး။ ဒီတစ်ပတ်မှာတော့ အားကစားဝတ်စုံ ရွေးချယ်တဲ့အခါ မမှားယွင်းအောင် အားကစားဝတ်စုံဆိုတာ ဘာလဲ၊ အားကစားဝတ်ကိုရွေးတဲ့အခါ ဘာတွေကို အဓိကထားမလဲ. . . ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။  Read more about အားကစားဝတ်စုံ ရွေးချယ်မယ် ဆိုရင် . . .

ဒီနွေအတွက် Calamine

ကယ်လမင်းပန်းရောင်ဆေးရည်ဆိုတာကို ငယ်ငယ်ကတည်းက အကျွမ်းတဝင်ရှိဖူးကြပါတယ်။ အရေပြားယားယံတာ အတွက် အလွယ်တကူလိမ်းနိုင်တဲ့ ဆေးရည်တစ်မျိုးဖြစ်ပါတယ်။ အကောင်ကိုက်တာ၊ ရေကျောက်ပေါက်တာ၊ ဝက်သက် ပေါက်တာ၊ နှင်းခူ၊ နေလောင်ဒဏ် စတာတွေကြောင့် အရေပြားယားယံတဲ့အခါ အသုံးပြုတာများပါတယ်။ နွေရာသီရဲ့ အပူရှိန်ကြောင့် မကြာခဏ ယားယံတတ်သူဆိုရင် ဆောင်ထားဖို့ လိုပါတယ်။ ဘယ်လိုအသုံးပြုရမလဲ – – လေဘယ်မှာကပ်ထားတဲ့အညွှန်းအတိုင်း ဒါမှမဟုတ် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အသုံးပြုတာက အကောင်းဆုံး ရလဒ်ကို ပေးမှာပါ။ – အသုံးပြုမယ့် အရေပြားတစ်ဝိုက်ကို ဆပ်ပြာနဲ့ရေ အသုံးပြုပြီး အရင်သန့်စင်ပါ၊ ခြောက်အောင်သုတ်ပါ။ ပြီးမှ အသာအယာ လိမ်းပါ။ – ဆေးလိမ်းပြီးရင် လက်ကို ဆပ်ပြာနဲ့ ရေပြန်ဆေးပါ။ – အဝတ်အထည်ပွပွချောင်ချောင် ဝတ်ထားလို့ရပါတယ်၊ ဆေးလိမ်းပြီး အပေါ်က အရမ်းကျပ်တဲ့ အဝတ်တွေမဝတ်ပါနဲ့။ ကယ်လမင်းက […]

လဲကျတိုင်း ပြန်ထဖို့ ကြိုးစားပါ

ငယ်စဉ်ကလေးဘဝတုန်းက ချော်လဲရင် ငိုခဲ့တာ မှတ်မိကြမှာပါ။ လူကြီးတွေက အငိုတိတ်အောင် ချော့ရမော့ရနဲ့လေ။ အလယ်တန်း၊ အထက်တန်းရောက်တော့ ချော်လဲတဲ့အခါ ငိုသေးလား။ Read more about လဲကျတိုင်း ပြန်ထဖို့ ကြိုးစားပါ

ပျိုမေတို့အတွက် လေဒီရှူး …

ဖိနပ်လှလှလေးတွေက သင်ရဲ့ အိမ်မက်တွေဆီ ခေါ်ဆောင်သွားနိုင်တယ်လို့ တင်စားကြတာ သင်ကြားဖူးမှာပါ။ ယောကျာ်းလေးတွေအတွက်ကတော့ ဖိနပ်နှစ်စုံ၊ သုံးစုံ အပြင် ပိုမရှိတတ်ကြပေမဲ့ မိန်းကလေးအတော်များများမှာတော့ ဖိနပ်ငါးရံ၊ ခြောက်ရံလောက် အနည်းဆုံး ရှိတတ်ကြပါတယ်။

Read more about ပျိုမေတို့အတွက် လေဒီရှူး …

နွေရာသီတွင် ကြုံတွေ့ရနိုင်သော အရေပြား ပြဿနာများ

နွေရာသီမှာ အသားအရေ နေလောင်တာ၊ အရေပြား ယားယံတာတွေ ဖြစ်တတ်တာကိုတော့ လူအတော်များများ သိပြီးဖြစ်မှာပါ။ ဘာတွေဖြစ်နိုင်လဲဆိုတာ သိထားပြီး ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို သိထားမယ်ဆိုရင် နွေရက်တွေမှာ ကြုံတွေ့ရနိုင်တဲ့ အရေပြားပြဿနာတွေကို အလွယ်တကူ ဖြေရှင်းနိုင်မှာပါ။ ဘာတွေဖြစ်နိုင်လဲဆိုတော့ – Read more about နွေရာသီတွင် ကြုံတွေ့ရနိုင်သော အရေပြား ပြဿနာများ

ဒီနွေမှာ ရေသွားကူးမယ်ဆိုရင် …

နွေရာသီလို ပူပြင်းတဲ့ရာသီဥတု ရောက်လာပြီဆိုရင် ဘယ်သူမဆို ရေထဲ ဆင်းကူးချင်စိတ်ပေါက်လာကြမှာပါ။ ရေမကူးတတ်တဲ့သူဆိုရင်တောင် ရေထဲမှာ သွားကစားချင်စိတ်ပေါ်မိမှာပါ။ ယောက်ျားလေးတွေအတွက်ကတော့ ရေထဲဆင်းမယ်ဆိုရင် ဘောင်းဘီတို၊ တီရှပ်နဲ့ တန်းဆင်းလို့ရနိုင်တာကြောင့် သိပ်ပြီး ဦးနှောက်ခြောက်စရာတော့ မလိုပါဘူး။ မိန်းကလေးအတော်များများကတော့ ရေသွားကူးဖို့ဆိုရင် ခေါင်းစ၊ ခြေဆုံး ပြင်ဆင်တတ်ကြပါတယ်။ ဒီအတွက် ရေသွားကူးမယ့် ပျိုမေတို့ ဦးနှောက်မခြောက်စေဖို့ ရေကူးဝတ်စုံ ရွေးချယ်နည်းနဲ့ Beauty Tips တွေကို ဖော်ပြပေးလိုက်ပါတယ်။  Read more about ဒီနွေမှာ ရေသွားကူးမယ်ဆိုရင် …